...

150 7 0
                                    


ကျိုးထုံ - "ကောင်းကင်ဓားဂိုဏ်းက ဆိုတော့လည်း ဘာကြောက်စရာရှိလဲ အားကျူးကို ထိရဲတယ့်လူ ဘယ်သူမဆို ငါ အရှင်ထားမှာမဟုတ်ဘူး "

ယန်ဖုန်းရွှင့် - ''သတိထားတာက ပိုကောင်းတယ် အခု ကျန်းစီကျူး ကလည်း သူတို့လက်ထဲမှာ ငါတို့ဘက်မှာ ပိုင်ရိထျန်းရှိပေမယ့် သူကြောင့် ပိုဆိုးသွားမှာကိုလည်း စိုးရိမ်နေရတယ် ဆရာရန်က ဝင်ပါပေးနိုင်မှာ မဟုတ်ဘူး. အချိန်ကျရင် မီးစင်ကြည့်ကရမှာ ကမူးရှုးထိုး မလုပ်မိစေကြနဲ့ "

ယန်ဇီယွမ် - '' ဒါပေမယ့် ကျွန်တော်တို့က သူတို့ပစ်မှတ်ဘယ်လိုဖြစ်နိုင်မှာလဲ ဆရာက မိဖုရားရဲ့ မောင် ပဲလေ."

ယန်ဖုန်းရွှင့် - " အာဏာနဲ့ ရန်ငြိုးကြားမှာ သွေးသားတော်စပ်မှုက ဘာမှမဟုတ်နိုင်ဘူး..အမတော်က ပြောင်းလဲသွားခဲ့တာကြာပြီ "

ယန်ဇီကျူး - " အဲ့ဒါဆိုရင်တော့ တကယ်လွန်တာပဲ ကျွန်မတို့က ဆွေမျိုးတော်စပ်ကြတဲ့အပြင် သူတို့အတွက် လုပ်ပေးခဲ့တာလည်း အများကြီးပဲ.."

ကျိုးထုံ - " ဆရာယန်တို့အပေါ် သူတို့က ဆိုးရွားတာလုပ်မှာမဟုတ်လောက်ဘူး..သူတို့ ဒီလိုပြင်လာတာ ကျွန်တော်ပဲ ဖြစ်လိမ့်မယ်."

ယန်ဇီယွမ် - " မင်းက ဘာမို့လို့လဲ"

ယန်ဇီယွမ် ဟာ တကယ်ကို အေးဆေးတည်ကြည်စွာ နေတက်သူလို့ပြောလို့ရသည်။ ဒါပေမယ့် သူ အခုတော့ ကျိုးထုံကို အမြင်မကြည်နိုင်တော့ပေ ( ကျိုးထုံ နှင့် ယန်ဇီယွမ် တို့ ကိစ္စကြောင့်)

သူက အထင်သေးစကားဆိုရင်း မျက်စောင်းပင်ထိုးလိုက်သေးသည်။

ကျိုးထုံ - " ငါက.."

ကျိုးထုံက ပြန်ရန်တွေ့ရန် လုပ်လိုက်ပေမယ့် လက်ရှိအနေအထားကို ပြန်စဥ်းစားမိပြီး တိတ်ဆိတ်လိုက်သည်။

' အခုချိန်မှာ ရန်မဖြစ်အားသေးဘူး..အားကျူးကို ကယ်ရဦးမယ်..အခြေအနေမကောင်းရင် နန်းတော်က လွတ်လမ်းလည်းရှာရမယ်..ဒါတွေအားလုံးပြီးချိန်ကြမှ ယန်ဇီကျူး နဲ့ ကိစ္စကို ဖြေရှင်းရမယ်.'

သူက ယန်ဇီကျူး ကို မသိမသာ လှမ်းကြည့်လိုက်ပေမယ့် သူမကလည်း သူ့ကိုပြန်ကြည့်နေခဲ့ပြီး နှစ်ဦးသား မျက်လုံးချင်း ဆုံ သွားခဲ့သည်။

ကံကြမ္မာနှင့်ယှဥ်၍Dove le storie prendono vita. Scoprilo ora