နန်းတွင်းအရှုပ်တော်ပုံ...

327 30 0
                                        

ချန်ယွင်က ညဥ့်နက်သန်းခေါင်လာရောက်သည့် ဧည့်သည်များကို အကဲခတ်လိုက်ပြီးနောက် ဆရာဖြစ်သူကို ကြည့်လိုက်သည်။ ဟုန်ရွီက သူ့ကိုခေါင်းတစ်ချက်ငြိမ့် အသိအမှတ်ပြုလိုက်သည်။
ဟုန်ရွီ- " ချန်ယွင် ဒီပုဂ္ဂိုလ်က နန်းတွင်းရဲ့ အတွင်းဆောင်အရာရှိ အမတ် မင် ပဲ..သူက မင်းကို တွေ့ဆုံပြောစရာရှိတယ်ဆိုလို့ ညတွင်းချင်းခေါ်လိုက်ရတာပဲ.."

ချန်ယွင်က ထိုလူကို တစ်ချက်မျှကြည့်ပြီး မည်သို့သော တုံ့ပြန်မှုမှ မလုပ်ပေ၊ သူက နန်းတွင်းမှ ထွက်လာခဲ့သည်မှာ ၆ နှစ်နီးပါးရှိနေပြီဖြစ်ပြီး လက်ရှိအချိန်တွင်တော်ဝင်မင်းသားတစ်ပါးလည်း မဟုတ်တော့ပေ၊ သူက သာမာန်ကျင့်ကြံသူတစ်ဦးသာ ဖြစ်နေခဲ့သည်။ ဒီ ၆ နှစ်အတွင်း မိခင်ဖြစ်သူထံမှ သာကြောင်းမာကြောင်းမေးသည့် စာအနည်းငယ်မှလွဲ၍ မည်သို့သော စပ်ယှက်မှုကိုမှ သူမလုပ်ခဲ့ပေ၊ ခုလိုမျိုး ညဥ့်နက်သန်းခေါင် အချိန်အခါမဟုတ် နန်းတွင်းအမတ်ကရောက်လာသည်မှာ ကောင်းသောလာခြင်းလည်းမဖြစ်နိုင်..အေးဆေးငြိမ်သက်နေတဲ့ သူ့ဘဝက ထပ်မံပြီး လှိုင်းတံပိုးတွေနဲ့ ကြုံရဦးမည်၊ သူက ထိုလူပြောမည့် စကားကိုသာနားထောင်လိုက်ပြီး ဤနန်းတွင်းအရေးမှ ရှောင်ဖို့ကိုသာ ကြိုစဥ်းစားနေတော့သည်။

" ကျွန်တော်က အရှင်မင်းကြီးရဲ့ အတွင်းနန်းဆောင်အမတ် မင်ရှန်းဖြစ်ပါတယ် အရှင့်သားကို ဂါဝရပြုပါတယ်."
အမတ်မင်က ထိုင်ရာမှထကာ ချန်ယွင်ကို ရိုသေသမှုပြု၏။ သို့ပေတည့် သူ့အပြုအမူက ရိုသေမှုထက် မခန့်လေးစားပုံပေါက်နေသည်ဟုထင်ရသည်။ သူကသာ မင်းသားတစ်ပါးကိုလေးစားမှုရှိလျှင် ချန်ယွင် ရောက်သည်နှင့် ဂါဝရပြုမည်မလွဲပေ။ ဟုန်ရွီ၏ မိတ်ဆက်ပေးမှုပြီးမှသာ နေရာမှ အေးအေးသက်သာ ထ၍နှုတ်ဆက်ပုံမှာ မထီမဲ့မြင်နိုင်လှသည်။

" ကျွန်တော်က မင်းသားတစ်ပါးရဲ့ အဆောင်အယောင်ကို စွန့်လွှတ်ပြီးတာကြာပါပြီ..ဂါဝရ ပြုစရာမလိုပါဘူး.."
ချန်ယွင်က စကားကို တည်ငြိမ်အေးဆက်မှုအပေါင်းခြုံလွှမ်းလျက် ပြောလိုက်သည်။ သူကပင် ထပ်မံ၍
" အမတ်မင်ရဲ့ လာရင်းကိစ္စကိုသာ ပြောကြားပေးပါ.."
" အာ...ကျွတ်..ကျွတ်..စိတ်မကောင်းစရာ... "

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now