နောက်တစ်ကြိမ်တွေ့ဆုံရန် ကြိုးပမ်းခြင်း

399 40 0
                                        

Unicode

ထိုနေ့ကိစ္စတွေပြီးနောက်မှာတော့ ကျိုးထုံ တစ်ယောက် ဟုန်ကုမင် နှင့် ဟုန်လင်း၏ အခိုင်းအစေဘဝမှလွတ်မြောက်သွား၏။ ဒါ့အပြင် ဆရာဖြစ်သူရဲ့ ဂရုစိုက်မှုကိုလည်း ပို၍ရရှိလာသည်။ ဟုန်ကုမင်နှင့်ဟုန်လင်းက စိတ်ထဲမှမကျေနပ်သော်လည်း ဟုန်ရွီ ကြောင့် ကျိုးထုံအပေါ်ဟန်ဆောင်ကြင်နာပြရပေသည်။ ကျိုးထုံတစ်ယောက်ကတော့ ထိုနေ့က မိမိ၏သရုပ်ဆောင်မှုကို အလွန်ပင်ကျေနပ်ပီတိဖြစ်လျက်ရှိနေတော့သည်။ သူက တစ်ဖတ်မှ ပညာကို ကြိုးစားသင်ယူပြီး အခြားတစ်ဖတ်မှလည်း ကျန်းစီကျူးအား လိုက်သတ်နေသည့်အကြောင်းရင်းကို တိတ်တဆိတ်စုံစမ်းနေတော့သည်။

ကျိုးရွာလေးမှာတော့ ကျန်းစီကျူး တစ်ယောက် ခြေထောက်ဒဏ်ရာသက်သာသည်နှင့် တောထဲသို့နောက်တစ်ခေါက်သွားရန်ပြင်ဆင်နေသည်။ သူမက ဦးလေးကျိုးမသိအောင်သွားရမည်ဖြစ်သောကြောင့် အိမ်ကမထွက်မှီ အခြေအနေကြည့်နေရသည်။ ဒီတစ်ခေါက် တောထဲသွားခြင်းအကြောင်းက အမဲလိုက်လို၍မဟုတ်ဘဲ ထိုလူကိုတွေ့ချင်သောကြောင့်ဖြစ်သည်။ ကျန်းစီကျူး အိမ်မှာနေနေသည့်အတောအတွင်း စဥ်းစားမိတာတစ်ခုရှိသည်။ သူ၏ ကျင့်ကြံခြင်းမတိုးတက်သည်နှင့် ပတ်သတ်သောအကြောင်းဖြစ်သည်။ သူမ တောထဲတွင်တွေ့ခဲ့သော ထိုလူမှာ ကျင့်ကြံခြင်းအဆင့်အလွန်မြင့်မားမည်ဟု ထင်ရပြီး ဦးလေးကျိုးထက်ပင် သာလွန်နိုင်သည်။ သူမက ထိုလူဆီမှာ တပည့်ခံရလျှင် သူမ၏ လမ်းစဥ်ကပိုကောင်းမွန်လာမည်ဟုယုံကြည်သည်။ ဒါပေမယ့် ဦးလေးကျိုး သိသွားလျှင် စိတ်မကောင်းဖြစ်မည်ကို စိုးရိမ်သောကြောင့် သူမက လျို့ဝှက်ထားရန်ဆုံးဖြတ်ထားသည်။
သူမဘက်က တပည့်ခံမည်ဖြစ်သော်လည်း ထိုလူက လက်ခံမည်မခံမည်မသေချာသေးသော်လည်း လက်မခံမချင်းတွယ်ကပ်မည်ဟုလည်း ဆုံးဖြတ်ထားသည်။
သူမက ဦးလေးကျိုး ရွာထဲသို့လှည့်လည်သွားလာနေချိန်တွင်း အလစ်ထွက်လာခဲ့သည်။ တောတွင်းသို့စဝင်သည်နှင့် သူမက ခြေလှမ်းများ၏အရှိန်ကိုမြင့်တင်လိုက်ပြီး ထိုလူရှိရာ တားမြစ်တောသို့ဦးတည်လိုက်သည်။ သူမက အလွန်ပင်တက်ကြွနေပြီး မြန်ဆန်လွန်သောကြောင့် နှစ်နာရီခန့်အချိန်တွင်း တားမြစ်တောစပ်သို့ရောက်လာသည်။ သူမက ခေတ္တမျှ ရပ်နားပြီး အမောဖြေလိုက်ကာ တောထဲသို့ဝင်သွားသည်။
သူမတောထဲသို့ ခြေလှမ်းအနည်းငယ် ဝင်ပြီးခါစပင် ထိုလူ၏အသံကိုစတင်ကြားလိုက်ရသည်။
" မင်းကို..ငါ နောက်တစ်ခါမလာနဲ့လို့ ပြောထားတယ်မလား"
သူမ၏ ခြေလှမ်းများကိုရပ်တန့်လိုက်ပြီး အသံလာရာဘက်သို့မျက်နှာမူလိုက်သည်။ ထိုလူကရှိမနေပေ။
' အဲ့ဒီ့လူ အသံဟုတ်ပါတယ်..ငါ့ကို ပုန်းနေပြန်ပြီ..' အတွေးနဲ့အတူ သူမ ခွန်းတုံ့ပြန်လိုက်သည်။
" လူကြီးမင်း..ဘယ်မှာလဲ..ကျွန်မ..လူကြီးမင်းကိုတွေ့ချင်လို့လာခဲ့တာပါ..ကျွန်မတို့ စကားပြောရအောင်.."
" ငါ. မင်းနဲ့ပြောစရာမရှိဘူး..မင်းလာလမ်းအတိုင်းပြန်လိုက်ပါ.."
ထိုလူ၏ တုံ့ပြန်စကားက ခပ်ပျက်ပျက်ပင်။ သူမက အသံလာရာကို မှန်းဆ့ကြည့်၍မရပေ။
" အင်း..အဲ့လိုမလုပ်ပါနဲ့..ကျွန်မစကားနားထောင်ပြီးရင်..ပြောစရာရှိလာမှာပါ..ခု..ထွက်ခဲ့ပါ.."
သူမက ထပ်မံတောင်းဆိုလိုက်သည်။ သို့သော် အတန်ကြာသည်အထိ တုံ့ပြန်ပြောသံမကြားရပေ။
"လူကြီးမင်း... လူကြီးမင်း ရှိသေးလား..လူကြီးမင်း.. ဘယ်ရောက်သွားတာလဲ" သူမတောက်လျှောက်ခေါ်နေပေမယ့် စိုးစဥ်မျှတုံ့ပြန်သံမကြားရတော့ပေ။ သူမရဲ့ စိတ်ရှည်မှုကနည်းပါးလာပြီး စတင်အော်ဟစ်လေတော့သည်။
" ဒီမယ်..ရှင်ထွက်မလာလို့ ကျွန်မက ရှင့်နေရာမသိဘူးမထင်နဲ့..ရှင်နေတဲ့နေရာကိုရောက်အောင်လာမှာ..ရှင်ပုန်းနေလဲ ကျွန်မကနေ့တိုင်းလာမှာ..ရှင်. ကျွန်မနဲ့ မျက်နှာချင်းမဆိုင်မချင်း ဒီကို ချောင်းပေါက်အောင်လာမှာ." သူမက အော်ဟစ်သတိပေးပြီးနောက် စတင်ခြေလှမ်းတော့သည်။ ကျန်းစီကျူး က တားမြစ်တောအတွင်းဝင်ရောက်ပြီး လမ်းတစ်လျှောက်ရှိ သစ်ပင်များနှင့် အပင်ငယ်များကို ရိုက်ပုတ်ဖျတ်ဆီးလာသည်။ သူမသွားရာလမ်းတစ်လျှောက်ရှိ အပင်များက သနားစရာကောင်းစွာဖျတ်ဆီးခံရသည်။တောကောင်ငယ်လေးများလည်း ကြောက်လန့်တကြားထွက်ပြေးကြရ၏။
"သွားကြစမ်း..အဲ့လူကို ထွက်လာဖို့သွားပြော..မထွက်လာရင်..ငါက နင်တို့ကို ရိုက်သတ်မှာလို့.." သူမက ကြုံးဝါးရေရွတ်ရင်း တိရစ္ဆာန် လေးတွေကိုလိုက်ရိုက်ထုတ်နေသည်။ ထိုလူကတော့ သူမ၏အပြုအမူတွေကို ဂရုမစိုက်သည့်ဟန် အရိပ်အယောင်ပင်မပြပေ။ နောက်ဆုံးတော့ ထိုလူနေထိုင်ရာ စမ်းချောင်းလေးဘေးနားသို့ရောက်ရှိလာသည်။ ချောင်း၏ တစ်ဖတ်ခြမ်းရှိ ဂူပေါက်ကို လှမ်းမြင်ရပြီးနောက် သူမ၏မျက်နှာတွင် အပြုံးတစ်ခုပေါ်ပေါက်လာသည်။
'နောက်ဆုံးတော့ အဲ့လူနေရာရောက်ပြီ..သူဘယ်ပြေးမလဲ ကြည့်ကြတာပေါ့..' သူမက စမ်းချောင်းအတွင်းရှိ ကျောက်တုံးတစ်တုံးပေါ်လှမ်းခုန်ကူးလိုက်သည်။
ဒုန်း...
အား...
သူမက ကျောက်တုံးပေါ်သို့မရောက်လိုက် ကြီးမားတောင့်ခိုင်သော အရာတစ်ခုနှင့်တိုက်မိပြီး ပြန်လည်ပြုတ်ကျလာသည်။ သူမက နာသွားသောနဖူးကို ပွတ်သပ်ရင်းပြန်ထလိုက်၏။
"အား..ယိုး..ဒီမှာ ဘာရှိနေတာလဲ.."
သူမက လက်ကိုဆန့်တန်းလိုက်ပြီး ထိုနေရာသို့ထိကြည့်လိုက်သည်။ သူမ မျက်လုံးနှင့်မမြင်ရသည့် နံရံတစ်ခုကိုစမ်းမိ၏။
'ဒီလူက စည်းတားထားတာပဲ..ဘယ်လိုလုပ်ရမလဲ ' သူမက အကာအကွယ်နံရံတစ်လျှောက် လက်နှင့်စမ်းကြည့်ရင်း အကြံထုတ်နေ၏။ နေ့တစ်ပိုင်းကုန်သွားပေမယ့် စည်းနေရာကိုမဖောက်နိုင်သေးပေ၊ သူမက စိတ်ပျက်လက်ပျက်သာ ထိုင်ချလိုက်ပြီး စောင့်ဆိုင်းဖို့သာ ဆုံးဖြတ်လိုက်သည်။ ထိုလူက တစ်သတ်လုံးတော့အပြင်မထွက်ပဲ မနေလောက်ဘူး...သူထွက်လာတဲ့အထိ စောင့်တာပေါ့...
ကျန်းစီကျူး က စည်းကိုကျောမှီပြီး စောင့်ဆိုင်းနေရင်း တောအုပ်ထဲဖြက်တိုက်လာသည့် လေနုအေးက လွှမ်းခြုံထားခြင်းခံရ၏။ သူမ အိပ်ပျော်သွားခဲ့ပြီးတော့ နေက တဖြည်းဖြည်း ဝင်လာခဲ့သည်။

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now