နောက်တစ်ကြိမ် ဆရာတပည့် အဖြစ်သို့ ၂

234 28 0
                                    


ရန်ရိရှင်း ၏ လက်ထဲမှ အလင်းတန်းငယ် ပျောက်ကွယ်သွားချိန်မှာတော့ ရွှေရောင်ဘူးငယ်လေးတစ်ဘူးကိုတွေ့ရသည်။

အရက်ပုလင်းငယ်ကဲ့သို့ ပြုလုပ်ထားသော ထိုရွှေရောင်ပုလင်းငယ်လေးတွင် ရတနာပစ္စည်းများဖြင့် စီကာ အလှဆင်ထားသေးသည်။
ကျန်းစီကျူး နှင့် ကျိုးကျစ်လုံ က ထိုပုလင်းငယ်ကို တစ်လှည့် ရန်ရိရှင်းကိုတစ်လှည့် ကြည့်နေကြပြီး သူတို့အနေနဲ့ ဒီလောက်လှပတဲ့ တန်ဖိုးကြီးပုလင်းမျိုးကို မမြင်ဖူးခဲ့ပေ..

ရန်ရိရှင်း - ဒါက အနာကျက်ဆေးပဲ..ဒီဆေး ၂ စက်ကို ပျားရည်အရက်နဲ့ ရောသောက်လိုက်တာနဲ့ ခန္ဓာကိုယ် မှာ ရှိသမျှ ဒဏ်ရာတွေအကုန်လုံးကို ချက်ချင်းကျက်သွားစေလိမ့်မယ်...

ကျိုးကျစ်လုံ - ဒါက ဒီလောက်တောင် အစွမ်းထက်တယ်လား..ကျွန်တော်က တောတွင်းမှာနေတဲ့မုဆိုးတစ်ယောက်ပေမယ့် ဗဟုသုတ အနည်းငယ်တော့ရှိပါတယ်..ဒီလိုဆေးမျိုးကိုတော့ ဘုရင့်နန်းတွင်းမှာတောင်ရှိတယ်လို့ မကြားမိဘူး..ဆရာရန် ဒီဆေးက တကယ်ပဲ သောက်လို့ အဆင်ပြေပါ့မလား..တမျိုးတော့ မမြင်ပါနဲ့..တခြားဘေးထွက်ဆိုးကျိုးတွေများ...

ကျန်းစီကျူး-...

ရန်ရိရှင်း - ဒီဆေးက တကယ်ရှားပါးတဲ့ ဆေးတမျိုးပါ..ကျွန်တော်က ကံကောင်းမှုတချို့ကြောင့် ပိုင်ဆိုင်ထားတာပါ..စိတ်ချလက်ချ သောက်လို့ရပါတယ်..

ကျိုးကျစ်လုံ - ကောင်းပါပြီ.. ဆရာရန်ကို ရိုင်းပျသလိုဖြစ်သွားမိပြန်ပါပြီ..

တစ်ချိန်လုံး ငြိမ်နေသော ကျန်းစီကျူး က တစ်ခွန်းထဲ ဝင်ပြောလိုက်သည်။

" ဆေးက ခါးလား..ဆရာ"

ရန်ရိရှင်း သူ့တပည့်ကို မျက်လုံးမှေးပြီး စိတ်ပျက်လက်ပျက် ကြည့်လိုက်၏။ သူ စောင့်ရှောက်လာခဲ့သည့် တချိန်လုံး ဒီကလေးမ၏ ဆေးခါးကြောက်ရောဂါကို သူ ကောင်းကောင်းသိနေခဲ့သည်လေ။

ရန်ရိရှင်း - မခါးပါဘူး..ပျားရည်အရက် အရသာပဲ ရမှာ..

ကျန်းစီကျူး - သိသားပဲ..ဆရာ တိုက်တဲ့ဆေးတိုင်းက ဘယ်တော့မှ မခါးဘူးဆိုတာ..

ကံကြမ္မာနှင့်ယှဥ်၍Nơi câu chuyện tồn tại. Hãy khám phá bây giờ