နန်းတွင်းအရှုပ်တော်ပုံ ၂

302 28 0
                                        

ဒီနှစ်တွေအတွင်းမှာ ချန်ယွင် က မင်းသားတစ်ယောက်ရဲ့အဆောင်အယောင်ကို စွန့်လွှတ်ခဲ့ပေမယ့် အိမ်ရှေ့စံ နှင့် ခမည်းတော်ဘုရင် ထံမှ စောင့်ကြည့်ခြင်းကို ခံနေရဆဲသာ။ နန်းပလ္လင် ဆိုသည့်အရာကို ဆုံးရှုံးရမှာ ကြောက်ကြသော သူ့ခမည်းတော်နှင့် သူ့အကိုတော်ကို စိတ်ပျက်ဝမ်းနည်းမိသည်။ ထိုနန်းပလ္လင်က အကြင်သူနှစ်ဦးကို အမြင်များဝေဝါးစေခဲ့ပြီး သားအရင်း ညီတော်စပ်တူကိုပါ မယုံကြည်သင်္ကာမကင်းဖြစ်စေခဲ့သည်။ သူ တကယ် ထို နန်းပလ္လင် ကို လိုချင်တပ်မက်မှုမရှိကြောင်း မည်သို့ဆိုစေကာမူ ယုံကြည်မှုလည်း ရှိကြမည်မဟုတ်ပေ။

သူကတော့ သူ့ရဲ့ကံကိုသာ အပြစ်ပုံချမိသည်။ သူ၏အနာဂတ်ကြင်ယာတော် တစ်ဖြစ်လည်း ထိုမိန်းကလေး၏ ဖခင်သာ ထိုရူးမိုက်မှုများကို မပြုလုပ်ခဲ့လျှင် အခုချိန်သူ မယ်တော်အနားမှာ မယ်တော့်ကို စောင့်ရှောက်ပေးနိုင်ပေဦးမည်။ အခုမှာတော့ မယ်တော်တစ်ယောက်တည်း နန်းတွင်းထဲတွင် အပယ်ခံတစ်ယောက်ဖြစ်နေခဲ့ရသည်။

အမတ်မင် ထွက်သွားပြီးနောက် သူ၏အိပ်ဆောင်ကို ပြန်လာခဲ့သော်လည်း စိတ်က အိပ်စက်ခြင်းကိုမယူဆောင်လာနိုင်တော့..။ သူက ကုတင်ပေါ်တွင် လူးလှိမ့်နေရင်း သူ၏ ငယ်ဘဝအကြောင်းအရာများက ပြန်လည်ပေါ်ပေါက်လာသည်။

ချစ်ဖို့ကောင်းသည့် မျက်နှာသေးသေး၊ နားဝင်ချိုစရာ အသံစာစာလေးတို့ဖြင့် သူ့အနောက်တစ်ကောက်ကောက်လိုက်နေခဲ့သည့် ထိုမိန်းကလေး၊ ကြီးလာရင် သူနှင့်စုံဖတ်ရမည်ဟု သိရှိခဲ့ရချိန်တွင် သူ့နှလုံသား ရင်ဘက်အစုံကို တုန်လှုပ်စေခဲ့သည့် ထိုမိန်းကလေး၊ သူမ၏ မျက်နှာတစ်ချက်အညိုးမခံပဲ အရာရာဖြည့်စည်းပေးမည်ဟု ကိုယ့်ကိုကိုယ် အကြိမ်ကြိမ်အထပ်ထပ် ကတိတွေပေးခဲ့ဖူးပေမယ့် တကယ်တမ်းကြ သူ့ကိုယ်သူတောင် မကာကွယ်လိုက်နိုင်ခဲ့ဘူး၊ အခုတော့ သူမ ဒီကမ္ဘာရဲ့ ဘယ်နေရာမှာများရှိနေလိမ့်မလဲ. ဒီလောကမှာရော ရှိနေပါသေးရဲ့လား.
ထိုညတစ်ညလုံးဟာဖြင့် ချန်ယွင်၏ မေ့ဖျောက်ထားခဲ့သော အတိတ်များကို ပြန်သတိရနေခဲ့ရသည်။

ချန်နိုင်ငံ၏ နန်းတော်...

" အရှင်မင်းကြီးနဲ့ အိမ်ရှေ့စံအတွက် လဖက်ရည် ပါ..အရှင်မင်းကြီး ကြိုက်နှစ်သက်တဲ့ ဂန္ဓမာကြာဖြူ လဖက်ရည်ကိုပဲ ပြင်ဆင်လာခဲ့ပါတယ်..အိမ်ရှေ့စံလည်း ကြိုက်နှစ်သက်မယ် ထင်ပါတယ်.."

ကံကြမ္မာနှင့်ယှဥ်၍Onde histórias criam vida. Descubra agora