သတ္တိရှိတဲ့မိန်းကလေး

316 31 3
                                        


ကျန်းစီကျူး နှင့် ရန်ရိရှင်း နှစ်ယောက်ကတော့ အခုချိန်ထိ မတင်မကျအခြေအနေတွင် ရှိနေတုန်း..သူတို့နှစ်ယောက်ဟာ တစ်ဦးအပေါ်တစ်ဦး ခံစားချက်တွေပြောင်းလဲနေပြီဆိုတာ သိပေမယ့် ဘယ်သူကမှ စတင်ဖို့ရည်ရွယ်ချက်မရှိကြဘူး...ဒါကြောင့် သူတို့နှစ်ဦးသားဟာ မသိချင်ယောင်ဆောင်ခြင်းများစွာနဲ့သာ နေနေခဲ့ကြတယ်...ဒါပေမယ့် ဘယ်အချိန်ထိ သူတို့ဖုံးကွယ်နေနိုင်ကြမှာလဲ...

ဒုန်း...

ကျန်းစီကျူးဟာ ရှေ့က စားပွဲခုံကို လက်နဲ့ထုလိုက်ရင်း သူမရဲ့စဥ်းစားခန်းကို ချေဖျတ်လိုက်တယ်..သူမက ပြီးခဲ့တဲ့တစ်ခေါက် ရွာပြန်ချိန်မှာ ကြားရတဲ့အကြောင်းတွေကြောင့် စိတ်ဆိုးဒေါသထွက်နေခဲ့ရလေတယ်..ရွာက မိန်းမပျိုတစ်သိုက်က လနတ်သမီးပွဲတော်နေ့မှာ တွေ့ခဲ့ရတဲ့ သူမရဲ့ ဆရာအကြောင်းကို မြိန်ရေယှက်ရေပြောကြားနေခဲ့ကြတယ်..ဒါဟာ..သူမကို မခံချိမခံသာ ဒေါသထွက်စေတယ်လေ..

" ဘာဖြစ်လို့..ဘာဖြစ်လို့..ဒီမိန်းမတွေက ငါ့ဆရာကို ပတ်သတ်ချင်နေကြတာလဲ..တကယ်ကိုစိတ်တိုဖို့ကောင်းတယ်..သတ်ပစ်ချင်စိတ်တောင်ပေါက်တယ်...ဟွန်း.."

"ငါ့ဆရာကို ငါကလွဲပြီး ဘယ်မိန်းမ မှမထိရစေရဘူး..ငါကျိန်တယ်..ငါ့ဆရာက ငါ့အပိုင်..ဟွန်း.."

သူမက တစ်ကိုယ်တည်း ကြုံးဝါးနေပေမယ့် စိတ်ထဲမှာတော့ စိတ်ဓာတ်ကျနေခဲ့သည်။

ငါ့အပိုင် ဆိုပေမယ့် တကယ်လည်း ငါ့အပိုင်မှ မဖြစ်သေးတာ..ကျန်းစီကျူး..နင်ပိုင်တဲ့အရာမှန်းကျိမ်းသေအောင် ကြိုးစားသင့်တယ်မထင်ဘူးလား..ဘယ်အချိန်ထိ.. ဆရာတပည့်ဆက်ဆံရေးကို ထိန်းသိမ်းထားမှာလဲ..ပြီးတော့ ဆရာ့အကျင့်အရ ငါ့ဘက်ကစပေးမှ အခြေအနေက တိုးတက်မှာပေါ့..ဒီ ဆရာငတုံးအလိုက်ကန်းဆိုးမသိသူကြီးကို..သူ့ဘက်ကစဖို့တော့ မျှော်လင့်နေလို့ရမှာမဟုတ်ဘူး..ဒါပေမယ့် ဆရာက ငြင်းလိုက်ရင်ရော..အဲ့ဒါဆို..အဲ့ဒါဆို..ငါလေး ဘယ်လို့ရှေ့ဆက်သွားရတော့မလဲ..ဟွန်း..စိတ်ညစ်ပါတယ်..ဟူး..ဘယ်လိုလုပ်ရမလဲ.. ဘယ်လိုလုပ်ရမလဲ.. ခုတလော စိတ်တွေထွေပြားနေလို့ လေ့ကျင့်မှုလည်းကောင်းကောင်းမလုပ်နိုင်ဘူး..တစ်ချိန်လုံးလေ့ကျင့်နေပေမယ့် အာရုံစူးစိုက်မှုနည်းနေလို့ အခုထိ နတ်အမြူတေအခြေတည်ပထမအဆင့်မှာပင် ရပ်တန့်နေတယ်..ဒီလိုပုံစံအတိုင်းသာဆို..နတ်အမြူတေအပြည့်အစုံတည်ဆောက်ဖို့ အများကြီးလိုနေဦးမည်..အဓိကက စိတ်ပဲ..ငါ့ရဲ့ဆရာ့ဆီမှာရောက်နေတဲ့ စိတ်အာရုံကို ဖြေရှင်းနိုင်ရင် ငါပြန်လေ့ကျင့်နိုင်လိမ့်မယ်..
"ဟုတ်တယ်."
ဒုန်း..
သူမက နောက်တစ်ကြိမ်စားပွဲကို ထုလိုက်ရင်း ထိုနေရာမှ ထွက်ခွာသွားလေတော့၏။

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now