ယန်ဖုန်းရွှင့် - " ဒီနည်းလမ်းက သူတို့ကို ရှာနိုင်မှာ သေချာလား.."
ပိုင်ရိထျန်း - " သေချာတာပေါ့..မင်းကို သတ္ထုတွင်းထဲက ဘယ်လိုရှာတွေ့ခဲ့တယ် ထင်လဲ."
ယန်ဖုန်းရွှင့် ခေါင်းသာညိမ့်ပြလိုက်သည်။
ပိုင်ရိထျန်း - " အခု လိုအပ်တာက ကျန်းစီကျူး ရဲ့ အသုံးအဆောင်တစ်ခုပဲ.."
ယန်ဇီကျူး - " ကျွန်မ သွားယူလိုက်မယ်"
သူတို့တွေ ကျန်းစီကျူး နှင့် ရန်ရိရှင်း ကို ရှာဖွေသည်မှာ ၁ ရှီးချန်ခန့်ပင်ရှိပေမယ့် အရာမထင်ပေ..နောက်ဆုံးတော့ ပိုင်ရိထျန်း၏ ရှာဖွေရေးမှော်အစီအရင်ကိုသာ သုံးဖို့ဆုံးဖြတ်လိုက်သည်။
ကျန်းစီကျူး အသုံးပြုခဲ့သည့် ပုဝါတစ်ထည်ကို အသုံးပြုပြီးနောက် ရှာဖွေရေးမှော်အခင်းအကျင်းကို စတင်လိုက်သည်။
ရှုပ်ထွေးလှသည့် လက်ဟန်တွေကို ဖော်ဆောင်လိုက်ပြီး ပုဝါမှ အလင်းရောင်ဖျော့ဖျော့ဟာ အသက်ဝင်ပျံသန်းနေသည်။ ထိုအလင်းရောင်တွေနောက်ကို သူတို့ တတွေ လိုက်ခဲ့ပြီးနောက် တစ်နေရာတွင် ရပ်တန့်သွားသည်။
" ဒါက....ညီလာခံ ခန်းမ."
ညီလာခံခန်းမ ဟာ မနက်ဖြန်ပြုလုပ်မည့် အိမ်ရှေ့စံံခန့်အပ်အခမ်းအနားအတွက် ပြင်ဆင်မှုများဖြင့် နန်းတွင်း အစေခံ အစောင့်များဖြင့်ပြည့်နှက်နေသည်။ ဘယ်လို ပဲ သူတို့က မင်းသားချန်ယွင် ရဲ့ သူငယ်ချင်းတွေဖြစ်နေရင်တောင် အခမ်းအနားမကျင်းပမှီ ဤ နန်းဆောင်ကို ဝင်လို့ရမည်မဟုတ်ပေ..
ကျိုးထုံ - " ကျွန်တော်တို့ ဝင်ကြည့်ကြမလား.."
ယန်ဖုန်းရွှင့် - " မဖြစ်ဘူး..မနက်ဖြန်ပွဲအခမ်းအနားအတွက် လုံခြုံရေးတင်းကျပ်ထားမှာ..ငါတို့ကို ခွင့်ပြုမှာမဟုတ်ဘူး."
ကျိုးထုံ - " ဒါပေမယ့် အားကျူးတို့က အဲ့အထဲမှာ..သူတို့တွေပျောက်နေတာကြာပြီ..အန္တရာယ်ရှိနိုင်တယ်."
ယန်ဇီယွမ် - " ကျွန်တော်တို့ တိတ်တဆိတ်ရှာနေတာထက် မင်းသားချန်ယွင် ကို အကူအညီတောင်းရင် ပိုကောင်းမယ်.."
YOU ARE READING
ကံကြမ္မာနှင့်ယှဥ်၍
Historical Fictionနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...
