.ရန်ရိရှင်း သူမကို ဆွဲခေါ်ထုတ်လာမှုကို နားမလည်ဖြစ်နေခဲ့သည်။ ဒါကိုလည်း သူမဆရာက နားလည်သလို သူမကို အမြန်ဆုံး ရှင်းပြလိုက်သည်။
" သူတို့တွေက မင်းကို ဒုက္ခပေးတဲ့လူတွေလေ..အခု..သူတို့အပြစ်နဲ့သူတို့ ခံရမှာပဲ..ပြီးတော့..ငါ မင်းအနောက်လိုက်လာတာကို အပြင်က ဂိုဏ်းခေါင်းဆောင်တွေသိသွားရင် အဆင်ပြေမှာမဟုတ်ဘူး..ငါတို့ ဒီဂူထဲက ထွက်ပြီးရင် ငါ မင်းရဲ့ အိတ်ထဲဝင်ပြီး ပုန်းနေပေးမယ်..ဟုတ်ပြီလား..ဒီထဲကနေ အကောင်းဆုံးပစ္စည်းတွေ ယူပြီး ထွက်သွားနိုင်ခဲ့ရင်..အပြင်လောကမှာ မင်းအတွက် နာမည်ကောင်းတစ်ခု ထင်ကျန်နေမှာ. နားလည်လား.."
သူမက ခေါင်းညိမ့်ပြီး နားလည်ပြီဖြစ်ကြောင်း တုန့်ပြန့လိုက်သည်။ ထိုလူ ၃ ယောက်အပေါ် စိတ်မကောင်းပေမယ့်..သူမ ဆရာပြောတာလည်း မှန်ကန်နေခဲ့သည်လေ...
ကျန်းစီကျူး နှင့် ရန်ရိရှင်း က နောက်ထပ်အခန်းပေါင်းမြောက်များစွာကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ရတနာပစ္စည်းတွေ အမြောက်အများတွေ့ပေမယ့် အလျင်စလို မထိရဲပေ..
သူမတို့နှစ်ဦးသားဟာ နောက်ဆုံးမှာတော့ အလွန်ကျယ်ဝန်းသည့် ခန်းမကြီးတစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။ ထိုခန်းမက ကျယ်ပေမယ့် ရှင်းလင်းနေခဲ့ကာ ခန်းမအလယ်တည့်တည့်တွေ ခေါင်းတလားတစ်လုံးမှလွဲ မည်သည့်အရာမှ ရှိမနေခဲ့ပေ။
တံခါးဝတည့်တည့်တွင် ရပ်နေခဲ့ပြီး သူမတို့နှစ်ယောက်ဟာ အလျင်စလို ဝင်ရောက်ခြင်းမပြုခဲ့ပေ။
ရှင်းလင်းနေသည့် ခန်းမကို အနည်းငယ် သေချာကြည့်ရှုပြီးနောက် ရန်ရိရှင်း ဟာ ကြမ်းပြင်ပေါ်မှ ဖုန်မှုန့်များဖြင့်တဝက်တပျက် ဖုန်းကွယ်ခံထားရသော ရှေးဟောင်းအရုပ်စာများကို မြင်တွေ့လေသည်။
ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်ပြီး ဖုန်မှုန့်များကို ဖယ်ရှားလိုက်ချိန်မှာတော့ ကြမ်းပြင်ရှိ အရုပ်စာများဟာ ထင်ရှားလာခဲ့သည်။
" ဆရာ..ဒါတွေက.."
" ရှေးဟောင်း အရုပ်စာတွေ..ကြည့်ရတာ..လွန်ခဲ့တဲ့ နှစ် ၃၀၀၀ လောက်က ပျောက်ကွယ်သွားခဲ့တဲ့ အရုပ်စာတွေပဲ.."
VOCÊ ESTÁ LENDO
ကံကြမ္မာနှင့်ယှဥ်၍
Ficção Históricaနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...
