ရွှေနန်းတော်၏ လျို့ဝှက်ချက် ၂

146 13 0
                                        

'' အရှင်မင်းကြီး.. "

ဘုရင်ဟာ လက်ထဲမှ စုတ်တံကို အောက်သို့ချလိုက်သည်။

'' မိဖုရား...အတည်ပြုခဲ့ပြီလား.."

'' ဟုတ်ကဲ့.."

'' ဒါဆို..မိဖုရားရဲ့ ရှေ့ဆက်လုပ်မှာတွေက ဘာတွေဖြစ်မလဲ.."

မိဖုရားခေါင်ဟာ သူမ၏ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားလိုက်သည်။

'' နောက်တစ်ကြိမ်...ယွင်အာ ကို ဒုက္ခမဖြစ်စေရဘူး.."

" ဒီဘုရင်ရဲ့ အကူအညီလိုရင် ပြောပါ..ဒီဘုရင် ခွင့်ပြုပေးမယ်"

'' ခက်နေတာတစ်ခုရှိတယ်...အဲ့ဒါ ယွင်အာပဲ.."

" သွေးက ရေ ထက်ပျစ်ပါတယ်..နှလုံးသားကို မခွဲချေနိုင်ခဲ့ရင် ဘုရင်ဖြစ်နိုင်မှာ မဟုတ်ဘူး..''

မိဖုရားခေါင်ဟာ ဘုရင်၏ မျက်လုံးအတွင်းမှ တုံ့ဆိုင်းမှုအနည်းငယ်ကို မြင်လိုက်သည်။ ဒါပေမယ့် သူမ သိသည်။ ဘုရင်ဟာ လုံးဝလက်လျှော့မှာ မဟုတ်ဘူး...

........

'' ငါထင်ခဲ့တာ မှန်နေတာပဲ.."

ယန်ဖုန်းရွှင့် ဟာ သူ၏ မျက်ခုံးတွေကို နှိပ်နယ်ရင်းပြောလိုက်သည်။

'' ဒီလောက်နှစ်တွေအကြာကြီး သူ့ကို ဘာလို့ ထားထားတာလဲ..''

'' ဘာလို့လဲဆိုတော့ ဘုရင်က မတုံးအလို့လေ."

ပိုင်ရိထျန်း ကို ယန်ဖုန်းရွှင့် ကြည့်လိုက်သည်။

'' သူတို့တွေ ရိပ်မိနေလောက်ပြီလား.."

'' အင်း..ဖြစ်နိုင်တယ်.."

'' တစ်ဖက်ကရော."

'' မသိဘူး.."

'' ငါတို့ သတိပေးသင့်လား.."

'' သူတို့သိသွားရင် ဘာလုပ်မလဲဆိုတာ မင်းသိနေတာပဲ."

'' ငါတို့ကြိုသိပြီး သတိမပေးတာက မိတ်ဆွေကောင်း မပီသသလိုဖြစ်.

'' မင်းရဲ့ အမနဲ့ တူ "

ယန်ဖုန်းရွှင့် ပါးစပ်ပိတ်ထားလိုက်သည်။

ပိုင်ရိထျန်း ဆက်ပြောသည်။

'' ငါတို့က ကျဥ်းထဲကျပ်ထဲ ရောက်နေတာပဲ...လောက အရေးတွေက ဘေးထိုင်ကြည့်နေဖို့ တကယ်မလွယ်ဘူး."

ကံကြမ္မာနှင့်ယှဥ်၍Donde viven las historias. Descúbrelo ahora