" ဆရာ...တပည့်ကို ကယ်ပါဦး..."
တိုးတိတ်တိတ်ရေရွတ်လိုက်မိပြီးနောက် စူးရှတောက်ပသည့် အလင်းရောင်များဟာ လှိုဏ်ဂူအတွင်း တမဟုတ်ချင်း ပျံ့နှံံ့သွားတော့သည်။
မျက်စိကျိမ်းဖွယ် တောက်ပလွန်းလှသည့်အလင်းရောင်ကြောင့် သူမ အမြင်များပင် ဝိုးတဝါးဖြစ်သွားရသည်။ ကျန်းစီကျူး အပြင် ဂိုဏ်းသား ၃ ယောက်ဟာလည်း ရုတ်တရက်ကြီးထွက်ပေါ်လာသော အလင်းရောင်ကြောင့် အံ့ဩမှင်သက်နေကြပြီး နေရာမှာပင် တုပ်တုပ်မျှမလှုပ်ဝင့်ဘဲ ငြိမ်ကြည့်နေခဲ့ကြသည်။
စူးရှတောက်ပသည့်အလင်းရောင်က ပြန်လည်မှေးမှိန်သွားချိန်မှာတော့ သူမအရှေ့ရှိ အဖြူရောင်အရိပ်ကလေးဟာ ပီပြင်စွာထွက်ပေါ်လာခဲ့သည်။ ထိုအရိပ် ထိုလူကို မြင်လိုက်ရချိန်မှာ သူမ နှလုံးသား တစ်စုံရပ်တန့်သွားသလို ခံစားလိုက်ရပြီး အင်မတန်မှကို လှိုက်ဖိုဝမ်းနည်းဝမ်းသာမှု ခံစားချက်ပေါင်းစုံကို ခံစားနေရသည်။ သူမရဲ့ ရင်ဘက်ဟာ အထိုထိုသော ခံစားချက်ပေါင်းစုံကြောင့် အသက်ပင်ရှုမရသကဲ့သို့ မွန်းကျပ်ပိတ်သိပ်နေခဲ့သည်။
စွတ်စွတ်ဖြူသည့် အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် ရန်ရိရှင်းဟာ သူမအရှေ့တွင် ရပ်တန့်နေခဲ့ပြီး အုပ်မိုး၍ကြည့်နေခဲ့သည်။ သူ့မျက်နှာက အရိပ်အယောင်များပေါ်မှာတော့ သူမအပေါ် စိုးရိမ်ပူပန်နေမှုတွေ အပြည့်...
ဒီအရာဟာ မထင်မှတ်ထားလောက်စရာဖြစ်နေခဲ့သည့်အတွက် ကျန်းစီကျူး ဟာ သူမ ကယောင်ချောက်ချားဖြစ်နေသလားဟုတောင် ထင်မှတ်မှားမိလေသည်။
" ဆရာ....လား..."
မရေမရာမှုတွေ ပါဝင်နေသည့် မေးခွန်းငယ်လေးဟာ ရန်ရိရှင်း၏ စိတ်ကိုတုန်လှုပ်မှုပေး၏။ သူ့တပည့်မက သူ့ကို ခေါ်လိုက်တာမဟုတ်ဘူးလား..သူပဲ မှားထင်ခဲ့တာလား...
" အင်း..ငါက မင်းရဲ့ဆရာ..မယုံဘူးလား.."
ကျန်းစီကျူး က အံ့ဩထိတ်လန့်နေမှုကို အလျင်အမြန်ရုတ်သိမ်းလိုက်ပြီး...
" မဟုတ်..မဟုတ်ပါဘူး..ဆရာက ရုတ်တရက်ရောက်လာတာဆိုတော့..ရုတ်တရက်..အဲဒါ..ဆရာ ဘယ်လိုလုပ် ဒီထဲဝင်လာတာလဲ.."
YOU ARE READING
ကံကြမ္မာနှင့်ယှဥ်၍
Historical Fictionနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...