ကျိုးသခင်မပြင်ဆင်ထားသော မွေးနေ့စားပွဲက ကြီးမားလှကာ သူတို့ ၅ ယောက်စားဖို့အတွက် များပြားလွန်းလှသည်။ လောလောဆယ်တော့ စားပွဲဝိုင်းတွင် ယောက်ျား ၃ ယောက်သာ ထိုင်နေကြပြီး မွေးနေ့ရှင် ကျန်းစီကျူးနှင့် ကျိုးသခင်မကို စောင့်ဆိုင်းနေ၏။
ကျိုးသခင်မက ကျန်းစီကျူး၏ မွေးနေ့လက်ဆောင်အဖြစ် အစိမ်းရောင် ဝတ်စုံတစ်ထည်ကိုပြင်ဆင်ထားပြီး ကူညီပြင်ဆင်ပေးနေသည်။ ကျန်းစီကျူးက မိန်းကလေးဝတ်စုံမဝတ်ခဲ့သည်မှာ အချိန်ကြာမြင့်နေခဲ့ပြီဖြစ်ပြီး သူမအတွက် သက်တောင့်သက်သာမရှိသလိုပင် ခံစားနေရသည်။ ကျိုးသခင်မက ကျန်းစီကျူး ၏ ဆံပင်ကို အဆင်ဆင့်ထုံးပေးပြီးနောက် ကျောက်စိမ်းနှင့် ရွှေကိုရောယှက်ပြုလုပ်ထားသည့် ဆံထိုးတစ်ခုကို ထိုးပေးလိုက်သည်။ သူမက ထပ်မံ၍ ကျောက်စိမ်းဆွဲသီးပါ ဆွဲကြိုးတစ်ခုကို ဝတ်ဆင်ပေးရန်ပြင်လိုက်တော့ ကျန်းစီကျူးက ဟန့်တညးလိုက်ရသည်။
" ဒေါ်လေး.. ကျူးအော်မှာ မေမေပေးထားတဲ့ ဆဲဲကြိုးလေးရှိလို့ မဆွဲတော့ဘူး..ခုတောင် ကျူးအော်ကို ဆင်ထားတာ တော်တော်များနေပြီ..တော်လိုက်ကြရအောင်နော် ဒေါ်လေး.."
" ဟုတ်သားပဲ.. ဒေါ်လေး မေ့သွားတယ်.." ကျိုးသခင်မ က ကျန်းစီကျူး ၏ ပါးကိုအသာအယာလိမ်ဆွဲလိုက်ပြီး ပြုံးလိုက်၏။
" ကျူးအော်က ပြင်စရာမလိုပဲနဲ့တောင် ချောနေတာ ခု ပြင်ဆင်လိုက်တော့ နတ်သမီးလေးအတိုင်းပဲ..ခုချိန်..နတ်ဘုရားတစ်ပါးပါးမြင်ရင်..ကျူးအော်ကို ချက်ချင်းဖမ်းခေါ်သွားလောက်တယ်..ခစ်.ခစ်"
" ဟာ..ဒေါ်လေးကလည်း..မြှောက်နေပြန်ပြီ.."
" လာ..အပြင်က လူတွေ အံ့သြသွားအောင် ပြလိုက်ကြစို့.."
အပြင်ဖက်တွင်တော့ ယောကျာ်းသား ၃ ယောက်က ထမင်းဟင်းများကို ရှေ့တွင်ချရင်း ထိုင်စောင့်နေကြ၏။ ကျိုးထုံက အစားအသောက်မက်သူဖြစ်သောကြောင့် တံတွေးကို အကြိမ်ကြိမ်မြိုချရင်း သည်းခံနေရ၏။ သူက ကျန်းစီကျူး ၏ ဆရာဖြစ်သူ ရန်ရိရှင်း ကို တိတ်တဆိတ်အကဲခပ်ရင်း စိတ်ထဲမှလည်းမနာလိုဖြစ်နေသည်။
' မလိုအပ်ပဲ ချောလွန်းအားကြီးတယ်..ကျင့်ကြံဆင့်ကလည်းမြင့်..ဒီလိုတည်ကြည်တဲ့ပုံစံနဲ့..ဟူး..ကျူးအော်ကို သူ့နားထားရမှာ..မကောင်းဘူး..'
ရေနွေးကြမ်းသောက်နေသော ရန်ရိရှင်းက ကျိုးထုံ သူ့ကို ကြည့်နေတာကို မျက်ဝန်းထောင့်မှ မြင်နေရ၏။ ဒီကောင်လေးက သူ့ကို ကြည်ပုံမရသလို သူကလည်း သူ့ကို ကြည့်လို့မရဖြစ်နေသည်။ သူက ထိုကောင်လေးကို စိတ်ထဲမှထုတ်လိုက်ပြီး အခန်းဝမှ အရိပ်ကြောင့် အကြည့်ရောက်သွားသည်။
ပုတီးစေ့လိုက်ကာတွေကို တွန်းဖယ်ပြီး ကျိုးသခင်မက အခန်းတွင်းဝင်ရောက်လာပြီး သူမနောက်မှ ကျန်းစီကျုးက လိုက်လာသည်။
ကျန်းစီကျူးက အစိမ်းရောင်မိန်းကလေးဝတ်စုံကို ဝတ်ဆင်ထားပြီး သူမက သူမနှင့်မတူသလိုပင်၊ သူမက အိန္ဒြေကြီးသော သခင်မလေးတစ်ယောက်ကဲ့သို့ တစ်လှမ်းချင်းလျှောက်ဝင်လာပြီးနောက် သူမ၏ အလှအပက တစ်ခန်းလုံးကိုလွှမ်းခြုံထားသလိုပင်၊ ပြုံးစစရှိနေသော နှုတ်ခမ်းတစ်စုံက ရွှန်းစိုနီရဲပြီး သူ သတိလက်လွတ်စိုက်ကြည့်မိသည့်အထိပင်။
" ဖူး..အဟွတ်..ဟွတ်"
ကြားလိုက်ရတဲ့ အသံကြောင့် သတိပြန်ဝင်လာပြီး ကိုယ့်ကိုကိုယ်ဆုံးမမိ၏။ တပည့်မတစ်ယောက်အပေါ် မရိုးသားသလိုဖြစ်နေခဲ့မိသည်။
VOCÊ ESTÁ LENDO
ကံကြမ္မာနှင့်ယှဥ်၍
Ficção Históricaနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...