.
မိစ္ဆာ ကျင့်ကြံသူ အုပ်စုကြီးဟာ အကာအကွယ်ကို ဖျက်ဖို့ကြိုးစားနေကြဆဲ..
အစိမ်းရောင်သစ်ရွက်တွေဟာ ထိုလူအုပ်ပေါ်သို့ ကျရောက်လာခဲ့ပြီးနောက် မိစ္ဆာကျင့်ကြံသူ ခေါင်းဆောင်က သတိထားမိသွားသည်..
သူက ခေါင်းကို မော့ကြည့်လိုက်ရင်း အားလုံးကို သတိပေးပြောကြားလိုက်သည်။
" အားလုံးသတိထား.."
"အား.."
"အား..''
သူ့ရဲ့သတိပေးသံအဆုံးမှာပင် အနောက်နားမှ မိစ္ဆာကျင့်ကြံသူ နှစ်ယောက်ထံမှ အော်ဟစ်သံ ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ လဲကျသွား၏။
တစ်ချိန်တည်းမှာပင် သစ်ရွက်စိမ်းလေးများ လေထဲသို့ ထပ်မံကြွေကျလာပြန်သည်။
မိစ္ဆာ ကျင့်ကြံသူ အုပ်စုကြီးဟာ ကျန်းစီကျူး တို့ထံမှ အာရုံပြောင်းသွားလေသည်။
သူတို့က သစ်ရွက်များတဖွားဖွားကျကြွေနေသော သစ်ပင်၏ သစ်ကိုင်းပေါ်တွင် လူနှစ်ယောက်ကို တွေ့လိုက်ရသည်။
ကျန်းစီကျူး တို့နှစ်ယောက်လည်း သစ်ပင်ကို အာရုံစိုက်ကြည့်လိုက်မိသည်။ သစ်ကိုင်းများပေါ်တွင် လူနှစ်ယောက်ရှိနေပြီး မိန်းကလေးတစ်ယောက်နှင့် ယောကျာ်းလေး တစ်ယောက်..
" ယန်ဇီကျူး လား.."
ကျန်းစီကျူး က ခပ်တိုးတိုးရေရွတ်လိုက်ပြီး ရန်ရိရှင်း က ထိုမိန်းကလေးမှာ သူ့တပည့်၏ သူငယ်ချင်းမလေး ဖြစ်သည်ကို သိလိုက်ရသည်။
ဒါဆို ဘေးနားက သူ့ဆရာလား...
ယန်ဇီကျူး ၏ ဘေးနားက လူက လူလား သရဲလားတောင် ခွဲဖို့ခက်သည်။ ထိုလူက အရိုးမပါသော တုတ်ထိုးအရုပ်လိုပင် သစ်ပင်ကိုမှီ၍ ပျင်းတိပျင်းရွဲ ရပ်နေခဲ့ပြီး ပိန်ပိန်ရှည်ရှည်ပုံစံမှာ လေဖြင့်ပင် ပါသွားနိုင်လောက်သည်..ထူးဆန်းသော အရုပ်မျက်နှာဖုံး တစ်ခုကို တပ်ထားပြီး မျက်နှာကို မမြင်ရပေမယ့် တောက်ပနေသော မျက်လုံးတွေကတော့ ဒီလူဟာ ပေါ့သေးသေးလူတစ်ယောက်မဟုတ်မှန်း သတိပေးနေသည်။
![](https://img.wattpad.com/cover/208506452-288-k665559.jpg)
ESTÁS LEYENDO
ကံကြမ္မာနှင့်ယှဥ်၍
Ficción históricaနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...