လနတ်သမီးပူဇော်ပွဲနေ့က ကျရောက်လာပြီ။ ကျိုးအိမ်တော်တွင်တော့ ကျန်းစီကျူး နှင့် ကျိုးသခင်မတို့ တိုက်ပွဲအသေးစားလေးဖြစ်နေပေ၏။
ကျိုးသခင်မက ပွဲတော်အတွက် မိန်းကလေးဆန်သောဝတ်စုံကို ဝတ်ဆင်စေချင်ပြီး ကျန်းစီကျူး ကတော့ ပေါ့ပေါ့ပါးပါးယောကျာ်းလေးဝတ်စုံသာ ဝတ်ဆင်ချင်သောကြောင့်ဖြစ်သည်။ သူမက တစ်ချိန်လုံး ကျိုးသခင်မကို ရှောင်ပြေးနေပြီး ကျိုးသခင်မကတော့ မိန်းကလေးဝတ်စုံလေးကိုင်ကာ သူမကို လိုက်ရှာနေခဲ့သည်။
လနတ်သမီးပူဇော်ပွဲ နေ့တွင် လူတိုင်းက ဝတ်ကောင်းစားလှများကိုဝတ်ဆင်ကာ လမုန့်နှင့်တခြားသောမုန့်အချိုများကိုလည်းဝေငှကြသည်။ ညအခါတွင်တော့ စမ်းချောင်းအတွင်း မီးအိမ်ငယ်များမျှောကာ တစ်နှစ်တာလုံးကျန်မာခြင်း နှင့် ချမ်းသာခြင်းအတွက် ဆုတောင်းကြသည်။ မီးအိမ်မျှောပွဲက စည်ကားလှပြီး ရွာနီးချုပ်စပ်မှ လူအများအပြားလာရောက်သောကြောင့် စျေးရောင်းချသော စျေးသည်များနှင့်လည်းပြည့်နှက်နေသည်။ တစ်နှစ်ပတ်လုံးငြိမ်သက်အေးဆေးသော ကျိုးရွာလေးသည် ထိုတစ်ရက်သာ စည်ကားခြငအးဖြစ်သည်။ကျန်းစီကျူး က ကျိုးသခင်မကို အောင်မြင်စွာရှောင်ထွက်လာပြီးနောက် သူမက ပွဲတော်အတွင်းလမ်းသလားရန် ဆုံးဖြတ်လိုက်သည်။ ကျိုးထုံကို အတူတူခေါ်ဆောင်ရန်စဥ်းစားလိုက်သော်လည်း ကျိုးသခင်မနှင့်ပြန်လည်ရင်ဆိုင်ရမည် စိုးသောကြောင့် တစ်ယောက်တည်းသာ ထွက်လာခဲ့တော့သည်။ ရွာလယ်လမ်းမကြီးမှစတင်၍ စမ်းချောင်းရှိရာ လမ်းတစ်လျှောက်တွင် စျေးဆိုင် မုန့်ဆိုင်များနှင့် ပြည့်နေပြီး မြေခင်းဇာတ်ပွဲအသေးစားများကိုတွေ့နိုင်သည်။ ထူးဆန်းသော ကျင့်ကြံသူများ၏ ပြကွက်ပြပွဲများ ပြဇာတ်လေးများ ကလေးတွေအတွက် တုတ်ထိုးရုပ်ပြပွဲများက လူအပေါင်း၏စိတ်ကို ဆွဲဆောင်ထားနိုင်ပေသည်။
ကျန်းစီကျူးက မီးခိုးရောင်ဖျော့ဖျော့ယောကျာ်လေးဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်းခပ်မြင့်မြင့်စည်းနှောင်ထားသည်။ ငွေနှင့်ပြုလုပ်ထားပြီး မဟူရာကျောက်များပါဝင်သည့် ဆံထိုးတစ်ခုကို ထိုးထားပြီး နက်မှောင်ပြီး မထူမပါးမျက်ခုံးတန်းတန်း၊ သာမာန်မိန်းကလေးတွေထက် ခေါင်းတစ်လုံးခန့်ပိုရှည်သောအရပ်၊ တောင့်တင်းသည့် ခန္ဓာကိုယ်ပုံစံကြောင့် သူမက ခပ်ချောချောသခင်လေးတစ်ယောက်ပုံဖြစ်နေပေသည်။
သူမက ခပ်အေးအေးပင် လက်ကိုနောက်ပစ်ကာလျှောက်ကြည့်နေပြီး ရွာနီးချုပ်စပ်မှ လာကြသော မိန်းကလေးများ၏ အကြည့်တွေကိုဆွဲဆောင်နေလေသည်။
" အဲ့.သခင်လေးက ချောလိုက်တာ..သူက ကျိုးရွာကပဲလား.."
" ဟုတ်ပ..ချောလိုက်တာ..ငါ့အကြိုက်ပုံစံလေး.."
သူမကို ယောကျ်ားလေးဟုမှတ်ထင်ပြီး တီးတိုးတီးတိုးလုပ်နေသော မိန်းကလေးများကြောင့် ရယ်ချင်စိတ်ဖြစ်ပေါ်လာသော်လည်း အပြင်ပန်းကတော့ အိန္ဒြေကြီးတဲ့သခင်လေးပုံ ယူထားဆဲပင်။ သူမက စျေးဆိုင်များကို့ကြည့်ရှုနေဆဲမှာပင် သူမနာမည်ကိုခေါ်သံကြားလိုက်သည်။
ကျိုးထုံက သူမရှိရာသို့အပြေးတပိုင်းရောက်လာပြီးနောက် သူ့ကိုမခေါ်ဘဲထွက်လာသည့်အတွက် ပြောဆိုနေတော့၏။ သူမက သူ့ပြောစကားများကို လစ်လျူရှုလိုက်ပြီး ဆက်လျှောက်လာခဲ့သည်။ မိန်းကလေးငယ်များကတော့ အသစ်ထပ်မံရောက်လာသည့် သန်မာတောင့်တင်းသည့် သခင်လေးကိုပါဆက်လက် ငေးမောနေကြလေသည်။
YOU ARE READING
ကံကြမ္မာနှင့်ယှဥ်၍
Historical Fictionနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...