နှမ်းနက်လမုန့်

241 23 0
                                        

...နန်းမြို့တော်၏ ကြီးမားလှသော တံခါးပေါက်ကြီးကို လှမ်းမြင်ရသည်။

ခက်တာက သူမတို့ ဒီအတိုင်းဝင်လို့မရသည်ပင်..ပုံမှန်ထက်ပိုမိုများပြားနေသော ရဲမတ်များက နန်းမြို့ရိုးတံခါးကို စောင့်ကြပ်စစ်ဆေးနေကြသည်။

ယန်ဖုန်းရွှင့် သူ့အင်္ကျီလက်အတွင်းသို့ နှိုက်ထုတ်လိုက်ပြီးနောက်မှာ စက္ကူငှက်ရုပ်ကလေး ထွက်ပေါ်လာခဲ့သည်။ အားလုံးက သူဘာလုပ်မည်ကို တွေးကြည့်လို့ရနေသည်။

မန္တာန်အချို့ကိုရွတ်ဆို၍ စက္ကူငှက်ရုပ်လေးကို အသက်သွင်းပြီး ပျံသွားစေခဲ့သည်။

ထို့နောက်..

" ကျွန်တော်တို့ မြို့တောင်ဘက်မှာ စျေးသည်တွေ လူဆင်းရဲတွေ အသုံးပြုတဲ့ တံခါးကို သုံးပြီးဝင်ရမယ်..ကျွန်တော့်အိမ်ကို အကြောင်းကြားပြီးပြီ သူတို့လာခေါ်လိမ့်မယ်..အားလုံးပဲသွားကြရအောင်."

ယန်ဖုန်းရွှင့် ၏ ဦးဆောင်မှုနောက်ကို အားလုံးပဲ လိုက်လာခဲ့သည်။ သူတို့တွေဟာ သိုင်းပညာ ကျင့်ကြံခြင်း အကုန်လုံးအဆင့်မြင့်ပညာရှင်တွေပေမယ့် မလိုအပ်ပဲ အင်အားမသုံးချင်ပေ..မြို့တော်ကို ဝင်ရာမှာ လူသိနည်းလေ ကောင်းလေ ဖြစ်တာကြောင့် ဒီနည်းလမ်းကိုရွေးချယ်ကြခြင်းဖြစ်သည်။.

အားလုံးက သူဆင်းရဲ စျေးသည်များပုံစံ ပြင်ဆင်လိုက်ပြီး အာလူးလှည်းကြီး ၃ စီးကို တွန်းလျက်ဝင်လာခဲ့သည်။

ရုပ်ဖျက်ပညာကျွမ်းကျင်မှုကြောင့် သံသယမရှိ အေးဆေးစွာ ဝင်သွားနိုင်ခဲ့သည်။ တံခါးကိုကျော်၍ လမ်းကြားလေးအတွင်းတွင်တော့ ယန်ဖုန်းရွှင့် ၏ အိမ်တော်ထိန်းက လာရောက်စောင့်ဆောင်းနေခဲ့ပြီး သူတို့အားလုံး ယန်ဖုန်းရွှင့် အိမ်တော်သို့ ဘေးမသိရန်မခ ရောက်သွားကြလေသည်။

*********

ချန်နိုင်ငံ နန်းတော်

ဒေါက်..ဒေါက်..

တံခါးခေါက်သံနှင့်အတူ..

" အရှင့်သား..အရှင့်သားရဲ့ မယ်တော်ဆီက ကျေးကျွန် တွေ့ခွင့်တောင်းနေပါတယ်."

ကံကြမ္မာနှင့်ယှဥ်၍Место, где живут истории. Откройте их для себя