Unicode
ကျန်းစီကျူးကို ချုပ်ထားသောလူသည် လည်ပင်းမြှားတန်းလန်းနှင့် လဲကျသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် မြှား နှစ်စီးဆက်တိုက်ထွက်ပေါ်လာပြီး လူနှစ်ယောက်ထပ်မံလဲကျသွားပြန်သည်။
" အားလုံး မြှားက ဘယ်ကလာတာလဲ မြန်မြန်ရှာကြစမ်း...လခွမ်း...ချောင်ခိုတိုက်ခံရပြီ... ခိုးကြောင်ခိုးဝှက်ကောင်ကို မြန်မြန်ရှာကြ..."
ရဲမတ်ခေါင်းဆောင် ပြောနေစဥ်အတွင်းမှာပင် မြှားနှစ်စင်းက ဆက်တိုက်ထွက်လာပြန်သည်။ တစ်စင်းက ရဲမတ်တစ်ယောက်ရဲ့လည်ပင်းကို ထိသွားပြီး နောက်တစ်စင်းက ရဲမတ်ခေါင်းဆောင်ဆီသို့။ ခေါင်းဆောင်က အလျင်ရှောင်တိမ်းလိုက်ပြီးနောက် ညာဘက် ချုံပုတ်ရှိရာသို့ ညွှန်ပြလိုက်သည်။ ရဲမတ်အချို့က ချုံပုတ်ရှိရာဆီသို့ ဝိုင်းလိုက်သော်လည်း ချုံ၏ အနောက်တွင်မည်သူမျှ ရှိမနေပေ။
" အား.."
"အား."
အော်သံနှစ်ချက် ထပ်မံထွက်ပေါ်လာပြီး ရဲမတ်နှစ်ယောက် လဲကျသွားပြန်သည်။ ရဲမတ်ခေါင်းဆောင် လည်း စိတ်တိုလာပြီး သူ့လူများကို အော်ဟစ်နေတော့၏။
" မသေချင်ရင် မျက်စိရှင်ရှင်ထားကြစမ်း... လူခွဲပြီး လိုက်ရှာကြ...ဒီ မြေကြွက်ကောင်ကို တွေ့အောင်ရှာကြစမ်း.."
ရဲမတ်များလည်း လူစုခွဲလိုက်ကြပြီး အနီးအနားပတ်ဝန်းကျင်ကို ဖြန့်ကျက်ရှာကုန်၏။ ထိုအခြေအနေကို ကျန်းစီကျူးက မြင်းပေါ်မှ စောင့်ကြည့်နေပြီး ထွက်ပြေးရန် အခါအခွင့်ကို ရှာနေသည်။
" အား.."
" ဒီမှာတွေ့...အ..."
ရဲမတ်တွေ၏ အော်သံထွက်ပေါ်လာပြီးနောက် ထိုနေရာသို့ရဲမတ်များစုရုံးသွားကြ၏။
" အား.."
" အင့်..."
"အ.." ရဲမတ်တချို့၏ အော်သံဆက်ထွက်လာပြီးနောက် ချုံနောက်မှ လူတစ်ယောက်ထွက်ပေါ်လာပြီး ရဲမတ်များနှင့် စတင်တိုက်ခိုက်တော့သည်။ ကျန်းစီကျူးသည် တိုက်ခိုက်ရာနေရာနှင့် အတန်ငယ်လှမ်းနေသောကြောင့် ထိုလူကို မမြင်ရပေ။ သို့သော် သိုင်းပညာကောင်းမွန်မည့် လူတစ်ယောက်ဟု ခန့်မှန်းမိသည်။ ကျန်းစီကျူး အားစောင့်ကြည့်နေသည့်ရဲမတ်မှာ နှစ်ယောက်သာရှိတော့သဖြင့် ကျန်းစီကျူး က မသိမသာ မြင်းပေါ်မှ လျှောဆင်းရန်ပြင်လိုက်သည်။
ရွှီ...ဒုတ်..
"အ.."
မြင်းပေါ်မှ လျှောဆင်းရန်ပြင်နေသော ကျန်းစီကျူး ၏ မျက်စိရှေ့မှ မျှားတစ်စီးဖြတ်သွားပြီး အစောင့်တစ်ယောက် လဲကျသွားသည်။
နောက်တစ်ယောက်က လှည့်ပြီးမြှားလာရာဘက်သို့ကြည့်ချိန်တွင်ပင် နောက်မြှားတစ်စင်းက အစောင့်၏ ရင်ဘက်ကို ထပ်မံစိုက်သွားလေသည်။ ကျန်းစီကျူး မှာ မြင်းပေါ်ကဆင်းနေရင်းတန်းလန်းကြောင်အ ပြီးရပ်နေမိ၏။
" မင်း ဘယ်မှ လျှောက်မသွားပဲ အဲ့မှာနေတာပိုကောင်းမယ်..."
အသံနှင့် အတူ ချုံပုတ်ကြီးတစ်ခုနောက်မှ ထိုအရာထွက်လာသည်။
ဝံပုလွေ...ဝံပုလွေလား...
ကျန်းစီကျူး မြင်ရသည်က ဝံပုလွေတစ်ကောင်...ကျောမှာ မြှားကျည်တောက်ဘူးကို လွယ်ထား...လက်မှာ လေးကိုကိုင်၍... ချုံပုတ်ထဲမှ တိုးထွက်လာသည်။..နေပါဦး.. ဝံပုလွေက မြှား ဘယ်လိုပစ်...
သူမ အတွေးမဆုံးခင်ပင် ဝံပုလွေက မတ်တပ်ထရပ်လိုက်သည်။
ကောင်လေးတစ်ယောက်...ဝံပုလွေ အရေခွံချုံထားတဲ့ ကောင်လေးတစ်ယောက်...ကောင်လေးဆိုသည်ထက်... ကလေးတစ်ယောက်...
ထိုကောင်လေး၏ မျက်နှာက ဖုန်နှင့် အမှိုက်များ ကပ်ညိနေပြီး သူမကို မျက်လုံးများပိတ်သွားသည်ထိ...ရယ်ပြလိုက်သည်။
" မကြောက်နဲ့...ဟိုဘက်မှာ တိုက်နေတာက ငါ့အဖေ...နင်.ဒီမှာပဲ စောင့်နေ..ငါ အဖေ့ကို သွားကူလိုက်ဦးမယ်..."
ကောင်လေးက ပြောပြီး တိုက်ပွဲရှိရာဘက်ဆီသို့ ပြေးထွက်သွား၏။ သူက တိုက်ပွဲနှင့်မလှမ်းမကမ်းက သစ်ပင်ပေါ်သို့ ကုတ်တက်သွား၏။ သူ့ပုံစံက မျောက်တစ်ကောင်ကဲ့သို့ပင်။ သစ်ပင်ပေါ်အရောက်တွင် ကျောဘက်မှ မြှားတစ်စင်းကို ဆွဲထုတ်ပြီး တိုက်ပွဲထဲသို့ပစ်သွင်းလိုက်သည်။ ကျန်းစီကျူး က တိုက်ပွဲကိုမြင်ရသည့် သစ်ပင်တစ်ပင်နောက်ကွယ်မှ ချောင်းကြည့်လိုက်သည်။
ဝံပုလွေ သရေကို အင်္ကျီ ချုပ်ဝတ်ထားသည့် လူထွားကြီးတစ်ယောက်..ကျောမှာ လေးနှင့်မြှားကို လွယ်ထားပြီး လက်ထဲတွင် ကြီးမားသည့် ဓါးတစ်လက်ဖြက့် ရဲမတ်များကို တိုက်ခိုက်နေသည်။ သူ၏ အတွင်းအားကပြင်းထန်လှပုံရကာ သူ၏ ဓါးနှင့်တိုက်ခိုက်ခံရသည့် အရာများသည် ကြေမွပျက်စီးကုန်၏။ သစ်ပင်ပေါ်မှ ကောင်လေးက မြှားတစ်စင်းလျှင် ရဲမတ်တစ်ယောက်နှုန်းဖြင့် ပစ်သတ်နေသည်။ မြှားပစ်သမားကိုတွေ့သွားသည့် ရဲမတ်အချို့သစ်ပင်ပေါ်တက်လာချိန်တွင် ကောင်လေးက မျောက်လေးတစ်ကောင်ကဲ့သို့ သစ်ပင်တစ်ပင်နှင့်တစ်ပင် ခုန်ကူးကာ ရှောင်တိမ်းရင်း မြှားပစ်ချက်တွေမှာလည်း လျော့မသွားပေ။
ခဏ အကြာတွင် တိုက်ပွဲသည် အောင်မြင်မှုဖြင့်အဆုံးသတ်သွား၏။ ရဲမတ်အယောက်၅၀ခန့်သည် အသက်ရှင်ကျန်ရစ်သူမရှိပေ။
ကျန်းစီကျူးလည်း ပုန်းအောင်းနေရာမှထွက်လာခဲ့တော့သည်။ သစ်ပင်ပေါ်မှ ကောင်လေးက ခုန်ဆင်းလာပြီး သူ၏ အဖေဖြစ်သူဆီ ပြေးသွား၏။
" အဖေ...သားရဲ့ မြှားပစ်ချက်တွေ..တွေ့လား..တစ်ယောက်ကို တစ်ချက်နှုန်းပဲ.. လုံးဝမလွဲဘူး..."
ကောင်လေးက ဂုဏ်ယူစွာဖြင့် သူ့အဖေ လက်ကို ကိုင်ရင်းပြော၏။ သူ့အဖေက ပြုံးရင်း
" ကောင်းတယ်..ငါ့သား..အရမ်းတော်တယ်..ဟား...ဟား...ဟား..."
" အဖေ..သူ.. ဟိုမှာ.."
ကောင်လေး၏ ညွှန်ပြမှုကြောင့် ထိုလူက ကျန်းစီကျူး ကိုလှမ်းကြည့်ပြီး သူမရှိရာသို့ လျှောက်လာသည်။ ကျန်းစီကျူး က..
" ကျူးအော်ရဲ့ အသက်ကို ကယ်ပေးတဲ့အတွက်.. ဒီက သခင်ကြီးနဲ့ သခင်လေးကို ကျေးဇူးတင်ပါတယ် "
သူမက လက်နှစ်ဖက်ယှက်ပြီး ဂါဝရပြုရင်း ကျေးဇူးတင်စကားဆိုလိုက်သည်။ ထိုလူက ကျန်းစီကျူး၏ လက်မောင်းကိုကိုင်ပြီး ဂါဝရပြုမှုကို ရပ်တန့်စေလိုက်၏။
" ဒါဆို...ကလေးမက..ကျန်းစစ်သူကြီးနဲ့ သခင်မ လင်းရီ တို့ရဲ့သမီးပေါ့..."
" သခင်ကြီးက ကျွန်မအဖေနဲ့ အမေကို သိတယ်ပေါ့..."
" မိတ်ဆွေဟောင်းတွေပါ...သမိီးတို့မိသားစု သတင်းကိုကြားပြီး...လမ်းကနေ ကူညီမလို့စောင့်နေခဲ့ပေမယ့်...စိတ်မကောင်းစွာနဲ့ သမီးအမေကို မကယ်နိုင်ခဲ့ဘူး...ဦးလေးအပြစ်တွေပါ..ဦးလေးရဲ့ တွက်ချက်မှု မှားသွားလို့ပါကွယ်..."
" မေမေ...မေမေက သမီးကို ကယ်ဖို့..အဟင့်..ဟင့်.ဟင့်.."
ကျန်းစီကျူး ကတစ်လျှောက်လုံး တင်းထားခဲ့သည့် စိတ်ကိုလျှော့လိုက်ပြီးနောက်တွင် ဟန်မဆောင်နိုင်အောင် ငိုကြွေးနေတော့၏။ ထိုလူက ကျန်းစီကျူး၏ ဦးခေါင်းကို လက်နှင့်ပွတ်ကာ နှစ်သိမ့်ပေးရင်း သားဖြစ်သူကို စေခိုင်းလိုက်သည်။
" မြှားတွေ အကုန်လုံး..ပြန်ဆွဲနှုတ်လာခဲ့...ခြေရာလက်ရာ အကုန်ဖျောက်မှဖြစ်မယ်...မြှားအရေအတွက်စေ့အောင် သေချာစစ်ဆေးယူခဲ့.."
" ဟုတ်...အဖေ.."
ကောင်လေးက လျင်မြန်စွာ မြှားများကို ပြန်သိမ်းပြီးနောက်တွင်
" ဦးလေးတို့ ဒီနေရာက အမြန်ထွက်ခွာရမှာမို့..သမီးကို ဦးလေး ကျောပိုးမယ်နော်..တက်"
ကျန်းစီကျူးက အသာအယာခေါင်းငြိမ့်လိုက်ပြီး..ထိုလူရဲ့ နောက်ကျောပေါ်သို့တက်လိုက်သည်။ ထိုလူသည် အနီးရှိသစ်ပင်တစ်ပင်ပေါ်သို့ ခုန်တက်သွားပြီးနောက်...သားအဖ နှစ်ယောက်သည် သစ်တစ်ပင်မှ တစ်ပင်သို့ ခုန်ကူးပြီး ထွက်သွားလေတော့၏။
ВЫ ЧИТАЕТЕ
ကံကြမ္မာနှင့်ယှဥ်၍
Исторические романыနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...
