ယန်ဇီယွမ် - ဟုတ်တယ်..ပိုဆိုးတာက အဲ့လူရဲ့ အစီအရင်က အရမ်းကောင်းမွန်ပြီး ပီပြင်လွန်းတယ်..တကယ်လို့ချန်ယွင်သာ ငါ့ကို မမြင်ခဲ့ဘူးဆိုရင် သူတို့ အဲ့အစီအရင်ထဲရောက်နေတယ်ဆိုတာ သိမှာမဟုတ်ဘူး...
နောက်ကြောင်းပြန်ခြင်း...
ယန်ဇီယွမ် က အခြေအနေမှန်ကိုသဘောပေါက်ပြီးတဲ့နောက်မှာတော့ မည်ကဲ့သို့ဖြေရှင်းရမည်ကို သဘောပေါက်လိုက်သည်။ စိတ်ဝိညဥ်ထွေပြားရေး အစီအရင် သည် ပြုလုပ်သူက အစီအရင်၏ပြင်ပမှနေ၍ ကြိုးကိုင်လှုပ်ရှားနေခြင်းဖြစ်ပြီး ထိုလူကိုတွေ့အောင်ရှာ၍ အစီအရင်ပျက်အောင်ပြုလုပ်ခြင်း သို့မဟုတ် အစီအရင်ပြုလုပ်ခံရသူကိုယ်တိုငိ သိ၍ ဖောက်ထွက်ခြင်း နည်းလမ်းနှစ်မျိုးနှင့် ဖြေရှင်းနိုင်သည်။
ပထမနည်းလမ်းကိုတော့ သူရွေးချယ်လို့မဖြစ်ပေ..အဘယ်ကြောင့်ဆိုသော် သူရဲ့ကျင့်ကြံဆင့်က ထိုလူကိုမယှဥ်နိုင်သည်မှာ သေချာသည်။ ဒုတိယနည်းလမ်းကို ရွေးချယ်ပြီး ဟို ၃ ယောက်ကို ဖောက်ထွက်ခိုင်း ပြီးမှ ၄ ယောက်ပေါင်းပြီး ထိုလူကို တိုက်မှဖြစ်မည်။ သို့ပေမယ့် အစီအရင်ပြုလုပ်သူ မရိပ်မိအောင် အစီအရင်ပြုလုပ်ခံရသူကို သတိပေးဖို့ဆိုတာကလည်း လွယ်ကူသောအလုပ်တော့မဟုတ်ပေ။
ယန်ဇီယွမ် က လှိုဏ်ဂူတစ်ဖက်ခြမ်းတွင်ပုန်းအောင်းနေပြီးနောက် မိမိရောက်ရှိရာနေရာကို ခွဲခြမ်းစိတ်ဖျာလိုက်သည်။ သေချာပေါက်ကို အစီအရင် ရေးဆွဲသူက သူ့ရဲ့ကစားကွက်တစ်ခုလုံးကိုမြင်ရတဲ့နေရာကို ရွေးချယ်နေထိုင်မှာပဲ..ဒီလှိုဏ်ဂူက ခန်းမဆောင်ကြီးတစ်ခုနီးပါး ကျယ်ဝန်းပြီး ဂူပေါက် ၃ ခုနှင့်လည်း ဆက်စပ်နေလျက်ရှိသည်။ လှိုဏ်ဂူ၏ အမိုးပိုင်းက ကျောက်သားနှင့်မြေထုရောယှက်ထားပြီး ပြောင်ချောနေသည်။ ထို့ကြောင့် အစီအရင်ဆွဲသူက အမြင့်မှာတော့မရှိနိုင်.ဖြစ်နိုင်တာက သူရှိနေရာ ဂူပေါက် မျက်နှာချင်းဆိုင်က တခြားဂူပေါက်နှစ်ခုတည်းက တစ်ခုမှာပင်..
ယန်ဇီယွမ် က ခန္ဓာကိုယ် ကို သိုဝှက်စွာနေလိုက်ပြီး တစ်ဖက်ခြမ်းက ဂူပေါက်နှစ်ခုကို အကဲခက်နေသည်။ ထိုနေရာတွေတွင် လှုပ်ရှားမှုစိုးစဥ်မျှ မတွေ့ရသလို အမှောင်ရိပ်ကလည်း ပြည့်နေပြန်သည်။ လက်ရှိအချိန်ထိ ချန်ယွင် တို့ ၃ ယောက်မှာ အစီအရင်၏ ပိပိရိရိလိမ်ညာမှုကို ခံနေရဆဲဖြစ်ကာ သူတို့က အမည်းရောင်ဝတ်လူ (အစီအရင်ပြုလုပ်သူ၏ ကိုယ်ပွား) နှင့် ယန်ဇီယွမ် ပုံရိပ်ယောင်တို့ တိုက်ခိုက်နေသည်ကို ကြည့်ရှုနေကြဆဲဖြစ်သည်။ သူ နားမလည်သည်က အစီအရင်ရေးဆွဲသူက ဘာအကြောင်းကြောင့် ဒီလို ပုံရိပ်ယောင်မျိုး ဖန်တီးထားရတာလဲ..သူက ချန်ယွင် တို့ ၃ ယောက်ကို ဖမ်းမိပြီးသားပဲလေ..ဘာကိစ္စကြောင့် သူ့ပုံရိပ်ယောင်ကို ဖန်တီးပြီး ပြဇာတ်တစ်ခုဖန်တီးထားတာလဲ..မဟုတ်မှလွဲရော..အစီအရင်ရေးဆွဲသူက သူတို့ထပ်ရောက်လာမယ်ဆိုတာ ကြိုခန့်မှန်းထား...အား..သေပြီ..ယန်ဇီယွမ် က တစ်ဖက်က လှိုဏ်ဂူပေါက်က လှုပ်ရှားမှုတစ်ခုကို မြင်လိုက်ရပြီးနောက်မှာတော့ သူ ထောင်ချောက်ထဲ သက်ဆင်းမိပြီဖြစ်ကြောင်းသိလိုက်ရသည်။ တစ်ဖက် လှိုဏ်ဂူမှ အမှောင်ရိပ်အောက်မှ အေးစက်စက်အငွေအသက်တစ်ချို့ကို ခံစားလိုက်ရပြီးနောက် သူက လျင်မြန်စွာပင် ပုန်းအောင်းမိတော့သည်။ ထို လူက တစ်ဖက်လှိုဏ်ဂူအတွင်းမှ ထွက်ပေါ်လာပြီး သူ့ဆီသို့ လှမ်းလာနေပြီဖြစ်သည်။
ESTÁS LEYENDO
ကံကြမ္မာနှင့်ယှဥ်၍
Ficción históricaနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...
