ကောင်းကင်ဓားဂိုဏ်းတွင် နေထိုင်ခြင်း ၃

237 29 1
                                        


နေမင်းအက္ခရာသည်ကား တဖြည်းဖြည်းစောင်း၍ အိပ်တန်းတက်တော့ပေမည်။  တိတ်ဆိတ်ညိမ်သက်နေသော အခန်းထဲမှာ အမှောင်ထုက တဖြည်းဖြည်း ကြီးစိုးလာပြီး အခန်းအတွင်းမှ တစ်ယောက်သောသူကတော့ ငြိမ်သက်စွာ ထိုင်နေဆဲ...

ချန်ယွင်ဟာ ကျိုးထုံပြောခဲ့တဲ့ စကားတွေနဲ့ အတွေးပွားနေဆဲ..သူက ဘယ်လောက်ပဲ တော်ဝင်သွေးပါသူဖြစ်ဖြစ် အခုချိန် မှာ သာမာန်ဘဝကိုရွေးချယ်ခဲ့ပြီးသွားပြီ..တခြားလူတွေထက် အနည်းငယ်ရှုပ်ထွေးမှုရှိနေဆဲပေမယ့် သူမ ဘဝကို ရှုပ်ထွေးရလောက်အောင်တော့ ဖြစ်မှာမဟုတ်ဘူးလေ..ကျိုးထုံကပဲ စိုးရိမ်စိတ်များလွန်းနေတာလား..ပြိုင်ဖက်တစ်ယောက်ကို အလဲထိုးဖို့ တမင်ပြောခဲ့တဲ့စကားတွေလား...ဒါပေမယ့်လည်း မရနိုင်ဘူး..မရသင့်ဘူးဆိုတဲ့ အရာတွေကို ပိုလိုချင်တက်တာ လူ့သဘောပဲလေ..အစက သူမကို သဘောကျနှစ်ခြိုက်ခဲ့ရုံလေးဆိုပေမယ့် အခုတော့ ကျိုးထုံရဲ့ သတိပေးစကားတွေကြောင့် လိုချင်စိတ် ပိုင်ဆိုင်ချင်စိတ်တွေ ပိုတိုးလာခဲ့ပြီလေ..

ချန်ယွင်က လက်ထဲရှိ ရေနွေးကြမ်းပန်းကန်ကို တင်းတင်းဆုပ်၍ အမှုန့်ဖြစ်စေလိုက်ပြီး..ခိုင်မာတဲ့ ဆုံးဖြတ်ချက် ကို ချလိုက်သည်။

ဘယ်လိုပဲဖြစ်နေဖြစ်နေ သူမကို လုံးဝ လက်လွှတ်ခံမှာ မဟုတ်ဘူးလို့လေ...

ဒေါက်..ဒေါက်..

" ယွင်ကိုကို.. အခန်းထဲမှာရှိလား."

ဟုန်လင်းက မီးအိမ်တစ်လုံးကို ကိုင်ဆွဲပြီး အခန်းအပြင်တွင်ရပ်နေသည်။

ချန်ယွင်က ထိုအခါကြမှ မိုးချုပ်နေပြီဖြစ်ကြောင်း သတိထားမိပြီး အခန်းအတွင်း မီးကိုထွန်းလိုက်သည်။

" ဝင်လာလို့ရတယ်..လင်းအော်"

ဟုန်လင်းက အခန်းတံခါး ကို တွန်းဖွင့်ဝင်လာပြီး.

" မီးမထွန်းထားတော့ အခန်းထဲမှာ မရှိဘူးထင်တာ..ဖေဖေ ပြန်ရောက်နေပြီ..ယွင်ကိုကို ကို အခေါ်လွှတ်လိုက်လို့.."

" ဟုတ်လား..ဒါဆို သွားကြမယ်လေ.."

" အင်း.."

ဟုန်လင်းက မီးအိမ်ကို ကိုင်ဆွဲကာ သူတို့နှစ်ယောက် ယှဥ်လျှောက်သွားခဲ့သည်။အမှန်အတိုင်းပြောရရင် ဟုန်လင်းက တကယ်လှပတဲ့ မိန်းကလေးပါ..သူမမှာ ကြီးမားတဲ့ နောက်ခံအင်အားလည်းရှိတယ်..အရည်အချင်းကောင်းတွေလည်းရှိတယ်..လှတယ်..ဆွဲဆောင်မှု ရှိတယ်..အရင်တုန်းကဆိုလျှင် ဂိုဏ်းသားတွေက သူတို့နှစ်ယောက်တူယှဥ်သွားတိုင်း လိုက်ဖက်ညီမှုရှိတယ်လို့ နောက်ကွယ်ကနေ တီးတိုးပြောခဲ့ကြတယ်..ချန်ယွင် က ဟုန်လင်းအပေါ် ညီမတစ်ယောက်ထက်ပိုတဲ့ ခံစားချက်မျိုးမရှိခဲ့ပေမယ့်လည်း အဲ့လိုမျိုးနောက်ကွယ်က အပြောတွေကိုတော့ သူ မငြင်းခဲ့..သူ့အနေနဲ့ လက်မခံနိုင်စရာ ငြင်းစရာအကြောင်းမရှိခဲ့လို့ပဲ..သူမက တစ်ချိန်ချိန် သူ့ရဲ့ တွဲဖက် ကျင့်ကြံသူ ဇနီးမယားတစ်ယာက်ဖြစ်လာနိုင်ချေရရှိတာကို သူကြို ခန့်မှန်းနိုင်တာမို့လို့လေ...

ကံကြမ္မာနှင့်ယှဥ်၍Место, где живут истории. Откройте их для себя