မွေးနေ့ညစာစားပွဲ

313 32 0
                                    

တစ်မနက်ခင်းလုံး ဆရာသင်သမျှကို အာရုံမစိုက်နိုင်ဖြစ်နေသည်ကို ကျန်းစီကျူး သိ၏။ သူမက ၃ နှစ်ကျော်အချိန်တွင်း သူငယ်ချင်းဖြစ်သူ ကျိုးထုံကို မတွေ့ရခဲ့သောကြောင့် စိတ်လှုပ်ရှား ဝမ်းသာနေမိ၏။
ကျိုးထုံကိုပြန်တွေ့သည်နှင့် သူမက အလွန်တော်သောဆရာကို ပိုင်ဆိုင်ထားကြောင်းနှင့် ကျိုးထုံနှင့် သိုင်းပညာယှဥ်ပြိုင်ကြည့်ရန်လည်း စိတ်အားထက်သန်လျက်ရှိသည်။
နေ့လည်ခင်းမှာတော့ သူမက အိမ်ပြန်ရန်အဆင်သင့်ဖြစ်နေပြီး သူမ၏ဆရာကိုစောင့်ဆိုင်းနေ၏။ ကျိုးကျစ်လုံ က ဆရာဖြစ်သူကိုပါ ညစာစားပွဲသို့ ဖိတ်ကြားထားသောကြောင့် သူမက ဆရာဖြစ်သူနှင့် အတူတူသွားရမည်ဖြစ်သည်။
ရန်ရိရှင်းက ဒီတောထဲမှာနေခဲ့သည့်အတောအတွင်း လူတွေနေထိုင်ရာသို့မရောက်ဖြစ်ခဲ့သည်မှာကြာပြီဖြစ်သည်။ သူက ညစာစားပွဲသို့ မတက်ရောက်ချင်သော်လည်း တပည့်ဖြစ်သူ၏ ပူစာမှုကိုမလွန်ဆန်နိုင်ခဲ့ပေ။
ရန်ရိရှင်းက အဝတ်အစားကို သပ်ရပ်စွာပြင်ဆင်ပြီးနောက် ဂူအပြင်သို့ထွက်လာတော့ စောင့်ဆိုင်းနေရလို့မကျေနပ်နေသော တပည့်မကိုတွေ့၏။
သူ၏တပည့်မက ကျင့်ကြံခြင်းနှင့်သိုင်းပညာမှာ ညာဏ်ရည်မြင့်မားပြီးတော်သော်လည်း သူမ၏ အကြောက်အရွံ့ကင်းမှုက သြချရ၏။ သူ ဘယ်လောက် ဆူပူဆုံးမသော်လည်း သူမ၏ နှုတ်လှန်ထိုးမှုကိုတော့ မရပ်တန့်နိုင်ခဲ့ပေ။ ရှေ့တွင်မပြောရလျှင် နောက်ကွယ်မှာပွစိပွစိပြောနေတက်၏။ တခါတလေ ဆရာဟုတောင်သတ်မှတ်ရဲ့လား မသိတော့ပေ။ သူ့အနေနှင့် တပည့်မကို အလိုလိုက်မိတာများနေသည်ဟု ခံစားရသည်။
ခုလည်း သူမက စောင့်ဆိုင်းရလို့မကျေနပ်ပုံကို သူ့ရှေ့မှာ ထင်ထင်ရှားရှားပင် ပြသနေလေ၏။
ရန်ရိရှင်းက ခေါင်းတစ်ချက်ခါလိုက်ပြီးနောက် တပည့်မရှိရာသို့လျှောက်သွားလေ၏။...

ကျန်းစီကျူး က ဆရာကို စောင့်ဆိုင်းရလို့မကျေနပ်ဖြစ်နေသော်လည်း သူမဆရာကို တွေ့လိုက်ချိန်မှာတော့ အတွေးတွေရပ်ဆိုင်းသွားခဲ့၏။
'​ ချောလိုက်တာ...သူက ဘာလို့ဒီနေ့ ပိုချောနေတာလဲ..ကြည့်ပါဦး ပုံမှန်ဝတ်နေကြ မှုံမှိုင်းမှိုင်းအပြာရောင် မဟုတ်ပဲ..အဖြူရောင်ဝတ်ရုံရှည်က..အဲ..မဟုတ်သေးပါဘူး..ငါတော့ သေတော့မှာပဲ..သူက ငါ့ဆရာဟ..ဆရာ'
သူမက ကိုယ့်ကိုကိုယ်ကျိန်ဆဲရင်း အတွေးတွေကို အမြန်ဆုံးဖျောက်ပစ်ရ၏။ ဒါပေမယ့် သွားနေတဲ့ လမ်းတစ်လျှောက်မှာတော့ သူမ မကြာခဏခိုးကြည့်နေမိလေ၏။ သူက အဖြူရောက်ဝတ်ရုံရှည်ပေါ် ငွေရောင်ရေလှိုင်းလေးတွေထိုးထားတဲ့ ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့ရဲ့ဖြူနုနုအသားအရေက သွေးကြောစိမ်းလေးများရောယှက်နေသည်ကို မြင်နေရ၏။ ဆရာဖြစ်သူ၏ အနောက်မှလျှောက်လာသောကြောင့် သူ၏နက်မှောင်သော ဆံနွယ်တွေ.ဆံပင်ကို တစ်ဝက်ထုံးပြီး ငွေနှင့်ပြုလုပ်ထားသော နဂါးပုံပါ ဆံထိုးတစ်ခု.ပြီးပြည့်စုံသော ဆင်ယင်မှုပင်။
သူမက တစ်ချိန်လုံးဆရာဖြစ်သူကိုသာ ခိုးကြည့်နေမိပြီး ဆရာပြောစကားကိုတော့ ကြားတစ်ချက်မကြားတစ်ချက်ပင်။ သူမက ဒီ ၃ နှစ်အတွင်း ဆရာဟုသဘောထားကာ သူ၏ချောမောခန့်ညားမှုကို လျစ်လျူရှုခဲ့သော်လည်း သူမအရွယ်ရောက်လာသည်နှင့်အမျှ ဆရာ၏ ခန့်ညားမှုက ငေးကြည့်ရုံနှင့်မတင်းတိမ်နိုင်ပဲ ထိတွေ့ချင်မိစိတ်ပါ ဖြစ်ပေါ်လာသည်။ သူမက မသိမသာ သက်ပြင်းချမိပြီးနောက် ကိုယ့်ကိုကိုယ် သတိပေးနေမိ၏။
'သူက ငါ့ဆရာ..ဆရာအပေါ် ဒီလိုစိတ်မျိုးမထားသင့်ဘူး..ငါတော်တော်ဆိုးတာပဲ..ကျန်းစီကျူး.နင်ဟာလေ မိုးကြိုးပစ်ပြီး အပြစ်ခံယူသင့်တယ်..သူက ဆရာ..ငါ့ဆရာ'

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now