Unicode
သူ့ကို မလွတ်တမ်းဖက်တွယ်ထားသောသူမကို နောက်ဆုံးမှာတော့ လက်လျှော့လိုက့ရသည်။
" ကောင်းပြီ..မင်းဘာပြောချင်တာလဲပြော..ငါနားထောင်ပေးမယ်.."
" ဟင်..တကယ်လား.." သူမက ဖက်တွယ်ထားရင်းမှ မယုံကြည်နိုင်သေးပဲ ပြော၏။
" အင်း..ခုလောလောဆယ် မင်းငါ့ကို အရင်လွှတ်ပေး..ပြီးရင် မင်းပြောတာ နားထောင်ပေးမယ်.."
" ရှင့်ကို လွှတ်ပေးလိုက်ရင် ရှင်ထွက်ပြေးသွားမှာပေါ့..ဒီအတိုင်းပဲပြောမယ်"
ဒီ ခေါင်းမာလှတဲ့ကောင်မလေးကို သူဆက်မပြောနိုင်တော့၊ သူမပြောစကားကို နားထောင်ပြီးမှ သွားလည်း နောက်မကျပါဘူးဟု တွေးရင်း လက်ခံလိုက်သည်။
" ကျွန်မ ပြောလို့ရပြီလား"
" အင်း ရပြီပြော ငါနားထောင်နေတယ်"
" အင်း...တကယ်တော့ ရှင်က ကျွန်မတွေ့ဖူးသမျှထဲမှာ အစွမ်းထက်ဆုံးလူပဲ...ကျိန်းသေပေါက် ကျွန်မရဲ့ ဦးလေးကလည်း သိုင်းပညာတော်ပေမယ့် ရှင့်လောက်တော့ ကျင့်ကြံခြင်းမမြင့်ဘူး..အဲ့ဒါကြောင့်..ကျွန်မ..ကျွန်မ ရှင့်ကို ဆရာတင်မလို့"
" ဘယ်လို.. ဘာပြောတယ်..ငါ့ကို ဆရာတင်မလို့..."
သူ ဒီကလေးမရဲ့ အတွေးအခေါ်တွေကို လိုက်၍မမှီတော့ပါ
" ဒါဆို မင်းက ငါ့ရဲ့ကျင့်ကြံခြင်းစွမ်းအင်က မြင့်လို့ ဆရာတင်ချင်တာပေါ့ ဟုတ်လား..ငါလက်မခံဘူး.."
သူက ခပ်ပျက်ပျက်ပင် ငြင်းထုတ်လိုက်သည်။ကလေးမက အသံမြည်အောင်ပင် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက်...
" ကျွန်မသိသားပဲ..ရှင်က လွယ်လွယ်ကူကူ လက်ခံမှာမဟုတ်ဘူးဆိုတာ..ဒါပေမယ့် ရှင်စဥ်းစားနော်.ကျွန်မလို ဝိညဥ်စွမ်းအားကြီးတဲ့ တပည့်မျိုးကို ရဖို့ဆိုတာ မလွယ်ဘူး..ဒီကမ္ဘာပေါ်က ကျင့်ကြံသူတိုင်းက ဝိညဥ်စွမ်းအားကြီးတဲ့ တပည့်မျိုးလိုချင်နေတာ အသေအလဲပဲ ပြီးတော့ ရှင်ပြောခဲ့ဖူးတယ်လေ..ကျွန်မက စိတ်ဓာတ်မကောင်းဘူးလို့...တကယ်လို့ ကျွန်မသာ ရှင့်တပည့်မဖြစ်ပဲ တခြားမကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်ယောက်ကို ဆရာတင်မိရင် ဘယ်လိုဖြစ်သွားမယ်ထင်လဲ..ငယ်ငယ်လေးကတည်းက စိတ်ဓာတ်မကောင်းတော့ ကြီးလာရင် လူတွေကို အကြီးအကျယ် ဒုက္ခပေးတဲ့သူ ဖြစ်လာမှာကျိမ်းသေတယ်"
သူမက စကားစကို ခေတ္တရပ်လိုက်ပြီး သူ့မျက်နှာအမူအယာကို အကဲခတ်လိုက်သည်။
" ရှင့်ရဲ့တပည့်အဖြစ်သာ လက်ခံလိုက်မယ်ဆိုရင်...ရှင့်ရဲ့ ကောင်းမွန်တဲ့ညွှန်ပြမှုနဲ့သာဆိုရင်.ကျွန်မက လူကောင်းတစ်ယောက်ဖြစ်လာပြီး..ကမ္ဘာလောကကြီးကို ကောင်းကျိုးပြုတဲ့သူဖြစ်လာလိမ့်မယ်..အဲ့ဒါဆို ရှင်က လူတွေအတွက်ကောင်းမှုတစ်ခုလုပ်ပေးသလို ဖြစ်လာလိမ့်မယ်..ဘယ်လိုလဲ.အဲ့လိုက ပိုကောင်းတယ်မလား.."
သူမက သူမရဲ့အဆိုပြုချက်ကို အားရပါးရပြောပြပြီးနောက် သူ၏ မျက်နှာကို စိုက်ကြည့်ကာ တုံ့ပြန်မှုကို စောင့်လိုက်သည်။ သူက သူမကို မျက်မှောင်ကျုံ့စိုက်ကြည့်နေပြီးနောက် သူ၏ နှုတ်ခမ်းတစ်စုံက ကွေးညွတ်လာပြီး ပြုံးယောင်သန်းလာခဲ့သည်။
" အဟား..ဟား..မင်းက တကယ်ပဲ စကားပြော အရမ်းကောင်းတာပဲ..မင်းပြောတာက မင်း မကောင်းတဲ့လူမဖြစ်အောင် ငါ့ကို တာဝန်ယူခိုင်းနေတာပဲ..ကိစ္စမရှိပါဘူး..မင်း မကောင်းတဲ့လူ ဖြစ်သွားရင် အဲ့ဒီ့အချိန်ကြမှ ငါကိုယ်တိုင် လာနှိမ်နင်းပေးမယ်လေ..ဟုတ်ပြီလား.."
သူက ကလေးမရဲ့ဦးခေါင်းကို ပုတ်လိုက်ရင်း ပြန်ဖြေလိုက်တော့ သူမရဲ့မျက်နှာက ပြိုတော့မည့်မိုးကဲ့သို့ပင်။
ВЫ ЧИТАЕТЕ
ကံကြမ္မာနှင့်ယှဥ်၍
Исторические романыနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...
