Unicode
စိမ်းစိုမှိုင်းနေသော သစ်တောအတွင်းရှိ စမ်းချောင်းငယ်လေးတစ်ခုအနီးတွင် သမင်ငယ်လေးတစ်ကောင် ရေသောက်နေသည်။ သမင်ငယ်လေးက ရေသောက်နေရင်းပင် ပတ်ဝန်းကျင်ကို စူးစမ်းနေပြီး အန္တရယ် ရှိမရှိလေ့လာနေသည်။
ကျန်းစီကျူး က အသက်ကိုဖြေးညှင်းစွာရှုနေပြီး တောက်ပတဲ့မျက်ဝန်းတစ်စုံက သမင်ကိုမျက်တောင်မခတ်ပဲစောင့်ကြည့်နေ၏။ သူမရဲ့လက်ထဲမှာရှိတဲ့ လေးနှင့်မြှားက ပစ်ခတ်ရန် အရန်သင့်ချိန်ရွယ်ထားပြီးဖြစ်သည်။ သူမက သမင်၏လည်ပင်းနေရာကို တိကျအောင်ချိန်လိုက်ပြီးနောက် အသက်ကိုအောင့်ပြီး သူမလက်ထဲမှ မြှားကိုလွှတ်လိုက်၏။
ရွှီ...ဒုတ်..ဘုန်း...
ခြုံထဲမှ ပြေးထွက်လာသည့်မြှားတံက သမင်၏ လည်ပင်းကို ထုတ်ချင်းဖောက်သွားသည်။ သမင်လဲကျသွားသည်နှင့် ကျန်းစီကျူး ကခြုံထဲမှထွက်လာပြီး..သမင်ရှိရာသို့လျှောက်သွားသည်။ သမင်၌စိုက်ဝင်နေသည့် မြှားကိုဆွဲနှုတ်လိုက်ပြီး သမင်သေ၏ အသားတွေကို စတင်လှီးဖြတ်နေတော့၏။
ဤ ၃ နှစ်တာကာလအတွင်း ကျန်းစီကျူး သည် တောင်ပိုင်းကိုမပြန်နိုင်ခဲ့ပေ။ ကျိုးသားအဖရဲ့ကယ်တင်မှုကြောင့် အသက်ရှင်ခဲ့ရပြီး တောင်ပိုင်းသို့ပြန်ရန်ကြိုးစားခဲ့ပေမယ့် ဘုရင့်စစ်တပ်နှင့် တောင်ပိုင်းလင်းမျိုးနွယ်စုကြား စစ်ပွဲတွင်းပိတ်မိကာ ပြန်လို့မရခဲ့။ တောင်ပိုင်းလင်းမျိုးနွယ်စုက ယခုချိန်တွင်မူ အရေးနိမ့်ခဲ့ပြီး တကွဲတပြားတွေဖြစ်ကုန်ပြီ။ အဘိုးဖြစ်သူနှင့် ဦးလေးဖြစ်သူတို့လည်း တောင်ပိုင်းကျွန်းတွေထိ ဆုတ်ခွာခဲ့ရသည်။ လင်းမျိုးနွယ်စုအများအပြားလည်း ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသည်။ အမျိုးသမီးများက ကျွန်တွေအဖြစ်ရောင်းချခြင်းခံရသည်။ စစ်တပ်ခြင်းတိုက်ရလျှင် တောင်ပိုင်းမျိုးနွယ်စုက မမှုသော်လည်း ဘုရင့်စစ်တပ်ဘက်က ကျင့်ကြံသူဂိုဏ်းတွေပါ ပါဝင်လာခဲ့ခြင်းကြောင့် အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။
ကျန်းစီကျူး က သမင်အသားတချို့ကို သယ်ပြီး ကျ်ိုးကျေးရွာသို့ပြန်လာခဲ့သည်။
ကျိုးကျေးရွာက အလယ်ပိုင်းတွင်ရှိပြီး ပြင်ပကမ္ဘာနှင့် အဆက်ပြတ်နေသော ရွာတစ်ရွာဖြစ်သည်။ ရွာရှိလူအများစုက မုဆိုးအလုပ်နှင့် စိုက်ပျိုးရေးသာလုပ်ကြသည်။ အနီးဆုံးမြို့နှင့်ပင် နှစ်ရက်ခန့်သွားရပြီး ရွာမှလူများကလည်း မြို့ပေါ်သို့ မလိုအပ်ပဲမသွားရောက်သောကြောင့် ရွာသည်သီးသန့်ကမ္ဘာငယ်လေးတစ်ခုဖြစ်နေသည်။ ဤရွာ၌ တစ်လတစ်ခါ မြို့သို့ပုံမှန်သွားသူက ကျိုးရွာသူကြီး..ကျိုးထုံ၏ အဖေ မိမိအားကယ်တင်ခဲ့သူ ကျိုးကျစ်လုံသာရှိသည်။
၃ နှစ်တာကာလအတွင်း ကျန်းစီကျူး သည် ကျိုးသားအဖဆီမှ ကျင့်ကြံခြင်းနည်းလမ်းများ သိုင်းပညာအပြင် လေးမြှားအသုံးပြုနည်း အမဲလိုက်နည်းများကို သင်ယူခဲ့ရသည်။ သိုင်းပညာသင်ဖို့ ကန့်ကွက်ထားခဲ့သည့် မိဘတွေသာ မြင်ရင် ဘယ်လိုပြောမလဲဟု ကျန်းစီကျူး တွေးမိသည်။
ကျန်းစီကျူး ကအတွေးနယ်ချဲ့ရင်းလျှောက်လာသည်မှာ ရွာအဝင်ဝသို့ပင်ရောက်ရှိလာခဲ့သည်။ သူမက ပေါ့ပါးသည့်အပြုံးတစ်ခု မျက်နှာတွင်ဆင်မြန်းရင်း လမ်းရှိလူများကိုနှုတ်ဆက်ကာ ရွာထဲသို့ဝင်သွားလေသည်။
أنت تقرأ
ကံကြမ္မာနှင့်ယှဥ်၍
أدب تاريخيနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...