" တကယ်တော့ သမားတော် ယန်လို ဆေးဆရာတစ်ယောက်က နန်းတွင်းအတွက် သတ္ထုတွင်းတွေဆီ လာပေးတာကိုက ထူးဆန်းနေပြီ. ဓားဒဏ်ရာတွေနဲ့ သတ္ထုတွင်းလုပ်သားတွေရဲ့ အလောင်း. နန်းတွင်း တပ်ဖွဲ့တွေက ဖုံးကွယ်မှုတွေ.တကယ်တမ်း သမားတော်ယန်နဲ့ ယန်မောင်နှမက အစစ်အမှန်ပျောက်နေသလားတွေတောင် မကြိမ်းသေတော့ဘူး."
ယွဲ့လန်၏ သုံးသပ်စကားတွေကြောင့် အားလုံးဟာ ငြိမ်သက်၍ စဥ်းစားနေကြသည်။
" ဒါကအခုချိန်ထိ ယွဲ့လန် ရှာတွေ့သမျှပဲ..ကျိုးမိန်းကလေးတို့လည်း တစ်ခုခု ထူးဆန်းတာတွေ့ရင် ယွဲ့လန်ကိုလည်း ခေါ်ပါ.ယန်မောင်နှမက ယွဲ့လန်တို့ ရှုဖုန်းဂိုဏ်း အပေါ် အများကြီး ကူညီပေးခဲ့တာ ယွဲ့လန် တို့ကျေးဇူးပြန်ဆပ်ဖို့အတွက် တာဝန်ရှိပါတယ်.."
ကျန်းစီကျူး နှင့် ရန်ရိရှင်းက ယွဲ့လန်နှင့် ရှုဖုန်းဂိုဏ်းသား များကို နှုတ်ဆက်ပြီးနောက် တည်းခိုရာနေရာသို့ပြန်လာခဲ့သည်။
" ခစ်..ခစ်..''
လမ်းလျှောက်နေရင်းမှ ကျန်းစီကျူး ၏ ရယ်သံထွက်လာခဲ့သည်။
" ဘာဖြစ်လို့လဲ."
ရန်ရိရှင်းက အံသြ၍ မေးမိသည်။
" ခုနက အကြောင်းကို သတိရသွားလို့..ဆရာက ကျွန်မရဲ့ ဆရာမလုပ်တော့ဘူးလား..အုပ်ထိန်းသူဆိုတော့လေ.."
" အဲ့ဒါက.."
ရန်ရိရှင်း စကားကို ဆက်မပြောပဲ လှမ်းနေသောခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ကျန်းစီကျူး ဟာလည်း အလိုအလျောက်ပင် ခြေလှမ်းတို့ကိုရပ်လိုက်ပြီး ရန်ရိရှင်း ကို မော့ကြည့်လိုက်သည်။ ရွာလမ်းမရဲ့ အလယ်မှာ နှစ်ဦးသားဟာ မျက်နှာချင်းဆိုင် အနေအထားဖြင့် တစ်ဦးနှင့်တစ်ဦး စိုက်ကြည့်နေမိသည်။ မျက်ဝန်းချင်းစကားပြောသည်ဟုဆိုမလား ကျန်းစီကျူး ၏ မျှော်လင့်ချက်အစုံဟာ မျက်ဝန်းမှတဆင့် ထင်မှတ်နေပြီး သူမ၏ ချစ်ခြင်းတရားများဟာ ဖိတ်စင်လုမတက်ပေ..
တစ်ချိန်လုံး ထိန်းချုပ်ထားခဲ့သော ခံစားချက်တွေဟာ သူမ၏ မျက်ဝန်းတွေအပေါ် ဖုံးကွယ်ရမှာ စိုးထိတ်လို့လာနေခဲ့သည်။ ရန်ရိရှင်းဟာ လက်ကို အားတင်းပြီးဆုပ်ထားမိသည်။ သူဟာ ခပ်တိုးတိုးအသံဖြင့် သူ၏အသံကို တည်ညိမ်မှုရှိအောင် ကြိုးစားနေရသည်။
YOU ARE READING
ကံကြမ္မာနှင့်ယှဥ်၍
Historical Fictionနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...
