ခစ်ခစ်...ခစ်..ခစ်...
ရယ်သံလွင်လွင်လေးက သူ့နားထဲကိုရောက်ရှိလာတယ်..ရေကန်စပ်နားက ကလေးမဟာ သူ့ကိုပြုံးရွှင်စွာ လက်ပြနှုတ်ဆက်နေခဲ့တယ်..သူ့ရင်ထဲမှာလည်း ပျော်ရွှင်မှုကို ခံစားနေရင်း..ရုတ်တရက် အမဲရောင်အခိုးအငွေ့များက ပေါ်ထွက်လာပြီး လက်တစ်ဖက်ဟာ ကလေးမလေးကို ထိုအခိုးအငွေ့များထဲ ဆွဲခေါ်သွားခဲ့သည်။
ဟင့်အင်း..မလုပ်နဲ့.. သူမကို မခေါ်သွားနဲ့...
ပါးစပ်က အသံကုန်အော်လိုက်ပေမယ့် အသံတွေဟာ လည်ချောင်းမှာပင်တစ်ဆို့နေခဲ့ပြီး ထွက်မလာခဲ့ပါ..သူရဲ့ခြေထောက်တွေက လှုပ်ရှားဖို့ကြိုးစားနေပေမယ့်လည်း အမြစ်တွယ်ခံနေရတဲ့အလား... စိုးစဥ်မျှ မလှုပ်ရှားခဲ့...သူ့အရှေ့မှ ရယ်မောနေသောကလေးငယ်ဟာ သူ့ကိုကယ်ဖို့တစာစာအော်ရင်း အရိပ်မည်းရဲ့ခေါ်ဆောင်ရာသို့..
"မဟုတ်ဘူး.."
နောက်ဆုံးတော့ သူ့လည်ချောင်းထဲက အသံကို ထွက်နိုင်ခဲ့ပြီ..အလင်းရောင်စူးစူးက မျက်လုံးကို လာထိရောက်ပြီး ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်သည်။
ရင်းနှီးနေသော မျက်နှာကျက်..ပတ်ဝန်းကျင် ကို ကြည့်လိုက်တော့ ဒါ သူ့အခန်း...
ချန်ယွင် က အိမ်မက်ဆိုးတစ်ခုကို မက်ပြီး နိုးထလာခြင်းဖြစ်ကြောင်း သိသွားသည်။
တံခါးပွင့်သံနှင့်အတူ အခန်းထံသို့ ဟုန်လင်း ဝင်လာသည်။ သူမက ဆေးရည်တစ်ခွက်ကို ယူဆောင်လာခဲဲ့ပြီး စားပွဲပေါ်တင်လိုက်သည်။
" ယွင်ကိုကို.. သတိရလာြပီလား..လာ..ကျွန်မ စမ်းသပ်ပေးမယ်..နေကောင်းသွားပြီလားလို့.."
သူမက သူ့ခုတင်စွန်း၌ ဝင်ထိုင်လိုက်ရင်း သူ့ကို ဆွဲထူလိုက်ရင်း သူ့လက်မှ သွေးကြောတွေကို စမ်းသပ်နေသည်။ ချန်ယွင် က အခုထိ အိမ်မက်ကို ဝေခွဲမရဖြစ်နေပြီးမှ လက်ရှိသူ့အခြေအနေကို စဥ်းစားမိသည်။
" အားကျူး.. အဲ..ကျိုးထုံ ရဲ့ ညီလေးရော. "
" သူ.. သက်သာပါတယ်..ပြီးတော့ သူက ကျိုးထုံရဲ့ ညီလေးမဟုတ်ပါဘူး..သူမက မိန်းကလေးဆိုတာ အကုန်လုံးသိပြီးပါပြီ.."
YOU ARE READING
ကံကြမ္မာနှင့်ယှဥ်၍
Historical Fictionနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...
