Unicode
နောက်တစ်နေ့မှာတော့ ကျန်းစီကျူးဟာ သူ၏ ဦးလေးကျိုးကို တားမြစ်တောသို့ခေါ်ဆောင်လာပြီး ဆရာဖြစ်သူနှင့် ပေးတွေ့ခဲ့၏။
ကျိုးကျစ်လုံ က ကျန်းစီကျူးစကားကို ယုံတစ်ဝက် မယုံတစ်ဝက်နှင့် လိုက်လာခဲ့ရသည်။
" ဆရာ..ဆရာ..ကျွန်မတို့ရောက်ပြီ"
ကျန်းစီကျူးက စမ်းချောင်းတစ်ဖတ်ခြမ်းမှ အသံပြုပြီးနောက် ကျိုးကျစ်လုံ၏ လက်ကိုဆွဲကာ ဂူထဲသို့ဝင်လာသည်။ သူမ၏ ဆရာက ဂူထဲရှိ လက်ဖက်ရည်စားပွဲတွင်ထိုင်ရင်းမှ ကြည့်နေသည်။ သူမက သွက်လက်စွာဖြင့်ပင် ကျိုးကျစ်လုံနှင့် ဆရာဖြစ်သူကိုမိတ်ဆက်ပေး၏။
" ဦးလေးကျိုး သူက သမီးပြောတဲ့ သမီးရဲ့ဆရာပါ..ဆရာရဲ့ နာမည်က..အဲ..ဆရာ..ဆရာနာမည် ကျွန်မ မသိသေးဘူး"
သူမက မိတ်ဆက်ပေးချိန်ရောက်မှ ဆရာဖြစ်သူ၏ နာမည်ကို မသိရသေးမှန်သိလိုက်သည်။
" ကျွန်တော်က ရန်ရိရှင်း လို့ခေါ်ပါတယ်..တစ်ကိုယ်တော် ကျင့်ကြံခြင်းသမား တစ်ယောက်ပါပဲ"
သူက ကိုယ်တိုင်နှုတ်ဆက်လိုက်ပြီးနောက် ကလေးမ၏ ဦးလေးဖြစ်သူကို အကဲခက်လိုက်သည်။
" ကျွန်တော်က ကျိုးကျစ်လုံ ပါ..တောင်ကြောတစ်ဖတ်ခြမ်းက ကျိုးရွာရဲ့ ရွာသူကြီးပါ..စိတ်မရှိဘူးဆိုရင် မေးခွန်းနည်းနည်းလောက်မေးလို့ရမလား"
ကျိုးကျစ်လုံကလည်း သူ့ကို အကဲခတ်သည့်အကြည့်ဖြင့်ဖြေပြီး ပြန်လည်နှုတ်ဆက်လိုက်သည်။
" မေးစရာရှိတာ မေးပါ"
သူက ခေါင်းညိမ့်လိုက်ပြီးနောက် ကျိုးကျစ်လုံကို လက်ဖက်ရည်စားပွဲ တွင်ထိုင်ရန် လက်ပြလိုက်သည်။ ထိုနောက် ကျန်းစီကျူးကို မူ အပြင်တွင်သွားနေရန် စေခိုင်းလိုက်သည်။ သူမက နှုတ်ခမ်းတစ်စုံဆူသွားပြီး အပြင်သို့ထွက်သွား၏။
" ကျွန်တော်က ကျန်းစီကျူးရဲ့ အုပ်ထိန်းသူဖြစ်နေတာကြောင့် သူမရဲ့ လုံခြုံရေးအတွက် မေးစရာရှိတာ မေးရမှာမိုလို့ စိတ်မရှိပါနဲ့"
" ရပါတယ်..အားမနာပါနဲ့"
ရန်ရိရှင်း က ရေနွေးကြမ်းတစ်ခွက်ငှဲ့ပေးလိုက်ရင်း စကားလမ်းကြောင်းဖွင့်ပေးလိုက်၏။
" အရင်ဆုံး အဆွေတော်က ဘယ်လိုကျင့်ကြံခြင်းကို သုံးတာလဲသိချင်ပါတယ်."
" ကျွန်တော်က တာအိုကျင့်စဥ်ကိုအခြေခံပြီးကျင့်ပါတယ်..ကောင်းကင်ဘုံရဲ့ အဆိုအမိန့်တွေက ကျွန်တော့်ရဲ့လမ်းပြပါပဲ"
YOU ARE READING
ကံကြမ္မာနှင့်ယှဥ်၍
Historical Fictionနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...
