ကောင်းကင်ဓား ဂိုဏ်း

397 37 0
                                    

Unicode

ကျန်းစီကျူး ရွာသို့ပြန်ရောက်ပြီးနောက် သူမ၏ ခြေထောက်ဒဏ်ရာကို တစ်လခန့် ဆေးကုသရသည်။ ဒါအပြင် ကျိုးဦးလေး၏ တစ်ချက်လွတ်အမိန့်ကြောင့် သူမ သက်သာလာသော်လည်း တောထဲသို့သွားခွင့်မရပေ။ တောဝက်က ရွာအစပ်ထိလိုက်ပို့ပေးပြီးနောက် ရွာရှိလူတစ်ယောက်က သူမကိုတွေ့ပြီး အိမ်ပြန်ခေါ်သွားပေးသည်။ ထိုအချိန်မှာ ရွာက မုဆိုးအချို့နှင့် ဦးလေးကျိုးတို့က သူမကို တောတွင်းလိုက်ရှာနေချိန်ဖြစ်သည်။
ဦးလေးကျိုးတို့ အိမ်ပြန်ရောက်လာပြီး မဆုံးနိုင်တဲ့ဆူပူမှုများကို နာရီအတန်ကြာ နားထောင်လိုက်ရသေးသည်။ သူမက ခြေထောက်ကျိုးသည့်အကြောင်းနှင့်ပတ်သတ်၍ အမှန်တိုင်းပြောပြသော်လည်း ထိုလူ..အပြာရောင်မျက်ဝန်းပိုင်ရှင် အကြောင်းကိုမူ ထိန်ချန်ထားလိုက်သည်။
ထိုလူနှင့်ပတ်သတ်၍ အနည်းငယ်ပိုသိအောင်ကြိုးစားပြီးမှ ပြောပြမည်ဟု စိတ်ထဲတေးမှတ်ထားလိုက်၏။ အခုတော့ ကျန်းစီကျူး တစ်ယောက် အရမ်းပျင်းနေလေပြီ..သူမက အိမ်ထဲမှ အိမ်ပြင်ထွက်ခွင့်မရပဲ တစ်ချိန်လုံး အိပ်လိုက်စားလိုက်ဖြင့်သာ နေနေရတော့သည်။

ကောင်းကင်ဓား ဂိုဏ်း...
ချန်နိုင်ငံ၏ မင်းနေပြည်တော်မြို့နှင့် မဝေးသောအရပ်တွင် မုယန်းမြို့တည်ရှိသည်။ မုယန်းမြို့သည် ချန်နိုင်ငံ၏ အစည်ကားဆုံးမြို့ဟု သတ်မှတ်နိုင်သည်။ ထိုမြို့က ကုန်သွယ်မှုဖွံဖြိုးသည့်အပြင် နာမည်ကျော် ကျင့်ကြံခြင်းဂိုဏ်း ကောင်းကင်ဓားဂိုဏ်း အခြေစိုက်ရာဒေသလည်းဖြစ်သည်။ မုယန်းမြို့တွင် အနယ်နယ်အရပ်ရပ်မှ ကျင့်ကြံသူ တို့အသုံးပြုသည့် မှော်လတ်နတ် မှော်ပစ္စည်း မှော်ဆေး များနှင့် အသုံးအဆောင်များကို ဝယ်ယူနိုင်ပြီး အနယ်နယ်အရပ်ရပ်မှ မြောက်မြားလှစွာသော ကျင့်ကြံသူတို့ လာရောက်လည်ပတ်ရာနေရာလည်းဖြစ်သည်။ ဒါ့အပြင် ဆန္ဒ ရှိပါက မိမိ၏ စွမ်းအားများကို ပြသနိုင်သည့် မုယန်းသွေး​မြေပြင်ဟုခေါ်သည့် တိုက်ခိုက်ရေးနေရာတစ်ခုလည်းရှိသည်။ ထိုနေရာက မုယန်းမြို့ပြင် တောင်ကြားတစ်နေရာတွင်ရှိပြီး မိမိစိတ်တိုင်းကျ စိမ်ခေါ်တိုက်ခိုက်မှုများကိုလုပ်နိုင်သည်။ ထို သွေးမြေပြင်သို့ မဝင်ရောက်မှီတွင် သဘောတူစာချုပ်ချုပ်ဆိုရပြီး ထိုနေရာတွင် လူသတ်မှုကို ခွင့်ပြုထားသည်။ အများစုသော ကျင့်ကြံသူ တို့က အတွေ့အကြုံရရန်ဝင်ရောက်ယှဥ်ပြိုင်ကြပြီး တချို့က ပြင်ပမှရန်ကြွေးကြောင့် သူသေကိုယ်သေတိုက်ရန် ဝင်ရောက်ကြသည်။ မည်သို့ပင်ဖြစ်စေ ထိုနေရာသည် လူသတ်ရန်ခွင့်ပြုပေးထားသည့် နေရာတစ်ခုဟုသတ်မှတ်နိုင်လေသည်။

ကံကြမ္မာနှင့်ယှဥ်၍Tempat cerita menjadi hidup. Temukan sekarang