တစ်ခြမ်းပဲ့လဟာ ကောင်းကင်ယံမှာ ငြိမ်သက်စွာ ချိတ်ဆွဲခံထားရသည်။ တိမ်ကင်းစင်တဲ့ ကောင်းကင်မှာ ကြယ်များ ဟိုတစ်ပွင့် ဒီတစ်ပွင့်...
တောအုပ်အလယ် ရေကန်နံဘေး မီးပုံဖိုကာ အနားယူနေသည့် လူနှစ်ယောက်...ကျန်းစီကျူး နှင့် ရန်ရိရှင်း ဟာ ရေကန်နံဘေး ကျောက်တုံးအချို့ကိုမှီလျက် အနားယူနေခဲ့ကြသည်။ ဇီဇာကြောင်သည့် သူမဆရာဟာ သက်တောင့်သက်သာရှိသည့် မြို့ပေါ်တည်းခိုခန်းများထက် တောအတွင်း နေရတာ ပိုနှစ်သတ်လေတော့ ညဘက်စခန်းချခြင်းကို တောအတွင်းတွင်သာ ပြုမူလေသည်။
သူမတို့နှစ်ယောက် မိုယန်းမြို့မှ ထွက်ခွာလာခဲ့သည်မှာ ရက်အတန်ကြာခဲ့ပြီဖြစ်သည်။ ကောင်းကင်ဓားဂိုဏ်းမှာတော့ ရှုပ်ထွေးမှုတွေရှိနေခဲ့ပြီး ကျိုးထုံကို ထားရစ်ခဲ့ရတာ စိတ်မသက်မသာဖြစ်စေသည်။
မိစ္ဆာနယ်မြေမှ ထွက်လာသည်နှင့် ဟုန်ကုမင်သေဆုံးမှု မိစ္ဆာနယ်မြေ ပြိုကျမှုတို့ဟာ အပြင်ဘက်ရှိ ဂိုဏ်းဂဏအသီးသီးထံ သက်ရောက်မှုရှိခဲ့သည်။ လူအများ၏ အာရုံစိုက်မှုကို ခံရမည်စိုးသောကြောင့် ကျိုးထုံနှင့် အကိုချန်တို့က သူမတို့ကို အရင်ထွက်သွားစေခဲ့ခြင်းဖြစ်သည်။သူမက ထွက်သွားဖို့ အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပေမယ့် အကိုချန်၏ ကျိုးထုံအတွက် စိတ်ချပါကြောင်း အကြိမ်ကြိမ်ကတိပေးမှုများနှင့် ကျိုးထုံ၏ ခေါင်းမာမှုများကြောင့် သူမနှင့် သူမဆရာတို့ အရင်ဆုံးထွက်ခွာလာခဲ့ရသည်။
တကယ်တော့ ကျိုးထုံအတွက် အခြေအနေများက သိပ်တော့မလွယ်ကူပေ...ဟုန်ကုမင် မသေဆုံးမှီ ရန်ပွဲများအကြောင်းနှင့် သူ၏ ကလန်ကဆန်လုပ်မှုများကိုတော့ ဂိုဏ်းစည်းကမ်းနှင့်အညီ အပြစ်ခံယူရဦးမည်ဖြစ်သည်။ သူက ထိုအခြေအနေထဲ သူမပါမည်စိုး၍ အတင်းတွန်းထုတ်နေမှန်းကိုတော့ သူမလည်း ကောင်းကောင်းသိနေခဲ့သည်။"ရော့.."
မီးပုံထဲမှ ကန်စွန်းဥမီးဖုတ်ကို ရန်ရိရှင်းက ယူဆောင်ပေးလိုက်သည်။
သူမက ဆရာဖြစ်သူလက်ထဲမှ ကန်စွန်းဥကို လှမ်းယူရင်း စကားစလိုက်သည်။
![](https://img.wattpad.com/cover/208506452-288-k665559.jpg)
ESTÁS LEYENDO
ကံကြမ္မာနှင့်ယှဥ်၍
Ficción históricaနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...