ကျန်းစီကျူးက ဆရာဖြစ်သူ၏ အင်္ကျီစကိုဆွဲခေါ်လာပြီးနောက် လူရှင်းရာ လမ်းကြားလေးတစ်ခုအတွင်း ဝင်လိုက်သည်။ အနည်းငယ်မှောင်နေသော လမ်းကြားအတွင်း မီးရောင်တစ်နှစ်စအောက်၌ မျက်နှာချင်းဆိုင်ရပ်လိုက်ကြပြီးနောက် သူမက စကားစလိုက်သည်။
" ဆရာ..ဘယ်လိုလုပ် ဒီရောက်လာတာလဲ..ပွဲတော်ကိုလာတာလား..ဒါမှမဟုတ်.. ."
" မီးအိမ်လာပေးတာ..ပူဇော်ပွဲနေ့မှာ မီးအိမ်မျှောတယ်ဆိုလို့.."
သူက ခပ်မြန်မြန်အဖြေပြန်ပေးပြိီး တပည့်မ၏ အကြည့်တွေကိုရှောင်ခွာလိုက်သည်။ တပည့်မက စူးစူးစိုက်စိုက်ကြည့်နေပြီး သူက သူ့ကိုယ်သူမလုံသလိုပင် ခံစားလာရသည်။ တကယ်တော့ မီးအိမ်က အကြောင်းပြချက်တစ်ခုသာဖြစ်ပြီး သူသိချင်နေသည့် အကြောင်းတစ်ခုရှိလို့သာ ရောက်ရှိလာခြင်းဖြစ်သည်။
" ဒီ မီးအိမ်က ဆရာကိုယ်တိုင်လုပ်ပေးတာလား..ဆရာက လက်ရာတော်တာပဲ.."
သူမက လက်ထဲရှိမီးအိမ်ကို သေချာကြည့်ပြီး ပျော်ရွှင်နေသည်။ ရန်ရိရှင်းက အခုချိန်မှာ သူ့တပည့်မက အရင်နှင့်မတူ ထူးခြားနေသည်ဟု ခံစားနေရသည်။ သူမက ထိုနေ့ မိန်းကလေးဝတ်စုံဝတ်ဆင်ပြီးနောက်ပိုင်း ပိုလှပြီး ပိုပေါ်လွင်လာသည်ဟုခံစားရသည်။ အရင်အချိန်တွေတုန်းက သူမကို မိန်းကလေးဟုပင်မမြင်နိုင် စကားများသည့် သာလိကာတစ်ကောင်ဟုသာ သတ်မှတ်ထားခဲ့ရာက အခုတော့ သူမက ရုတ်တရက်ကြီး အလွန်လှလာသလိုပင်။ ဒါကြောင့်လည်း ဒီနေ့ ဒီနေရာကိုလာခဲ့ခြင်းပင်။ သူ့ရဲ့ ချောမောလှပပြီး တော်တဲ့တပည့်မလေးကို စိတ်မချခြင်းတွေကြောင့်ပင်။ ဒီလို လူများတဲ့နေ့တွေမှာ မထင်မှတ်ပဲ အဆင့်မြင့်ကျင့်ကြံသူတွေ အများကြီးလာနိုင်သည်။ သူ့တပည်မကိုမြင်လို့ သူတို့တွေ တပည့်မအပေါ် လိုချင်တပ်မက်စိတ်တွေမဖြစ်လာနိုင်ဘူးမပြောနိုင်၊ ထိုကောင်စုတ်လေးကလည်း တပည့်မအနားမှာ တပူးတွဲတွဲ၊ အချိန်တန်လို့ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့် ဆိုပေမယ့် ဒီလိုအဖိုးထိုက်တန်တယ့် သူ့ရဲ့တပည့်မကိုတော့ ဒီလိုကိစ္စတွေ အဖြစ်မခံနိုင်သေးပေ။ ဟုတ်တယ် သူမက ငယ်သေးတယ်.အခုမှ ၁၅ နှစ်ပဲရှိသေးတာ၊ ပညာစုံပြီး အသက်အရွယ်လည်း ထိုက်သင့်သလောက်ရမှ ပြင်ပလောကကို လေ့လာ၊ အချစ်ရေးလည်း အဲ့ဒိ့အချိန်မှ လုပ်ပေါ့၊ လှလွန်းတဲ့ မိန်းကလေးတွေဟာ အန္တရယ် ကိုဖိတ်ခေါ်နေသလိုပဲ...
ESTÁS LEYENDO
ကံကြမ္မာနှင့်ယှဥ်၍
Ficción históricaနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...