အပြာရောင်မျက်လုံးပိုင်ရှင် ၂

446 46 0
                                        

Unicode

ကျန်းစီကျူး က ထိုလူ၏ မျက်နှာတွင် နစ်မြောနေရင်း အတန်ကြာမှ မိမိကိုယ်မိမိ သတိထားမိသည်။
" အဟမ်း.."
သူမက ချောင်းတစ်ချက်ဟန့်လိုက်ပြီး ထိုလူ၏ မျက်နှာမှ အကြည့်ခွာလိုက်သည်။
" ဒီက လူကြီးမင်းက ကျွန်မကို ကယ်တင်ပေးခဲ့တာ ကျေးဇူးအရမ်းတင်ပါတယ်.. ကျွန်မ ဘယ်လိုကျေးဇူးပြန်ဆပ်ရမလဲမသိတော့ပါဘူး..ငွေကြေးတစ်စုံတရာများ..."
" မလိုဘူး...မင်း ဒဏ်ရာသက်သာအောင်ပဲနေ..သက်သာရင်ပြန်လို့ရပြီ"
ထိုလူက စကားပြောပြီးသည်နှင့် ဂူအပြင်ဘက်ဆီသို့ ထွက်သွား၏။
" အမ်...ဘာလဲဟ..စကားပြောပုံကလည်း..."
ကျန်းစီကျူး က ခြေထောက်ကို ထောက်နိုင်ရန်ကြိုးစားပေမယ့် သူမခြေထောက်က ကျိုးသွားပုံရသည်။ လမ်းလျှောက်ဖို့မ​ပြောနဲ့ လှုပ်ရှားဖို့တောင်မလွယ်ကူပေ။ သူမ က ဒီနေရာမှာ ရက်အတန်ကြာနေရတော့မည်ဟု တွေးမိရင်း ရွာရှိ ကျိုးလင်မယားကို သတိရသွားသည်။
"အာ...ဦးလေးကျိုးတို့တော့ စိတ်ပူနေတော့မှာပဲ..ဘယ်လိုလုပ်ရမလဲ "
သူမကစဥ်းစားတွေးပူနေဆဲပင် ထိုလူက တဖန်ပြန်ရောက်လာသည်။ သူ့လက်ထဲတွင် အသီးအနှံတချို့နှင့် ဆေးဟုထင်ရသောအရာကို ကိုင်ဆောင်လာသည်။
" မင်းဗိုက်ဆာနေလောက်ပြီ...ဒီသစ်သီးတွေစားလိုက်...ပြီးရင် ဆေးသောက်."
သူက ဆေးခွက်နှင့် သစ်သီးဗန်းကို သူမအနားချထားပေးပြီး ပြန်လှည့်ထွက်သွားသည်။
" နေဦး...အဲ..လူကြီးမင်း..ခဏလောက်နေပါဦး..ကျွန်မ အကူအညီတောင်းစရာရှိလို့ပါ..."
သူမက တက်နိုင်သလောက် အသံကိုနှိမ့်ချရင်း ပြောလိုက်၏။
" ကျွန်မ ခြေထောက်က ပြန်ကောင်းလာဖို့ ရက်ကြာဦးမှာ..လူကြီးမင်း..ကျွန်မရွာကို အကြောင်းကြားပေးနိုင်မလား..ကျွန်မ မိသားစုတွေ စိတ်ပူနေလိမ့်မယ်..ဒါကြောင့်."
" မလုပ်ပေးနိုင်ဘူး.."
" အမ်...ဘာကြောင့်..ကျွန်မတို့ရွာက နီးပါတယ်..ဟိုဘက်တောင်ကြော အဆင်းမှာတင်..လူကြီးမင်းသွားရင် နေ့တစ်ပိုင်းတောင်မကြာပါဘူး..."
သူမက အသည်းအသန်ဖြေရှင်းချက်များနှင့် သူမ၏ဟန်ပန်ကို ချစ်စဖွယ်ပုံစံဖြင့် ပြောသော်လည်း..ထိုလူက အေးစက်စက်မျက်နှာအမူအယာက မပြောင်းလဲသွားပေ။
" ငါ ဒီတောအပြင်ကို သွားမှာမဟုတ်ဘူး..."
ထိုလူက ပြတ်သားသည့်လေသံဖြင့် ထပ်မံငြင်းဆိုလိုက်သည်။ ကျန်းစီကျုးက အံအားသင့်မကုန်ဖြစ်ကာ စိတ်ထဲမှလည်း ရိုက်သတ်ပစ်ချင်စိတ်က ပေါ်လာသည်။
ဒီလူက ရုပ်ကလေးအရမ်းချောပေမယ့် အကျင့်ကတော့ကောင်းပုံမရဘူး..သတင်းစကားလေးသွားပို့ပေးရတာ ဘယ်လောက်ကြာမှာမို့လဲ..ဒီတောက မခွာနိုင်အောင် သူ့ကို ဘယ်သူက ကျိန်စာတိုက်ထားလို့လဲ..အဖြစ်သည်းနေတာ..လူပုံကြည့်တော့ ပျော့ဖတ်ဖတ်နဲ့ ကြည့်လိုက်တာနဲ့ သမားတော်ယောင်ဆောင်ထားတဲ့ ဆေးမြစ်တူးသမားရုပ်..အကျင့်ပုတ်ကြီး..ငါ့ခြေထောက်သာ မကျိုးနေရင် ချက်ချင်းရိုက်သတ်ပြစ်တယ်..
သူမက စိတ်ထဲမှ မျိုးစုံကျိန်ဆဲနေပေမယ်. အပြင်ပန်းတွင်တော့ သနားစရာပုံစံလေးလုပ်ကာ ဆက်တောင်းဆိုနေ၏။
" ကျွန်မတို့ရွာကလေ တကယ် နီးနီးလေးပါ..လူကြီးမင်းသွားရင် ဘယ်လောက်မှ မကြာပါဘူး...နော်..အဟင့်..ဟင့် ကျွန်မဦးလေးတို့တော့ စိတ်ပူနေတော့မှာပဲ..ဦးလေးက နေလည်းကောင်းတာမဟုတ်ဘူး..ခုလည်း သူက ယုန်သားဟင်းလေးစားချင်တယ်ဆိုလို့ ယုန်လိုက်ဖမ်းရင်း ချောက်ထဲပြုတ်ကြတာ..အဟင့်..ဟင့်..".
သူမက အလိမ်အညာတွေပါ စတင်သုံးတော့၏။ ဒါပေမယ့် သူမရှေ့မှ ထိုလူက ကျောက်ရုပ်တစ်ရုပ်အလား တုတ်တုတ်မျှ မလုပ်ပဲ သူမကိုသာ စိုက်ကြည့်နေသည်။ ကျန်းစီကျူးက ဗျူဟာကို နောက်တစ်ဆင့်တက်လိုက်ပြန်၏။
" ဝှား..အား..ဟား.." သူမက ရှိုက်ငိုခြင်းအဆင့်မှ ငိုကြွေးခြင်းအဆင့်သို့ တက်လိုက်ပြီး
" ဝှား...အား..ဦးလေး သမီးမလိမ်မာလို့ ဦးလေးကို စိတ်ပူစေမိပါပြီ...ဦးလေးစားချင်တဲ့ ယုန်သားဟင်းလည်း မချက်ကျွေးနိုင်ဘူး..ခု ဒဏ်ရာရပြီး ဦးလေးကို စိတ်ပူမိစေတော့မှာပဲ...သမီး..အမှားပါ..သမီး..သမီး."
" တော်တော့.. ရပ်တော့ "
" အဲ.." နောက်ဆုံးမှာတော့ ထိုလူ၏ တုံ့ပြန်မှုကိုရပြီလေ။သူမက မျက်ရည်များကို သုတ်လိုက်ရင်း..မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ထိုလူအားမော့ကြည့်လိုက်သည်။
" မင်းက တကယ်ဆိုးရွားတဲ့ ကလေးပဲ..သူများအသက်သတ်တာကို လုပ်တဲ့အပြင် မုသားပါသုံးရဲတယ်..မင်းလိုက်ဖမ်းနေတာ ယုန်မဟုတ်ဘူး..ဒရယ်ပေါက်လေးပဲ..မင်းဦးလေးနေမကောင်းလို့ ယုန်လာရှာတာမဟုတ်ဘူး..မင်းဝါသနာအရ အမဲလိုက်တာပဲ..ခုတော့ ဒီဘက်ခြမ်းကိုပါ ကျူးကျော်လာတယ်.မင်းကို ငါအပြစ်မပေးတာတောင် ကံကောင်းနေပြီ..ထားလိုက်တော့..မင်းကို ရွာစပ်ထိ လိုက်ပို့ပေးမယ်..ကတိပေးရမယ်..နောက် ဒီဘက် တားမြစ်တောထဲ ထပ်မလာပါဘူးလို့."
ထိုလူ့ပုံက ဒေါသထွက်သည့်ပုံ မပေါ်သော်လည်း သူ၏လေသံကတော့အေးစက်နေသည်။
သူမက ဟန်ပန်ကိုထိန်းလိုက်ရင်း သူနှင့်မျက်နှာချင်းမဆိုင်တော့ပဲ ခေါင်းငုံ့နေတော့၏။ စိတ်ထဲမှာတော့
အစကတည်းက လိုက်ပို့မယ်ဆိုပြီးတာပဲ..ဒေါသကလည်းကြီးပုံရတယ်...ဒီတားမြစ်တောကို ငါ့ကြမလာနဲ့တဲ့ သူကြတော့နေပြီး..မိစ္ဆာရှိတယ်လည်း ပြောသေး ဒီတောက သူ့ကြဘာမှမလုပ်ဖူးလား..အဲ့မိစ္ဆာ...ဟင်..
သူမက မိစ္ဆာ အကြောင်းကိုတွေးမိမှ သူမကျောချမ်းသွားတော့၏။
သေစမ်း...ကျန်းစီကျူး ဒီလူက ဒီလိုတားမြစ်တောမှာ နေတယ်ဆိုကတဲက သိရမှာ..ဘယ်လူသာမာန်က ဒီတောထဲနေရဲမှာလည်း..ခု ငါတွေ့နေတာ မိစ္ဆာ မဟုတ်ရင်တောင်..အင်အားကြီး ကျင့်ကြံသူတစ်ယောက်ဖြစ်နိုင်တယ်..ငါ့အပြုအမူကို ဂရုစိုက်မှ..မဟုတ်ရင်..ငါ့အတွက်ကောင်းမှာမဟုတ်ဘူး..
သူမက အတွေးထဲမှာပင် သတိပြုမိသွားပြီးနောက် ရိုးကျိုးစွာဖြင့် တောင်းပန်စကားကိုဆိုလိုက်သည်။
" တောင်းပန်ပါတယ် လူကြီးမင်း..ကျွန်မ မှားသွားပါတယ်..ကျွန်မကိုသာ အိမ်ပြန်ပို့ပေးပါ...လူကြီးမင်းရဲ့ကျေးဇူးကို မမေ့ပါဘူး.."
သူမက လက်နှစ်ဖက် ယှက်ပြီး တောင်းပန်စကားဆိုလိုက်ပြီးနောက် သူ၏ တုံ့ပြန်မှုကို ငြိမ်သက်စွာစောင့်နေလိုက်သည်။
" မင်းရဲ့ ဆေးနဲ့အစာကို စားလိုက်ပါ..ပြီးရင် ပြန်လိုက်ပို့မယ်"
သူက ဂူအပြင်သို့ထွက်သွားလေသည်။ ကျန်းစီကျူး က နံဘေးရှိ သစ်သီးနှင့် ဆေးကို စားလိုက်သည်။ ဆေး၏ အာနိသင်က တကယ်ကောင်းမွန်သည်ဟုထင်ရသည်။ သူမ သောက်ပြီးသည်နှင့် နာကျင်မှုတွေ တော်တော်သက်သာသွားသည်။ သူမက ထိုလူ ပြန်အလာကို စောင့်နေရင်း သူမ၏ ချီစွမ်းအင် ကို လေ့ကျင့်နေသည်။ ဦးလေးကျိုး၏ သင်ကြားပေးမှုကြောင့် သူမရဲ့ သတ္ထုချီစွမ်းအင်ကို စတင်လေ့ကျင့်နိုင်ခဲ့ပေမယ့် သူမ၏ ကျင့်ကြံအဆင့်က အခြေတည်ပထမဆင့်မှာတင် ရပ်တန့်နေခဲ့သည်။ ကျိုးထုံဆိုလျှင် လက်ရှိ အခြေတည် နောက်ဆုံးအဆင့်သို့ရောက်ရှိနေပြီး ကျိုးထုံ၏ ကျင့်ကြံဆင့်က လျင်မြန်သည်ဟု သတ်မှတ်နိုင်သည်။ သူမကမူ တခြားသူများ ၃ နှစ်ကျင့်လျှင် ပုံမှန်ရောက်ရှိနေရမည့် အခြေတည် အလယ်ဆင့်သို့ပင်မရောက်နိုင်သေးပေ။ သူမက ခန္ဓာကိုယ် ကို အသုံးပြုရသည့် သိုင်းပညာတွင် တက်မြောက်လွယ်သော်လည်း ကျင့်ကြံခြင်းက သူမအတွက်ခတ်နေသည်။ ထို့ကြောင့် အချိန်ရှိတိုင်း ချီစွမ်းအင်ကို ဖိဖိစီးစီးလေ့ကျင့်ဖြစ်၏။

ကံကြမ္မာနှင့်ယှဥ်၍Место, где живут истории. Откройте их для себя