ကျန်းစီကျူးက မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဒေါသထွက်သွားခဲ့ရသည်။ သူမက ထိုင်ခုံမှ ထလိုက်ပြီး ထိုအရေးကိစ္စတွင် ဝင်ပါရန်ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း သူမ ဝင်မစွတ်ဖတ်ခင်လေးမှာပင် စားပွဲထိုးလေး၏ အပြုအမူကြောင့် အံ့အားသင့်သွားရသည်။စားပွဲထိုးလေးက သူ၏လက်ထဲမှ အစားအသောက်များကို ပုပ်ထုတ်ခံလိုက်ရပြီးနောက်မှာပင် သူ၏လက်အတွင်း ဓားမြောင်တို တစ်လတ်ပေါ်လာခဲ့ပြီးနောက် အစောင့်၏ ရင်ဘက်ကို ထိုးစိုက်လိုက်သည်။
" အား.."
အစောင့်ရဲမတ်၏ အော်သံကြောင့် ကျန်သော ရဲမတ်များလည်း စားသောက်ရာမှ ထလာခဲ့ပြီး စားပွဲထိုးလေးကို ဝိုင်းလိုက်ကြလေသည်။အစောင့်ရဲမတ် ၅ ယောက်၏ ဝန်းရံခြင်းခံလိုက်ရသော စားပွဲထိုးလေးသည် ခုနကမြင်တွေ့ရသော သဘောကောင်းသည့်ပုံ မဟုတ်တော့ပေ။ သူက ဓားမြောင်တိုကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း သူ့အကြည့်တွေမှာလည်း လူသတ်လိုသည့်အရိပ်အငွေ့တွေပါနေခဲ့သည်။
" မင်းက..စားပွဲထိုးယောင်ဆောင်ထားတာပဲ..ရဲမတ်တို့ ဒီ သစ္စာဖောက် ပုန်ကန်သမားကို ဖမ်းကြစမ်း..ဒီကောင်လည်း..သူပုန်လင်းမျိုးနွယ်ကပဲ ဖြစ်ရမယ်.."
ရဲမတ်ခေါင်းဆောင် ၏ စကားသံက ကျန်းစီကျူး နှလုံးသားကို လှုပ်ရှားသွားစေသည်။
' သူပုန်လင်းမျိုးနွယ်..သူပုန်လင်းမျိုးနွယ်.. တစ်ချိန်က တိုင်းပြည်အတွင်း တောင်ပိုင်းလင်းမျိုးနွယ်ဆိုပြီး ဝံ့ကြွားခဲ့ရတဲ့..သူမတို့မျိုးနွယ်..ခုတော့..သူပုန်မျိုးနွယ်အဖြစ်သတ်မှတ်ခြင်းခံနေရလေပြီ..'သူမ၏ အတွေးစိတ်တို့က ဗလောင်ဆူလျက် ဒေါသသွေးတွေက နားထင်ထက်သို့တိုးလာခဲ့သည်။ တစ်ချိန်တည်းမှာပင် ဝမ်နည်းစိတ်နှင့် ရှက်ရွံ့အားနာမှုပါ ဖြစ်လာခဲ့ရသည်။ သူမတို့မျိုးနွယ် သူပုန်မျိုးရိုးအဖြစ်သတ်မှတ်ခံရခြင်းမှာ စစ်စစ်..သူမတို့မိသားစုကြောင့်ပင်မဟုတ်ပါလော...ခုတော့ သူမတို့ကြောင့် အပြစ်မရှိတဲ့ မျိုးနွယ်ဝင်တွေပါ အခုလိုမျိုး မျက်နှာမဖော်ဝံ့ ဂုဏ်ငယ်ခဲ့ရလေပြီ...
![](https://img.wattpad.com/cover/208506452-288-k665559.jpg)
VOCÊ ESTÁ LENDO
ကံကြမ္မာနှင့်ယှဥ်၍
Ficção Históricaနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...