Unicode
ကျိုးရွာလေးက အမြဲတမ်းတိတ်ဆိတ်ငြိမ်သက်လေ့ရှိသော်လည်း..ခုရက်ပိုင်းအတွင်းတွင် အနည်းငယ်လှုပ်ရှားမှုရှိလာခဲ့သည်။ မကြာသေးမှီက မြို့ပေါ်က ပြန်ရောက်လာသည့် ကျိုးရွာသူကြီး ကျိုးကျစ်လုံ ၏ သတင်းစကားတစ်ခုကြောင့်ဖြစ်သည်။ ရွာနှင့် ၂ ရက်ခန့်သွားရသော မြို့ငယ်လေးသို့ မကြာခင်အချိန်အတွင်း ကောင်းကင်ဓား ဂိုဏ်းမှ လာရောက်၍ တပည့်ရွေးချယ်ပွဲလုပ်မည် ဆိုသော သတင်းစကားကြောင့်ဖြစ်သည်။ ရွာရှိ တချို့သော မိဘများက မိမိတို့သားသမီးများကို ကျင့်ကြံသူဖြစ်စေချင်သောကြောင့် ဤအခွင့်အရေးသည် လက်လွှတ်မခံသင့်သော အခွင့်အရေးဖြစ်ခဲ့သည်။ ကျိုးအိမ်တော်သို့ သတင်းမေးလာသူများနှင့် ပြည့်နှက်နေခဲ့သည်။
" အားထုံ...ကောင်းကင်ဓား ဂိုဏ်းက ပုံမှန်..အဲ့လိုတပည့်ရွေးနေကြလား..."
ကျန်းစီကျူး နှင့် ကျိုးထုံက ခြံဝင်းအတွင်း သိုင်းလေ့ကျင့်နေရင်း ကျန်းစီကျူး ကမေးလိုက်သည်။
" ဟင့်အင်း..တစ်ခါမှ ဒီမြို့ကို မလာဖူးဘူး...အရင်က မြို့ကြီးတွေမှာပဲ ရွေးတာ...အဲ့ဒါကလည်း ၁၀ နှစ်တစ်ကြိမ်."
" အင်း..."
ကျန်းစီကျူး က အတန်ငယ်တိတ်ဆိတ်နေရင်းမှ စကားပြန်ဆက်လိုက်၏။
" ရွာကကလေးတော်တော်များများသွားပြိုင်ကြမှာ..နင်ရော.."
" ငါက သွားဖို့မလိုပါဘူး..ဒီမှာပဲ အဖေ့ပညာအမွေခံလိုက်ရင်တောင် အဆင်ပြေနေတာပဲ..အဖေ့လိုပဲ ရွာမှာပဲနေ မုဆိုးလုပ် အေးဆေးနေတာပဲကို..."
ကျိုးထုံက လက်ထဲမှ ကစားနေသည့် သစ်သားဓားဖြင့် လေ့ကျင့်ရေးအရုပ်ကို ဆက်တိုက်ခုတ်ချနေရင်းမှ ပြန်ဖြေသည်။ ထိုနောက် ရုတ်တရပ်စဥ်းစားမိပုံပေါ်ပြီး လေ့ကျင့်မှုကို ရပ်လိုက်ကာ ကျန်းစီကျူး ကိုလှည့်ကြည့်လိုက်သည်။
" နင်က..တပည့်အရွေးခံချင်လို့လား...မဖြစ်ဘူး..သူတို့က နင့်ကိုလိုက်ရှာနေကြတာနော်...၃ နှစ်တာလုံး နင်ဒီမှာ ပုန်းနေရတဲ့အကြောင်းအရင်းက သူတို့ကြောင့်နော်"
ကျိုးထုံရဲ့ ပျာပျာသလဲ ပြောသံကြောင့် ကျန်းစီကျူး ကအနည်းငယ်ပြုံးလိုက်ပြီး ခေါင်းကိုခါယမ်းပြလိုက်သည်။
" ငါ..ဝင်ရွေးလို့ မရဘူးဆိုတာ ငါသိပါတယ်...ငါ့ကို သူတို့လိုက်ရှာနေတာလဲ ငါသိတယ်..ကျားဂူထဲကိုယ်တိုင်ဝင်ရလောက်အောင် ငါ မ အ ပါဘူး..ငါက နင့်အတွက်စဥ်းစားပေးတာပါ..."
ကျန်းစီကျူးက ပြောလတ်စ စကားကို ခေတ္တရပ်လိုက်ပြီး..ကျိုးထုံ၏ အရှေ့သို့၌မျက်နှာချင်းဆိုင် ရပ်လိုက်ပြီး...
" နင်သာ အရွေးခံမယ်ဆိုရင်..နင်ဘဝရှေ့ရေးအတွက်ပိုကောင်းသွားမှာ..ဦးလေးကျိုးက သိုင်းပညာတော်တယ်ဆိုပေမယ့် အဲ့ဒီမှာဆို ပညာရပ်အစုံလေ့လာလို့ရမယ်..ကျင့်ကြံခြင်းအဆင့်တွေလည်းတိုးပြီး..ထာဝရရှင်သန်သူလည်းဖြစ်နိုင်တယ်လေ.."
" ငါမသွားချင်ဘူး..ထာဝရရှင်သန်သူလည်း မဖြစ်ချင်ဘူး..ငါဒီမှာပဲ တစ်သတ်လုံးနေမှာ...အဖေရယ် အမေရယ် နင်ရယ်ငါရယ်.ဒီအတိုင်းလေးပဲ နေကြမယ်..ငြိမ်းငြိမ်းချမ်းချမ်းလေး..."
" ငါက..ပြောကြည့်တာပါ..နင်က ငါ့ကို ငဲ့ပြီး သွားမပြိုင်တာလို့ထင်လို့..."
" အင်း..နင့်ကို လိုက်သတ်နေတဲ့ဂိုဏ်းမလို့လဲ ပါတာပေါ့..သူတို့ဂိုဏ်း ဘယ်လောက်နာမည်ကြီးကြီး ကလေးတစ်ယောက်ကို လိုက်သတ်ကတည်းက အထင်မကြီးတော့တာ.."
" အင်းပါ..ငါက ဒီအတိုင်းမေးကြည့်တာပါ..ဆက်ပြီး..လေ့ကျင့်ရအောင်."
ကျန်းစီကျူး က စကားစဖြတ်ပြီး လေ့ကျင့်ရေးဘက်သို့အာရုံစိုက်လိုက်သည်။ ကျိုးထုံက သက်ပြင်းတစ်ချက် မသိသာအောင်ချလိုက်ရင်း လေ့ကျင့်မှုကိုပြန်စတင်လိုက်သည်။
တကယ်တော့ ကျိုးထုံ ထိုရွေးချယ်ပွဲကိုသွားလိုသည်။ ကောင်းကင်ဓားဂိုဏ်း၏ တပည့်ဖြစ်ချင်လို့တော့မဟုတ်။ ကျန်းစီကျူး ကြောင့်သွားချင်ခြင်းဖြစ်သည်။ ကျန်းစီကျူး ကို ကောင်းကင်ဓားဂိုဏ်းက လိုက်သတ်နေသည့်အကြောင်းရင်း ကိုသိချင်လို့ဖြစ့သည်။
ကျန်းစီကျူး ၏ ရန်ဘက်ဖြစ်နေသည့် ဤဂိုဏ်းထဲသို့ဝင်၍ ဖျက်ဆီးပစ်ချင်သည်။ ဤ ၃ နှစ်တာကာလအတွင်း ကျန်းစီကျူး မှာ ရွာအနားဝန်းကျင်မှလွဲ၍ မည်သည့်နေရာမှ မသွားခဲ့ရ။ အမြဲတမ်းပုန်းလျှိုးပြီးနေနေရသည့် ကျန်းစီကျူးကို လွတ်လပ်စေချင်သည်။ သူမကို လွတ်လွတ်လပ်လပ် လောကအနှံ့လျှောက်သွားခွင့်ရှိသောသူ ဖြစ်စေချင်သည်။ ပြီးတော့ သူမနှင့် တစ်သတ်တာလုံး ပျော်ရွှင်စွာနေထိုင်သွားချင်သည်။ ကျိုးထုံ ဒီနှစ်ဆို အသက် ၁၃ နှစ်ပြည့်ပြီးပြီ။ သူက လူပျိုပေါက်တစ်ယောက်ဖြစ်လာခဲ့ပြီး သူ့နှလုံးသားကလည်း ရင်ခုန်တက်လာပြီဖြစ်သည်။
သူ၏ နှလုံးသားက ကျန်းစီကျူး ရှေ့မှောက်တွင် ပို၍ အခုန်မြန်သည်ကိုလည်း သူသိသည်။ သူမက သူငယ်ချင်းတစ်ယောက်လို ဆက်ဆံပေမယ့် သူ့ဘက်ကတော့ သူမဟာ သူငယ်ချင်းတစ်ယောက်ထက်ပိုနေခဲ့လေပြီ။
" အားထုံ.ကျူးအော်..ထမင်းစားကြမယ်.."
ကျိုးသခင်မ ခေါ်သံကြောင့် သူတို့နှစ်ယောက်က လေ့ကျင့်ခြင်းကို ရပ်နားလိုက်ကြသည်။
VOUS LISEZ
ကံကြမ္မာနှင့်ယှဥ်၍
Fiction Historiqueနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...
