ရှေ့ဆက်လျှောက်မည့်လမ်းမသစ်..

274 33 0
                                    

တစ်ပတ်တာသောအချိန်ဟာ အလျင်အမြန်ပင်ကုန်ဆုံးသွားလေသည်။

ရန်ရိရှင်း ဟာ လက်ဖက်ရည်စားပွဲပေါ်မှာ စိတ်ပျက်လက်ပျက်ဖြင့် ထိုင်နေမိသည်။ သူဟာ တစ်ဦးတည်းသော တပည့်မ ထွက်ပြေးသွားမှုကို ယူကြုံးမရဖြစ်နေခဲ့သည်။ သူ့ရဲ့ တစ်ဦးတည်းသော လူသားတပည့်မ..နှစ်ပေါင်း ၅ ရာကြာခဲ့ပြီးတဲ့နောက်မှာ ပြန်လက်ခံခဲ့သော တပည့်မက...အခုတော့ ဒီဆရာရဲ့ အဝေးကို ထွက်ပြေးသွားခဲ့လေပြီ။

ထိုနေ့က သူမ ထွက်သွားသည့်နေမှာပင် သူအမြန်ဆုံးလိုက်ရှာခဲ့ပေမယ့် တပည့်မက သူမအိမ်သို့ပြန်မသွားခဲ့ခြင်းကြောင့် အစအနပျောက်ခဲ့ရသည်။ သူမက စိတ်လိုလက်ရပြင်ပကမ္ဘာကို သွားဖို့အတွက် အရည်အချင်းရှိနေပေမယ့် ပြိုင်ဘက်ကင်းတစ်ယောက်တော့ မဟုတ်သေးဘူးလေ...ပြီးတော့ သူမရဲ့အတိတ်နောက်ကြောင်းတွေကလည်း.ရှိသေးသည်။ သူဟာ တပည့်မကိုလိုက်လံရှာဖွေရမလား..ဒီမှာပဲနေမြဲအတိုင်းနေမလား စဥ်းစားရခက်နေသည်။ တကယ်လို့ လိုက်ရှာသည်ပဲထားဦး..တွေ့သည့်အချိန်ကြရင် မည်သို့ပြောရမည်နည်း..တပည့်မရဲ့အချစ်တွေကို နားလည်သဘောပေါက်လို့ ပြန်လာခဲ့ပါ..ငါလည်း မင်းကိုသဘောကျပါတယ်လို့ ပြောရမှာလား..ဒါမှမဟုတ် ပညာမစုံသေးလို့ပြန်လာသင်ဦး..ငါကတော့ နင့်ကို သဘောကျနိုင်မှာမဟုတ်လို့.ပညာစုံအောင်သင်ပြီးမှ ထွက်သွားလို့ပြောရမှာလား...

" ဟူး..."
သက်ပြင်းရှည်တစ်ချက်ကို ချလိုက်ပြီးတဲ့နောက်မှာ ရန်ရိရှင်းဟာ သူ့ရဲ့ ပစ္စည်းသိမ်းလက်စွပ်ထဲကို ပစ္စည်းတွေ သိမ်းဆည်းထည့်လိုက်ပြီး..သူ၏ ဂူကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ပြီးနောက် ဂူအပြင်ဘက်မှ ကြီးမားသော ကျောက်တုံးတစ်တုံးဖြင်​့ ပိတ်လိုက်ကာ ထွက်ခွာသွားတော့၏။

" ဟုတ်တယ်..ပြောရမယ့်စကားက မျက်နှာချင်းဆိုင်တွေ့မှ စဥ်းစားပြီးပြောလို့ရတယ်..လောလောဆယ် အန္တရာယ်မရှိအောင် လိုက်ကြည့်ပေးဖို့က အရင်.."



ကျန်းစီကျူး အိမ်ကထွက်လာသည်မှာ တစ်ပတ်ကြာသွားခဲ့ပြီဖြစ်သည်။ တိတိကျကျပြောရရင်တော့ အိမ်ကထွက်လာတာမဟုတ်ပဲ ဆရာ့ဆီက ထွက်ပြေးလာသည်ဟု ပြောရပေမည်။ မည်သည့်နေရာသို့ သွားရမည်ကို တိတိကျကျမသိသောကြောင့် သူမက ဒီအတိုင်းလျှောက်သွားနေခဲ့သည်မှာ မြို့ သုံးလေးမြို့ကို ဖြတ်ကျော်လာခဲ့ပြီ ဖြစ်သည်။
သူမဖြတ်ကျော်လာခဲ့သော ထိုမြို့လေးတွေက မြို့ငယ်လေးတွေဖြစ်ကာ ခရီးသွားလမ်းတစ်လျှောက်ရှိနေသောကြောင့် အတန်အသင့် စည်ကားသည်ဟုဆိုနိုင်သည်။ မြို့လေးတွေက တစ်မြို့နှင့်တစ်မြို့ မဝေးလှသောအကွာအဝေးရှိသောကြောင့် လမ်းခရီးတစ်လျှောက်လည်း သွားလာသူများ၍ စည်ကားနေသည်။

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now