ကျန်းစီကျူးဟာ ထိုစားပွဲထိုးကောင်လေးနှင့် ၎င်းတို့၏စခန်းရှိရာသို့လိုက်သွားခဲ့သည်။ ထို စားပွဲထိုးကောင်လေး ရှောင်ဖန်းက သွားရာလမ်းတစ်လျှောက်မှာ သူတို့၏ အကြောင်းကို သူမကိုပြောပြခဲ့သည်။
၎င်းတို့အဖွဲ့မှာ ဆယ်ဂဏန်းမျှသာရှိသော လူဦးရေနှင့်ဖွဲ့စည်းထားပြီး အသက်အရွယ်များမှာလည်း ငယ်ရွယ်သော လူငယ်လေးများသာဖြစ်ကြသည်။
သူတို့က တစ်ချိန်က လင်းမျိုးနွယ်စုကို လိုက်လံဖမ်းဆီးချိန်တွင် ဖမ်းဆီးပြီး ကျွန်အဖြစ်ရောင်းချခြင်းခံခဲ့ကြရာမှ ထွက်ပြေးလွတ်မြောက်လာသူတွေစုမိပြီး ဒီအဖွဲ့အစည်းလေးဖြစ်လာကြောင်း..အဖွဲ့က အရမ်းလူမများပေမယ့် သူတို့ဆန္ဒက သူတို့လိုပဲ ရောင်းစားခြင်းခံရတဲ့ လင်းမျိုးနွယ်စုတွေကို လိုက်လံကယ်တင်လိုကြခြင်းဖြစ်သည်။ ကယ်နိုင်သလောက်ကယ်ပြီးချိန်မှာတော့ သူ့တို့က တောင်ပိုင်းကျွန်းဆွယ်တွေအပေါ်ရှိ လင်းမျိုးနွယ်စုဆီကို ပြန်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ကျန်းစီကျူးက သူမကိို အကုန်အစင်ဖွင့်ပြောနေသော ထိုကောင်လေးကြောင့် ပြုံးမိသွား၏။ တစ်ချိန်တည်းမှာပင် မေးခွန်းအချို့ကိုလည်း မေးလိုက်၏။
" အယ်..ရှောင်ဖန်း..မင်းက ငါ့ကို အကြောင်းစုံပြောပြနေတာ..ငါသာ သူလျှိုဆို ဘယ်လိုလုပ်မလဲ..ဟင်..ငါက မင်းတို့ကို အယုံသွင်းပြီး ဖမ်းမယ့်လူဆို မခက်ဘူးလား.."
"အာ..မဖြစ်နိုင်.ပါ.ဘူး..သူရဲကောင်းက ဘယ်လိုလုပ် သူလျှိုဖြစ်နိုင်မှာလဲ..ကျွန်တော်တို့ကို ကယ်ခဲ့တဲ့လူပဲကို..ပြီးတော့ ကြည့်လိုက်တာနဲ့..ကြည့်လိုက်တာနဲ့.."
"ကြည့်လိုက်တာနဲ့ ဘာဖြစ်လဲ.."
သူရဲ့စကားကိုထောက်ပြီး ကျန်းစီကျူးက ပြန်မေးလိုက်တော့ ရှောင်ဖန်းက အထိတ်ထိတ်အပျာပျာနှင့် ပြန်လည်ဖြေကြား၏.
" ကြည့်လိုက်တာနဲ့ တည်ကြည်ခန့်ညားပြီး အမှန်တရားဘက်တော်သားမှန်း.. သိ..သိသာတယ်."
ရှောင်ဖန်း ၏ အဖြေက သူမကို ပျော်ရွှင်သွားစေ၏။
" ဟား..ဟား..ဟား.. အမှန်တရားဘက်တော်သား..အယ်..ရှောင်ဖန်းရေ..ရှောင်ဖန်း မင်းက တကယ်အပြောကောင်းတဲ့ ကောင်လေးပဲ..ဒါပေမယ့် နောက်တစ်ခါ အဲ့လူက ဘယ်လိုတည်ကြည်ခန့်ညားပြီး အမှန်တရားဘက်တော်သား ပုံပေါက်နေနေ မင်းရဲ့အကြောင်းစုံကို မပြောပြနဲ့..လူ့စိတ်ဆိုတာ ခန့်မှန်းလို့မရနိုင်ဘူးလို့ ငါ့ဆရာပြောထားတယ်.အဲ့ဒါကြောင့် ကိုယ့်အကြောင်းကို လူမသိစေတာက ပိုကောင်းတယ်..အန္တရာယ်လည်း ကင်းလိမ့်မယ်တဲ့..အဲ့ဒါကြောင့်..နောက်တစ်ခါ မပြောပြရဘူးနော်..မှတ်ထား.."
YOU ARE READING
ကံကြမ္မာနှင့်ယှဥ်၍
Historical Fictionနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...