Unicode
ကျိုးမိသားစုအိမ်သို့ရောက်ရှိပြီးနောက်ပိုင်း ကျန်းစီကျူး ဘဝက အေးဆေးငြိမ်သက်နေသည်ဟုဆိုရမည်။ ကျိုးကျစ်လုံ၏ သင်ကြားပေးမှုအောက်တွင် ချီစွမ်းအင်အခြေတည်အလယ်ဆင့်သို့ပင်ရောက်ရှိနေပြီဖြစ်သည်။ သူမ၏ သတ္ထုစွမ်းအင်က အင်အားကောင်းမွန်ပြီး မကြာမှီ အမြူတေတည်ဆောက်ခြင်းအဆင့်သို့ရောက်ရှိနိုင်မည်ဟု မျှော်မှန်းရသည်။ ကျိုးထုံ က ကျန်းစီကျူး ထက်အရင် ချီစွမ်းအင်လေ့ကျင့်ခြင်းနှင့် သိုင်းပညာကို သင်ထားသောကြောင့် လက်ရှိအချိန်တွင် သူမထက်သာသလိုထင်ရသော်လည်း လေးမြှားပညာမှာတော့ ကျန်းစီကျူး ကိုမမှီနိုင်တော့ပေ။ ၃ နှစ်တာခန့်ကာလအတွင်း ကျိုးထုံကိုပင် ကျော်တက်လာခဲ့ပြီဖြစ်သည်။ ယခုလက်ရှိ သူမက ၁၁ နှစ်ဖြစ်ပြီး သူမ အသက် ၁၅ ၁၆ လောက်ဆိုရင် သူမကိုယ်သူမ စောင့်ရှောက်နိုင်ပြီး ပြင်ပကမ္ဘာသို့ထွက်ခွင့်ရမည်ဟု မျှော်လင့်သည်။ စိတ်ရှည်ရှည်နှင့်စောင့်ပြီး သူမကိုယ်သူမ အင်အားကြီးထွားလာအောက်လုပ်ရမည်။ ပြီးလျှင် သူမ မိဘတွေအတွက်..တောင်ပိုင်းလင်းမျိုးနွယ်စုအတွက်...ပြီးတော့...မင်းသားချန်ယွင် တို့အားလုံး ဆုံးရှုံးသွားတာတွေ ပြန်ရအောင်လုပ်ပေးရမည်။ ၃ နှစ်တာကာလအတွင်း သူမ၏ အတွေးတွင် ဤအကြောင်းအရာများသာရှိသည်။
နှစ်ရက်ခန့်ကုန်ဆုံးပြီးနောက် ကျိုးကျစ်လုံ ပြန်ရောက်လာသည်။ သူပြန်ရောက်သည်နှင့် ကလေးနှစ်ယောက်က သူ့နားကမခွာပဲ သူ့အားစပ်စုနေတော့၏။
" ဦးလေး..မြို့မှာ အခြေအနေဘယ်လိုလဲဟင်...တောင်ပိုင်းမှာရော...မင်းသားချန်ယွင်နဲ့ပတ်သတ်တဲ့သတင်းရော...ရသေးလား"
ကျန်းစီကျူး က မနားတမ်းတောက်လျှောက်မေးနေတော့၏။ ကျိုးကျစ်လုံက ရေနွေးကြမ်းကို အသည်းအသန်မော့ချလိုက်ရင်း...
" ဟူး...ကျူးအော်..ဖြေးဖြေးမေးပါ..ပြောပြပါ့မယ်..ငါ့ကို ရေနွေးကြမ်းလေးတော့ သောက်ခွင့်ပေးပါဦး.."
" အဖေ.. သားမှာလိုက်တာ ပါလာလား.."
ကျိုးထုံကလည်း ဖခင်ဖြစ်သူ၏ အင်္ကျီ လက်စကိုဆွဲရင်းမေးနေသည်။
" ကဲ..ကဲ..ပါပါတယ်..ပါပါတယ်..ခဏစောင့်ပါဦး"
"ဟုတ်ပ. ဒီကလေးနှစ်ယောက်ကတော့ အဖေဖြစ်သူကို အနားပေးလိုက်ပါဦး.. ဘယ်လိုတွေတောင်ပျာယာခတ်နေတာလဲ.."
ကျိုးသခင်မ၏ ဆူသံ ကြားမှ နှစ်ယောက်လုံးငြိမ်သွားကာ...ကျိုးကျစ်လုံအတွက် ရေနွေးကြမ်းထည့်ပေးသူကထည့်ပေး..ယပ်ခပ်ပေးသူက ခပ်ပေးနှင့် ကပ်ဖားရပ်ဖားလုပ်ကြတော့၏။
" ရော့...ဒီမှာ. အားထုံ လိုချင်တဲ့ ပစ္စည်းသိမ်းအိတ်...ပြီးတော့ ဒါက ကျူးအော်အတွက်.ဦးလေး မြို့မှာပစ္စည်းကောင်းလေးရလာလို့ ဝယ်လာခဲ့တာ.."
ကျိုးကျစ်လုံက အိတ်ထဲမှသရေနှင့်ပတ်ထားသည့် အရာတစ်ခုကို ဆွဲထုတ်ရင်း ကျန်းစီကျူးအား ပေးလိုက်သည်။ ကျိုးထုံက မိမိလက်ထဲမှ ပစ္စည်းသိမ်းအိတ်ကို စိတ်မဝင်စားတော့ပဲ ကျန်းစီကျူး၏လက်ထဲမှ ပစ္စည်းကိုသာ စပ်စုတော့၏။
ကျန်းစီကျူး က သရေပြားကိုဖွင့်ချလိုက်သည်။ သူမ တွေ့လိုက်ရသည်က လေးတစ်လက်နှင့်မြှားငါးချောင်း..
လေး၏အရောင်မှာ ညိုတိုတိုအရောင်ရှိပြီး မည်သည့်ပစ္စည်းကို အသုံးပြုပြီးပြုလုပ်ထားမှန်းမသိရပါ..သို့သော် လေးကိုင်းတွင် စိမ်းရွှေရွှေအနံ့တစ်မျိုးရနေ၏။ ပိုထူးဆန်းသည်က မြှားငါးချောင်းပင်...မြှား၏ အမှီး မြှားယပ်တွေက တစ်ချောင်းနှင့်တစ်ချောင်းပုံစံမတူပေ..ပါးလွှားပြီးရှည်သွယ်သော မြှားယပ်.ထူပြီး ပုတိုတိုမြှားယပ်.ငှက်မွှေးတစ်မျိုးတပ်ထားပုံရသော..ပေါ့ပါးနေသည့်မြှားယပ်.လေးထောင့်ဆန်ဆန်မြှားယပ်တစ်ခုနှင့် ပုံမှန်မြှားယပ်တို့ဖြစ်သည်။
" ဦးလေး ဒီမြှားယပ်တွေက ထူးဆန်းတယ်နော်..."
" ဟုတ်တယ်...ဒီလေးနဲ့မြှားကို ဦးလေး မြောက်ပိုင်းကလာတဲ့ကုန်သည်တစ်ယောက်ဆီက ရခဲ့တာ...မြှားငါးချောင်းလုံးက ချီစွမ်းအင်သုံးပြီးပစ်ရတာ..မြှားရဲ့အမှီးယပ်ပေါ်မူတည်ပြီး ကိုယ်သုံးလိုက်တဲ့ချီစွမ်းအင်က ပုံစံပြောင်းတယ်..သာမာန်သုံးဖို့အတွက်တော့အဆင်မပြေဘူး...လေးကတော့ မှော်ဝင်ချောက်ကမ်းပါးမှာပေါက်တဲ့ ထူးဆန်းတဲ့နွယ်တစ်မျိုးနဲ့လုပ်ထားတာလို့ပြောတယ်.လေးကတော့ဘယ်မြှားနဲ့မဆို သုံးလို့ရပေမယ့် မြှားတွေကတော့ ဒီလေးနဲ့ပဲ သုံးလို့ရတယ်...ဦးလေး မြို့ပေါ်မှာစမ်းကြည့်ခဲ့ပြီးပြီ..ဒီပစ္စည်းတွေက သမီးနဲ့သင့်တော်မယ်ထင်လို့ ဝယ်လာခဲ့တာ.."
" ဒီလောက်ကောင်းတဲ့ ပစ္စည်း တန်ဖိုးလည်းကြီးမှာပဲ...ကျူးအော် မယူဝံပါဘူး..ဒါကို အားထုံကိုပဲ ပေးလိုက်ပါ.."
" အယ်..အဖေက နင့်အတွက်ဝယ်လာပေးတာလေ..ငါမလိုချင်ပါဘူး..ငါ့အတွက်..ဒီမှာ ပစ္စည်းသိမ်းအိတ်ပါသားပဲ..ကိုယ့်ဟာကိုယ်ယူ..."
ကျိုးထုံက လက်ထဲက ပစ္စည်းသိမ်းအိတ် ကိုပြရင်းပြော၏။ ပစ္စည်းသိမ်းအိတ်၏တန်ဖိုးက လေးမြှားနှင့်ယှဥ်ဖို့တောင်မဖြစ်နိုင်ပါ။ သူမအနေနှင့် အသက်ကယ်ပေးခံရ ကျွေးမွေးစောင့်ရှောက်ခြင်းခံရ ရုံသာမက ဤကဲ့သို့ ပစ္စည်းကောင်းတွေပါ ပေးအပ်ခြင်းခံရသဖြင့် သူမရင်ထဲမှာ ပျော်ရွှင်ကြည်နူးမှုနှင့်အတူ အားနာခြင်း.များပါ ခံစားရသည်။ ကျိုးမိသားစုက သူမအပေါ်အရမ်းကောင်းသည်။ သူမ တစ်ချိန်ကြရင် ကျိုးမိသားစုအတွက် အကောင်းဆုံးအရာတွေကို ဆောက်ကြဥ်းပေးမည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။
" ကျေးဇူးတင်ပါတယ်..ဦးလေး..ကျူးအော်ဒါကို တန်ဖိုးထားပြီးသုံးပါ့မယ်..ဒေါ်လေးကိုလည်း ကျေးဇူးတင်ပါတယ်... ကျူးအော်ကို အမြဲတမ်းဟင်းကောင်းတွေ ချက်ကျွေးလို့.."
ကျန်းစီကျူး က ကျိုးသခင်မ၏ ရင်ခွက်ထဲသို့တိုးဝင်ကာ ဖတ်ထားလိုက်၏။ သူမက ကျိုးသခင်မ၏ ရင်ခွင်ထဲတွက် တသိမ့်သိမ့်တုန်ကာ ငိုကြွေးနေတော့၏။
" ကျူးအော်..ဘာဖြစ်လို့လဲ. ဘာလို့ငိုနေတာလဲ.." ကျိုးသခင်မ မေးသံ...
" ဟင်အင်း...ဟင့်..ဘာမှ မဖြစ်..ကျူးအော်..ပျော်လို့မျက်ရည်ကျတာပါ...အဟင့်..ကျူးအော်ကို ဒီလိုမျိုးချစ်ပေးကြလို့..အင့်..ပျော်လို့..ဟင့်..ဟင့်"
ကျိုးသခင်မက ကျန်းစီကျူး ကိုပြန်လည်ဖတ်ထားလိုက်ရင်း...
" အော်...ဒီကလေးကတော့လေ..ပျော်လို့ငိုနေတယ်တဲ့..ကဲ..ကဲ.တိတ်..တိတ်..မငိုနဲ့တော့.. ငိုလွန်းတဲ့ကလေးက အရပ်မရှည်ဘူးတဲ့.."
ကျိုးသခင်မက နှစ်သိပ်ပေးလိုက်သည့် စကားကိုကြားပြီး ကျန်းစီကျူး ကအနည်းငယ်ရယ်လိုက်ပြီး ကျိုးသခင်မရင်ခွင်ထဲမှ ခေါင်းကိုခွာလိုက်၏။
" ကျူးအော် အရပ်မရှည်လို့တော့မဖြစ်ဘူး...ကျူးအော်က အားထုံထက်အရပ်ပိုရှည်အောင်နေမှာ..ဟီး..ဟီ"
" အံမယ်...ငါ့ထက် အရပ်ပိုရှည်ချင်သေးတယ်ပေါ့..ဒီတစ်သတ် မရဘူး...ဟား..ဟား..ဟား.."
ဟား..ဟား..ဟားဟား "
" ခစ်..ခစ်..ခစ်..."
အိမ်လေးထဲမှ ရယ်သံများက ခြံဝင်းပြင်သို့ပင် ထွက်ကျလာလေ၏။
![](https://img.wattpad.com/cover/208506452-288-k665559.jpg)
VOCÊ ESTÁ LENDO
ကံကြမ္မာနှင့်ယှဥ်၍
Ficção Históricaနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...