အသွေးအသားတွေကို စုပ်ယူသော မိစ္ဆာ

246 21 0
                                    

ကျိုးထုံက အခန်းထဲမှ ထွက်သည်နှင့် ယန်ဖုန်းရွင့် သင်ပေးလိုက်သော မန္တာန်ကို ရွတ်ဆိုကာ ယန်ဇီကျူး ကို ခြေရာခံလေ၏။ သူက မြောက်များလှစွာသော အခန်းတစ်ခုအတွင်းမှ သူမကို ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော် သူမတစ်ယောက်တည်းတော့ မဟုတ်ပေ..

ယန်ဇီကျူး က သတိလစ်မေ့မျောနေသည့် အနေအထားတွင်ရှိပြီး ကြိုးများဖြင့်တုပ်နှောင်ထားခြင်းခံထားရသည်။ သူမ နှင့်မလှမ်းမကမ်းတွင်လည်း အမျိုးသမီးတစ်ယောက်ကို ထိုင်ခုံပေါ်တွင် ကြိုးတုပ်လျက်အနေအထားဖြင့် တွေ့ရသည်။ ထိုအမျိုးသမီးကတော့ သတိရှိသည့်ပုံ ဖြစ်နေပြီး သူမက ကျိုးထုံ အခန်းထဲသို့ဝင်လာသည်နှင့် အော်ဟစ်ညီးတွားပြီး သူမကို ကယ်ပေးရန် ပြောဆို၏။

" ဒီက သူရဲကောင်း..ကျွန်မကို လွှတ်ပေးပါ..ကျေးဇူးပြု၍.. ကြိုးဖြည်ပေးပါ.."

သူမက ငိုယိုမြည်ကျွေးနေပြီး သူမကို လွှတ်ပေးရန် တစာစာအော်ဟစ်နေသည်။

" လွှတ်ပေးမယ်..လွှတ်ပေးမယ်..ခဏလေးစောင့်.."

သူက သူမကို ပြန်လည်ဖြေကြားပြီး အခန်းတွင်းပတ်ချာလည်ကို စည်းမန္တာန်များ ချထားခြင်းရှိမရှိ စစ်ဆေးလိုက်သည်။ အခန်းအပြင်မှ ဝင်ရောက်ခြင်းကို တားမြစ်သော စည်း ကိုမတွေရပဲ..အခန်းအတွင်းမှ ထွက်ခွာခြင်းကို တားမြစ်သော မန္တာန်အစီအရင်ကိုသာ တွေ့ရသည်။ ကျိုးထုံက တန်ပြန်အစီအရင်ကို ရေးဆွဲလိုက်ပြီးနောက် အခန်းအတွင်းသို့ ဝင်သွားလိုက်သည်။ သူက ယန်ဇီကျူး ရှိရာသို့ အရင်ပြေးသွားပြီး သူမကို တုပ်နှောင်ထားသည်များမှ ဖယ်ရှားလိုက်သည်။ မေ့မျောနေသော သူမကို လှုပ်နှိုးဖို့ ကြိုးစားနေစဥ်မှာပင် တစ်ဖက်က အမျိုးသမီးမှလည်း သုမကို လွှတ်ပေးရန် အော်ဟစ်သံက ပိုမိုပြင်းထန်လာခဲ့သည်။

ကျိုးထုံက သတိမလည်လာသေးသော ယန်ဇီကျူး ကို ကျောပေါ်တင်ပိုးလိုက်ပြီး ထိုအမျိုးသမီးထံ ကြိုးဖြည်ပေးရန်သွားလိုက်၏။

သူက အမျိုးသမီး၏ ကြိုးကိုဖြေပေးရန်လက်လှမ်းလိုက်စဥ်မှာပင်..တားမြစ်သံ တချို့နှင့် အတူ သူ၏ လက်ကို နောက်မှ လှမ််းဆွဲခြင်းကို ခံလိုက်ရသည်။

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now