ကျိုးထုံက သူ့အကို ၂ ကို အလျင်အမြန်ပွေ့ချီပြီး ရေပြင်ပေါ်သို့ကူးခပ်သွားတော့သည်။ သူက ပေါက်ကွဲမှုဖြစ်သွားသည့်နေရာသို့ ကြည့်လိုက်ပေမယ့် ရွံ့များဖုံးအုပ်နေသေညကြောင့် သူတို့ကို တိုက်ခိုက်သည့် ထိုဝဲဂယက်၏ မူလပုံစံကို မတွေ့ခဲ့ရပေ။ သူက အကို ၂ ကို ကမ်းပေါ်သို့ဆွဲတင်ရင်း နှစ်ဦးသားဟာ ကမ်းပေါ်မှာပင် အမောဖြေနေခဲ့ကြလေသည်။
" အားယား...မြစ်ထဲက အရှုံးသမားတွေက ဘယ်သူများလဲမှတ်တယ်..လက်စသတ်တော့ ရန်သူတော်အဟောင်းကြီးပဲ..."
ကျိုးထုံက အမောဖြေနေရာမှ အသံကြားရာဘက်သို့လှည့်ကြည့်လိုက်သည်။ လူနှစ်ယောက်က သူတို့ရှိရာဘက်သို့ လျှောက်လာနေပြီး ထိုလူနှစ်ယောက် မျက်နှာမြင်သည်နှင့် သူ့ဒေါသတို့ ထောင်းခနဲ ထွက်လာခဲ့သည်။
' ဒီမောင်နှမပါလား..သူတို့က ဘယ်လိုလုပ်.ဒီနေရာကိုရောက်နေတာလဲ..' သူ့ရဲ့အတွေးတွေက ရှုက်ယှက်ခက်နေတုန်း အကို၂က လှဲနေရာမှ ထဖို့အားယူနေသောကြောင့် သူ တွဲထူပေးလိုက်သည်။
မှန်ပါတယ် ထိုနှစ်ယောက်က ကျိုးထုံနှင့် ကျိုးရွာတွင် ရန်ဖြစ်ခဲ့ကြသော မောင်နှမ နှစ်ယောက်ဖြစ်လေသည်။
ထိုမောင်နှမက သူတို့ရှိရာသို့လျှောက်လာရင်း မလှမ်းမကမ်းတွင်ရပ်လိုက်သည်။ မိန်းကလေး ၏ မျက်နှာက လှောင်ပြုံးပြုံးရုံတင်သာမက ရယ်သံလေးပင် စွတ်လိုက်သေးသည်။
" ခစ်..ခစ်..အကို သူတို့ကိုကြည့်စမ်းပါဦး..ရေနစ်ထားတဲ့ ခွေးစုတ်လေးတွေနဲ့ မတူဘူးလား.ခစ်..ခစ်."
"မင်း..ပါးစပ်ပိတ်ထား.."
ကျိုးထုံက အော်ဟစ်ငေါက်ငမ်းလိုက်ပြီး တိုက်ခိုက်ရန်အတွက် သူ၏ဓားကို တစ်ပြိုင်နက် ဆွဲထုတ်လိုက်သည်။
သို့သော် ချန်ယွင် က သူ၏လက်ကို အသာအယာဖမ်းဆုပ်လိုက်ရင်း တားလိုက်၏။
" ညီလေး..မရိုင်းရဘူး.သူတို့က ငါတို့အသက်ကို ကယ်ခဲ့တဲ့သူတွေ..ရန်ကြွေးရှိရင် နောက်မှရှင်းပါ.."
" အကို ၂.."
" ညီလေး.."
ချန်ယွင်က သူ့ကိုခေါင်းခါယမ်းပြပြီး မတိုက်ခိုက်စေလိုသည့် အမူအယာကြောင့် ကျိုးထုံဟာ လက်လျော့လိုက်ပြီး သူ၏ ဓားကို ပြန်သိမ်းလိုက်သည်။
" ဘာလဲ..ကြောက်လို့လား..တိုက်ကြမယ်လေ..ဘာလို့ဓားကို သိမ်းလိုက်တာလဲ..အရှုံးသမား."
မိန်းကလေးက ထပ်တိုးရန်စမှုကိုပြုလိုက်သော်လည်း..သူ၏ အကိုဖြစ်သူက သူ့ညီမ၏ ပါးစပ်ကို လက်နဲ့ပိတ်လိုက်ရင်း ဟန့်တားလိုက်သည်။
ထိုနောက် ချန်ယွင် ကို ရိုသေမှုပြုလိုက်ပြီး နှုတ်ဆက်လိုက်လေသည်။
ВЫ ЧИТАЕТЕ
ကံကြမ္မာနှင့်ယှဥ်၍
Исторические романыနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...
