Unicode
ကျန်းစီကျူး တစ်ယောက် အိပ်ဆောင်အတွင်းတွင် စာရေးလေ့ကျင့်နေသည်။
ဒုန်း!!!
တံခါးကို ဝုန်းခနဲ ဖွင့်သံကြားရပြီး မိခင်ဖြစ်သူက အပြေးဝင်လာခဲ့သည်။ သူမ အမေမှာ မျက်နှာတွင် ပူပန်မှုနှင့်အတူ မျက်ရည်များလည်းတွေ့ရသည်။
" မေမေ..ဘာဖြစ်တာလဲ... နေမကောင်း..."
" ကျူးအော်..ခုချက်ချင်း အမေတို့မြို့တော်ကနေ ခွာမှဖြစ်မယ်။ သမီးလိုအပ်တဲ့ပစ္စည်းတွေ ဒီအိတ်ထဲထည့်လိုက်."
မိခင်ဖြစ်သူက သူမကို ပစ္စည်းသိမ်းဆည်းသည့်အိတ် ( ကျင့်ကြံချင်းလောကတွင် ပစ္စည်းအမြောက်အမြားကို ထည့်နိုင်သော်လည်း သေးပြီး ဝန်မကျယ်သည့် မှော်ပညာနှင့်ပြုလုပ်ထားသည့်အိတ်) တစ်ခုလှမ်းပေးရင်း တစ်ဖက်က အစေခံဖြစ်သူကိုလည်းညွှန်ကြားနေသည်။
" အစေခံတွေအကုန်လုံး အိမ်တော်ကနေအမြန်ထွက်သွားဖို့ပြောလိုက်ပါ..လိုချင်တဲ့ပစ္စည်း အကုန်ယူသွားဖို့ပြော..မကြာခင် နန်းတွင်းရဲမတ်တွေရောက်လာရင် အကုန်အသက်ခံရမှာမို့ မြန်မြန်တိမ်းရှောင်ဖို့ပြောလိုက်တော့"
ကျန်းစီကျူး မှာ မိခင်ဖြစ်သူ၏ လှုပ်ရှားမှုတွေကိုသာ ကြောင်တောင်တောင်ကြည့်နေမိဆဲဖြစ်သည်။
" မေမေ ဘာဖြစ်တာလဲ..ဘာဖြစ်တာလဲ လို့ သမီးတို့က ဘာလို့အိမ်တော်က တိမ်းရှောင်ရမှာလဲ"
" ကျူးအော် မေးမနေနဲ့ မြန်မြန်လုပ် မေမေလမ်းကြမှ ရှင်းပြမယ်...ခု ကိုယ်ရံတော်ရှင်း စောင့်နေတယ်. မြန်မြန်လုပ် "
ဖေဖေ..ဖေဖေကရော ဘယ်ရောက်နေတာလဲ မေးချင်ပေမယ့် မိခင်ဖြစ်သူက လောကြီးနေမှုကြောင့် ကျန်းစီကျူး ဆက်မပြောဘဲ ပစ္စည်း များသာအမြန်ကောက်ယူခဲ့ရ၏။ မိခင်ဖြစ်သူက ကျန်းစီကျူး ကို သာမာန်လူတန်းစားဝတ်သည့် အင်္ကျီ တစ်ထည်ကိုလဲဝေစေပြီး သူကိုယ်တိုင်လည်း သာမာန် အင်္ကျီ တစ်ထည်လဲဝတ်လိုက်သည်။ သားအမိနှစ်ယောက်သည် အိမ်တော်၏ အနောက်ဖက်ပေါက်သို့ထွက်လာခဲ့သည်။ အိမ်တော်အနောက်ဖက်တံခါးနားတွင် မိခင်ဖြစ်သူ၏ကိုယ်ရံတော်ရှင်းနှင့် အစေခံ ဒေါ်ဒေါ်ရှောင်းကို တွေ့ရသည်။ လူလေးယောက်၏ ဦးတည်သောနေရာမှာ တောင်ပိုင်းသို့ဖြစ်လေသည်။
ကျန်းစီကျူး သည် အဖြစ်အပျက်များကို လမ်းခရီးတွင်မှ မိခင်ဖြစ်သူဆီမှ အကြောင်းစုံသိရသည်။ ဖခင်ဖြစ်သူက ပုန်ကန်မှုကြောင့် မြောက်ပိုင်းတွင် အဖမ်းခံရကြောင်း၊ ဘုရင်မင်းမြတ်နှင့်အဖွဲ့ မြို့တော်သို့ပြန်မရောက်ခင် သူမတို့သားအမိ တောင်ပိုင်းသို့ရောက်နေမှ အန္တရယ် ကင်းမည်ဖြစ်ကြောင်း..သိရှိခဲ့ရသည်။
ကျန်းစီကျူး တို့ လေးဦးသည် မြို့တော်မှ ထွက်ခွာလာခဲ့ပြီးနောက် ညနေပိုင်းတွင် ရွာတစ်ရွာသို့ရောက်ရှိခဲ့သည်။ ကိုယ်ရံတော်ရှင်း က ရထားလုံးကို ရပ်လိုက်၍ အတွင်းရှိ သခင်မအားမေးမြန်းလိုက်သည်။
" သခင်မ..ကျွန်တော်တို့ ဒီည ဒီမှာအနားယူကြမလား..သခင်မလေးလည်း တစ်နေကုန်ခရီးထွက်လာတာဆိုတော့ အနားယူဖို့လိုအပ်တယ်...ပြီးတော့ မြင်းတွေလည်း အနားပေးဖို့လိုအပ်တယ်.."
" ညစာလောက်ပဲစားပြီး ဆက်ထွက်ကြမယ်..ညအိပ်ဖို့က အချိန်မရဘူး..တက်နိုင်သလောက် တောင်ပိုင်းရောက်မှ ငါတို့အတွက် အန္တရယ်ကင်းမှာ.."
"ဟုတ်ကဲ့ပါ...သခင်မ"
ကိုယ်ရံတော်ရှင်းက ရထားလုံးကို ရွာထဲသို့ဆက်လက်မောင်းနှင်လိုက်လေသည်။
BẠN ĐANG ĐỌC
ကံကြမ္မာနှင့်ယှဥ်၍
Tiểu thuyết Lịch sửနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...
