အခြေအနေက အားလုံးကို ဖိအားပေးတင်းကျပ်စေနေတယ်..ကျန်းစီကျူး ၏ ရှို့မင်ဟာ ပိုင်ရိထျန်း ၏ လည်ပင်းပေါ် ချိန်ရွယ်လျက်..ရန်ရိရှင်း၏ လူသတ်ချင်စိတ်တွေကလည်း ထိန်းမနိုင်လောက်အောင် ပျံ့နှံ့နေခဲ့သည်။
" ရှင့်ပါးစပ်က ထပ်ပြီး သူ့အပေါ်သိက္ခာချတဲ့ စကားလုံးတစ်လုံးထပ်ထွက်လာကြည့် ကျွန်မ ညှာမှာမဟုတ်ဘူး.."
" ဟား..ဟား..ဟား..ငါပြောပြီးပြီလေ..မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူးလို့..ဘာလဲ..ဒီလောကမှာ ကြာကြာမနေချင်တော့လို့လား.."
" ခင်ဗျား..သူမကို ထိရဲလို့လား.ကျုပ် ငြိမ်ကြည့်နေမယ်လို့ ထင်နေတာလား.."
" အော်..ခင်ဗျားက ဘာလုပ်ချင်သေးလို့လဲ..ကောင်းကင်ဘုံ ရဲ့ စည်းကမ်းချက်အရ လူသားတွေကို ထိခိုက်နာကျင်အောင်လုပ်လို့မရဘူးလေ.."
" ကျုပ်က ဒီအခြေအနေထိတောင် ရောက်ပြီးပြီ..ကောင်းကင်ဘုံ စည်းကမ်းတွေကို လိုက်နာနေဦးမယ်များ..ခင်ဗျားထင်နေသလား.."
ရန်ရိရှင်း၏ အေးစက်သော တုန့်ပြန်သံ ကျန်းစီကျူး သူမဆရာကိုကြည့်မိသည်။ အရမ်းလှပဆွဲဆောင်မှုရှိသည့် အပြာရောင် မျက်ဝန်းတွေဟာ တဖြည်းဖြည်း သွေးနီရောင် လွှမ်းလာနေခဲ့ပြီ..သူမဆရာ၏ ပထမဆုံး သည်းခံမှုကင်းမဲ့သည့် မျက်နှာပင်..
" ပိုင်ဂိုဏ်းချုပ်.. ခင်ဗျား.အမြန်ရပ်တန့်သင့်ပြီ..သူတို့က ကျုပ်တို့ မိတ်ဆွေတွေပါ..အလကားသက်သက် မိတ်ဆွေကို ရန်သူဖြစ်အောင် မလုပ်မိတာ ကောင်းမယ်.."
ယန်ဖုန်းရွှင့် ၏ ဝင်ရောက်ဖြေရှင်းသံ..
" အားရွှင့် က သူတို့ကို မိတ်ဆွေအဖြစ်သတ်မှတ်ချင်တာလား..ဒါပေမယ့် ကိုယ်ပြောမယ်..ဒီလို ပြသာနာပေါင်းစုံ အတိတ်ဆိုးတွေရှိတဲ့လူတွေနဲ့ မပတ်သတ်တာ ပိုကောင်းတယ်လေ..တိုင်းပြည်ပုန်ကန်သူ သမီးနဲ့..နောက်ကြောင်းမကောင်းတဲ့ နဂါး..ကိုယ်တို့ သူတို့နဲ့ မခင်တာ ပိုကောင်းမယ်.."
ပိုင်ရိထျန်း က ချိုမြိန်သောအသံနှင့်အတူ လေပြည်အေးလေးဖြင့်ပြောနေဟန်မှာ နှစ်ကိုယ်ကြား စကားဆိုနေသလိုပင်....
![](https://img.wattpad.com/cover/208506452-288-k665559.jpg)
YOU ARE READING
ကံကြမ္မာနှင့်ယှဥ်၍
Historical Fictionနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...