တည်းခိုခန်း ၏ အောက်ထပ်စားသောက်ဆိုင်တွင် ကျိုးကျစ်လုံ က စားပွဲအပြည့်ဟင်းလျာများနှင့် စောင့်ဆိုင်းနေသည်။
အယ်..
ကျိုးကျစ်လုံ၏ သောက်လက်စ ရေနွေးကြမ်းကို ပြန်မှုတ်ထုတ်မိတော့မလိုပင်..သူ့ တူမက မဝတ်စဖူး မိန်းကလေးအင်္ကျီ ကို ဝတ်ထားပါလား..ပြီးတော့..အရောင်ကြီးကလည်း တောက်လိုက်တာ..အလှတွေလည်းပြင်ထားတယ်..ဆံပင်တွေလည်း ပြင်ထား..မသိရင် ပွဲတော်တစ်ခုခုသွားမည့်အလားပဲ..ဒီကလေးမ ဘာတွေများဖြစ်သွားတာလဲ..ဆေးကြောင့် ဦးနှောက် ထိခိုက်သွားတာလား...
ကျန်းစီကျူး ကတော့ သူမဆရာနောပ်မှနေ၍ လှပသိမ်မွေ့သော မိန်းကလေးတစ်ဦးပမာ.အိနြေ္ဒ ရလျက်..
စားသောက်ဆိုင်၏ လူအများက မတိုင်ပင်ပါပဲ သူတို့နှစ်ယောက်ဆီ မျက်လုံးရောက်သွားတာတော့အမှန်ပေ..နတ်ဘုရားတပါးအလား တည်ကြည်ခန့်ညားသော သခင်လေးတစ်ဦးနှင့် ချောမောလှပသော သခင်မလေး...ဘယ်လောက်တောင် ကြည့်လို့ကောင်းနေမှုကြီးလဲ..တစ်ခုပဲ..ထိုမိန်းကလေး၏ အဝတ်အစားကတော့..နည်းနည်း အပျော်မယ်ဆန်နေသလိုမျိုးပဲ...
ရန်ရိရှင်း နှင့် ကျန်းစီကျူး တို့ ကျိုးကျစ်လုံ ကို နှုတ်ဆက်ပြီး စားပွဲတွင် ဝင်ထိုင်လိုက်သည်။
ကျိုးကျစ်လုံ - ကျူးအော်..လက်က အဆင်ပြေသွားပြီလား..ခန္ဓာကိုယ် ရော ဘယ်လိုနေသေးလဲ..
ကျန်းစီကျူး - ဟုတ် ဦးလေးကျိုး..အားလုံးကောင်းသွားပြီ..လုံးဝ နာကျင်မှုသေးသေးလေးတောင် မရှိတော့ဘူး..ဆရာပေးတဲ့ ဆေးက အရမ်းစွမ်းတာပဲ..
ကျိုးကျစ်လုံ - ဆရာရန် ကို ထပ်ပြီးကျေးဇူးတင်ပါတယ်..ဆရာရန်က ကျူးအော်အတွက် တကယ်ကောင်းတဲ့ ဆရာတစ်ယောက်ပါပဲ..
ရန်ရိရှင်း - ရပါတယ်..သူက ကျွန်တော့်တပည့်ပဲလေ..ဂရုစိုက်ရမှာပေါ့..
ကျန်းစီကျူး -ဟီးဟီး..ဘာပဲပြောပြော အခု ဆရာ့ကျေးဇူးကြောင့် လက်လွှတ်ရတော့မယ့် တောင်ကြားတိုက်ပွဲကို ဝင်ခွင့်ရပြီ..ဆရာ..ဆရာက အကောင်းဆုံးပဲ..သိလား..
ရန်ရိရှင်းက ရေနွေးကြမ်း တစ်ခွက်ကိုသာ စိမ်ပြေနပြေ သောက်နေလိုက်တော့သည်။
ВЫ ЧИТАЕТЕ
ကံကြမ္မာနှင့်ယှဥ်၍
Исторические романыနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...
