လက်တစ်ဖတ်ဖြင့် ကျေအေးခြင်း

203 24 0
                                    

.
" အကိုကြီး..ဒေါသထွက်ရင် အမှားတွေများကုန်ပါမယ်..သူ့ကို ကျွန်တော်တို့ အပြင်ရောက်မှ ဆရာ့ကို အပြစ်ပေးခိုင်းလည်း နောက်မကျပါဘူး..အဲ့အချိန်လောက်ဆို သူလည်း အပြစ်ကို ကောင်းကောင်းသိသွားမှာပါ.."

ဟုန်ကုမင် ဝင်ရောက်ဖြန်ဖြေပေးနေသည့် ချန်ယွင် ကို ဒေါသအခိုးအငွေ့ဝေနေသော မျက်လုံးများဖြင့်စိုက်ကြည့်လိုက်၏။ သူ့ရှေ့က ချန်ယွင် ဟုတ်တာပေါ့ ဒီကောင်က ဆရာ့ရဲ့ မျက်နှာသာပေးမှုတွေ ရရှိထားတာ.သူ့မျက်လုံးထဲမှာ အကိုကြီးဖြစ်တဲ့သူဟာ လှောင်ရယ်ချင်စရာဖြစ်နေမှာ..ပြီးတော့ ကျိုးထုံ သူကလည်း ဘာထူးလဲ.ငယ်ဘဝကတည်းက ဆရာ့ကို ဘယ်လိုအလိုက်အထိုက်ပေါင်းသင်းပြီး သူ့ကို အပြစ်ဖို့တဲ့နေရာမှာ ကျွမ်းခဲ့သလဲဆိုတာ.ဒီနေ့ ဒီအချိန်မှာ သူက အသာစီးရနေတာ ဂိုဏ်းသားတွေအားလုံးကလည်း သူ့ဘက်ပါနေတာ.နောက်ဆုံ ဟုန်လင်းအထိပါ သူ့ဘက်မှာ ဒီလိုအချိန်မှာ ဒီ နှစ်ကောင်ကို မဆုံးမရရင် ဒီတစ်သတ် သူ ကျေနပ်နိုင်တော့မှာမဟုတ်ဘူး..

ဟုန်ကုမင် သူ့ရဲ့ ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး တိုက်ကွက်ဆင်လိုက်သည်။
အားလုံးသော ဂိုဏ်းသားတွေဟာ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက် အခုလို ဂိုဏ်းတူဆရာတူ တပည့် အချင်းချင်း တိုက်ပွဲတွေဖြစ်လာတော့ သက်ပြင်းချရုံမှတပါး...

ဟုန်ကုမင် ရဲ့ ဓားခုတ်ချက်တွေဟာ အားပါလှပြီး သိမ်းကြုံးခုတ်နေခဲ့သည်။ ကျိုးထုံ ကျန်းစီကျူး တို့က ဟုန်ကုမင် ကို ပြန်မတိုက်နိုင်ပဲ ရှောင်တိမ်း၍သာ နေနေရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကြားထဲမှာ ချန်ယွင် က ဝင်နေပြီး ဟုန်ကုမင် ရဲ့ ဓားချက်တွေကို ခုခံပေးနေ၍ပေ။ သူတို့နှစ်ယောက်အနေနဲ့ ဟုန်ကုမင် ကိုအလွယ်တကူတိုက်ခိုက်နိုင်သည်။ ကျန်းစီကျူး တစ်ယောက်ထဲဆိုရင်တောင် အနိုင်ရနိုင်သည်။ ကျင့်ကြံဆင့် ခြင်းတူသော်လည်း သိုင်းပညာ အရာမှာက သူမလောက် မကျွမ်းကျင်သောကြောင့်ပင်...

ဒါပေမယ့် သူတို့ရှေ့မှာ ချန်ယွင် က ကြားထဲဝင်ပါနေတယ်မဟုတ်လား..ကျိုးထုံ ကလည်း ချန်ယွင် ကို ထိခိုက်မှာစိုးလို့ သူ့ဓားကိုပင် မထုတ်သေး..သူက တကယ် ရေစက်တွေကိုဖြတ်တောက်ချင်ပေမယ့်လည်း ချန်ယွင် အပေါ်တော့ သံယောဇဥ်က ကျန်ရှိနေသေးသည်။

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now