" မင်း..မင်း..ဒါ.ဘာလုပ်တာလဲ..ဘယ်လိုတောင် မရိုသေလိုက်တဲ့ အပြုအမူ..မင်း.."
ရန်ရိရှင်း က ထိတ်လန့်အံဩမှုနှင့်အတူ သူ့လေသံက အနည်းငယ်မြင့်တက်သွားခဲ့သည်။ သူက သူမ၏အပြုအမူကြောင့် အံဩသည့်အပြုအမူဖြစ်ခဲ့ပေမယ့်... သူမအတွက်ကတော့ ရန်ရိရှင်းကို ကြောင့်လန့်၍သာကြည့်နေမိသည်။
ဆရာ...သူ..ငါ့ကို တွန်းထုတ်လိုက်တယ်..ဆရာ..ငါ့ကို ငြင်းလိုက်တယ်..ဆရာက..ငါ့ကို မလိုချင်ဘူးပေါ့...
ပြိုဆင်းကျလာတဲ့ မျက်ရည်များနှင့်အတူ ဆရာဖြစ်သူကို မော့ကြည့်လိုက်ရင်း သူမခေါင်းတွေ ချာချာလည်မူးလာသလိုပင်...သူမက အခု..ဆရာဖြစ်သူ၏ ငြင်းပယ်မှုကိုခံလိုက်ရသည်မှာ အသေအချာပင်...
ရှက်ရွံ့မှု..ဝမ်းနည်းမှု..ပြီးတော့ ရင်ဘက်တစ်ခုလုံးတင်းကျပ်လာအောင် အသက်ရှုရခက်ခဲလာခဲ့ပြီး မျက်လုံးတွေပျာဝေလာခဲ့သည်။ သူမ၏ အရှေ့မှာ မတ်တပ်ရပ်နေသော ရန်ရိရှင်း၏ စကားသံတွေကို ဝေဝေဝါးဝါးသာကြားလာရပြီးနောက် သူမ၏ဦးနှောက်အချက်ပေးသံက သူမကို ထိုနေရာမှ အမြန်ထွက်သွားဖို့သာပင်..
ကျန်းစီကျူး က လဲကျနေရာမှ ထလိုက်ပြီး သူမ၏ ဆရာကို တစ်ချက်လှည့်ကြည့်ပြီးနောက်..ထိုနေရာမှ ထွက်ပြေးသွားလေတော့၏။
ရန်ရိရှင်းက တပည့်မ၏ ရုတ်တရက် ဆန်သောအပြုအမူကြောင့် တွန်းထုတ်လိုက်မိပြီး မျက်ရည်တွေပြည့်နှက်နေသော မျက်ဝန်းတစ်စုံကို မြင်လိုက်ချိန်မှာ သတိပြန်ဝင်လာ၏။ သူဘာလုပ်လိုက်မိတာလဲ..သူမကို သူကြမ်းကြမ်းတမ်းတမ်းတွန်းထုတ်လိုက်မိတာလား..ဘယ်လောက်တောင် ရူးမိုက်မိတာလဲ..တပည့်ဆိုပေမယ့် မိန်းကလေးတစ်ယောက်ဖြစ်နေဆဲ သူမကို သူ့၏ အပြုအမူက လွန်သွားခဲ့သည်လေ...
" ကျူးအော်..ဘာ..ဘာဖြစ်သွား..သေး..လဲ..ဆရာ..ဆရာတောင်းပန်..."
သူ့စကားတောင်မဆုံးသေး သူ့ရှေ့မှ ထိုကလေးမက အလျင်အမြန်ပြေးထွက်သွားခဲ့သည်။
"အယ်..ကျူး..ကျူး"
သူ့ခေါ်သံကို လုံးဝမတုံ့ပြန်ပဲ ဆန့်ကျင်ဘက်အရပ်သို့သာ ပြေးထွက်သွားသော ကောင်မလေး...
ВЫ ЧИТАЕТЕ
ကံကြမ္မာနှင့်ယှဥ်၍
Исторические романыနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...
