မြေအောက်မှ မကောင်းဆိုးဝါး ၂

191 24 1
                                    

ဟုန်ကုမင် - တွေ့လား နတ်အမြူတေ ပထမအဆင့်သမားလည်း သေတာပဲ..ငါတို့နဲ့ အဆင့်တူပဲကို ငါတို့ဘာလုပ်ပေးနိုင်မှာလဲ..ထားလိုက်စမ်းပါ..

ထောက်ခံမှုအပြည့်ဖြစ်နေသည့် ဟုန်ကုမင်၏ ဝေဖန်သံကြောင့် ထိုမိန်းကလေး၏ ငိုကြွေးမှုပိုမိုသဲလာခဲ့သည်။ သူမက ကျန်းစီကျူး ကို ဆွဲကိုင်ထားရင်း သူမ ဂိုဏ်းတူမောင်နှမတွေကို ကယ်တင်ပေးပါရန် တောင်းပန်တိုးလျိုးနေခဲ့သည်။

" ဘာမှစိတ်မပူပါနဲ့..ငါသွားကြည့်ပေးမှာပါ..နင့်ရဲ့ ဂိုဏ်းတူမောင်နှမတွေကို ငါ တက်နိုင်သလောက် ကယ်တင်ပေးမှာ..မငိုနဲ့တော့..ဟုတ်ပြီလား..ဒီက ယန်မောင်နှမ ကလည်း အရမ်းတော်တဲ့လူတွေ သူတို့လည်း လိုက်ကြည့်ပေးမှာ..နင်ညစိတ်မပူနဲ့တော့ ဟုတ်ပြီလား.."

ကျန်းစီကျူး  ချိုသာနူးညံ့သည့်အသံက မိန်းကလေး၏ စိတ်နှလုံးကို အပူငြိမ်းစေသော်လည်း ယန်မောင်နှမ ကတော့ မျက်လုံးတွေပြူးကျယ်သွားရသည်။

ယန်ဇီကျူး - နင်ဘာတွေလျှောက်ပြောနေတာလဲ..ဘာလို့ ငါတို့က နင်နဲ့ လိုက်ရမှာလဲ..

ကျန်းစီကျူး က ယန်ဇီကျူး ဘက်လှည့်၍ မျက်လုံးများမှေးစင်းသွားသည်အထိ ပြုံးလိုက်ရင်း ပြောလိုက်သည်။

" ဘာလို့လဲဆိုတော့ နင်တို့မောင်နှမက ဒီမှာရှိတဲ့လူအားလုံးထဲမှာ သတ္တိရှိပြီး အနှောင်အဖွဲ့ကင်းတဲ့ လူတွေ မလို့လေ.."

သူမ၏ စကားက အနားမှာရပ်ကြည့်နေသည့် တခြားလူများအတွက် အနာပေါ်ဒုတ်ကျ သကဲ့သို့ ဖြစ်စေသည်။

ကျိုးထုံ - အားကျူး နင် အဲ့လိုမပြောပါနဲ့ ငါက ဒီမိန်းကလေးကို ကူညီဖို့ ဆန္ဒ ရှိပါတယ်..

ကျန်းစီကျူး - ငါသိပါတယ်..ဒါပေမဲ့ နင့်မှာ ဝတ္တရားတွေရှိနေသေးလို့ ဆုံးဖြတ်ချမချနိုင်ဖြစ်နေတာလေ..

သူမက ကျိုးထုံကို ပြန်ဖြေလိုက်ရင်း တစ်ချိန်တည်းမှာပင် ချန်ယွင် ထံသို့ မျက်လုံးဝှေ့ကြည့်လိုက်သည်။ သူမ၏ အကြည့်တွေက အဓိပ္ပာယ် ပါလှကြောင်း ချန်ယွင် ခံစားသိရှိနေရသည်။ သူ ချစ်ရတဲ့မိန်းကလေးဟာ အခု သူ့ကို သူရဲဘောကြောင်သူ ဆုံးဖြတ်ချက်မချနိုင်သူ အတ္တကြီးလွန်းသူလို့ ထင်မြင်နေပြီဖြစ်ကြောင်းလည်း ခံစားလိုက်ရသည်။ တကယ်တော့ သူလည်း လိုက်ပါကူညီဖို့အတွက် စဥ်းစားထားပေမယ့် နောက်ဆံတင်းစရာတွေကြောင့် တွန့်ဆုတ်နေခဲ့ရသည်။ အများအမြင်မှာ သူဟာ သူရဲဘောကြောင်သူတစ်ယောက်အလား အမြင်ခံနေရပေမယ့် သူ့ရဲ့ပြသနာတွေကို သူကိုယ်တိုင်သာသိသည်။ သူ့မှာ လူသိရှင်ကြားထုတ်ဖော်ပြောလို့မရလောက်အောင် ကြီးမားလေးလံတဲ့ဝန်ထုတ်ကြီးဟာ သူ့စိတ်ထဲမှာ အချိန်ပြည့်ကိန်းအောင်းနေဆဲ. သူ့အသက် ၁၂ နှစ် သူ့ဘဝတစ်ခုလုံး ပြောင်းပြန်လှန်ခံရသလို ပြောင်းလဲမှုတွေအပြီးမှာ သူဟာ အမြဲတမ်း ထိခိုက်နစ်နာမှု အနည်းဆုံးတွေကိုသာ ရွေးချယ်ဆုံးဖြတ်ခဲ့ပြီး အဲ့ဒါဟာ သတ္တိနည်းလွန်းတဲ့ ဆုံးဖြတ်ချက်တွေလည်း ဖြစ်ခဲ့တယ်.. သူ့ရဲ့နောက်မှာ သူ့နာမည်အောက်မှာ နေထိုင်နေတဲ့ လူပေါင်းရာချီအတွက် သူဟာ အမြဲတမ်းအထိခိုက်အနည်းဆုံး ဆုံးဖြတ်ချက်မျိုးကိုသာ ချလိုပါသည်။

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now