ကျိုးထုံနှင့် ထိုသခင်လေး၏ တိုက်ပွဲမှာအချိန်အတော်ကြာသော်လည်း အဆုံးသတ်နိုင်ခြင်း မရှိသေးပေ။ အနိုင်အရှုံးမကွဲပြားသည့်တိုက်ပွဲက ပတ်ဝန်းကျင်ကို ဖျက်ဆီးသလိုသာဖြစ်နေခဲ့သည်။
မကြာသောအချိန်အတွင်း ကျိုးဇနီးမောင်နှံရောက်ရှိလာပြီးနောက် တိုက်ပွဲကိုရပ်တန့်လိုက်ကြသည်။ ကျိုးကျစ်လုံက နှစ်ဦးအကြားဝင်ရောက်လိုက်ပြီးနောက် သူ၏ အားပြင်းတဲ့ ဓားခုတ်ချက်က ကျိုးထုံ၏ ဓားကို ကျိုးသွားစေပြီး တစ်ချိန်တည်းမှာပင် တဖက်က သခင်လေး၏လက်ကောက်ဝတ်ကိုလည်း ခြေကန်ချက်ထိမိသွားစေသည်။ ကျိုးထုံက ဖခင်၏ရှေ့မှောက်၌ ဒူးထောက်ထိုင်နေခဲ့ရပြီး ထိုသခင်လေးမှာလည်း မလှုပ်မရှားငြိမ်ငြိမ်လေးသာ နာခံရတော့သည်။
ကျိုးထုံက မိမိ၏ ဓားကျိုးသွားစေသောခုတ်ချက်ကြောင့် မကျေနပ်သော်လည်း ဖခင်၏ဒေါသအတိုင်းအတာကို မှန်းစမိနေသည်။ သူက ငြိမ်ငြိမ်လေးနေပြီး အပြစ်ဒဏ်ကိုခံယူရန် စဉ်းစားနေသည်။ တစ်ဖက်မှသခင်လေးကတော့...
ဒီလူက အတော်အဆင့်မြင့်တာပဲ.ပတ်ဝန်းကျင် လူတွေအကုန်လုံးကလည်း သူ့ကိုတွေ့တာနဲ့အရိုအသေပေးကြတယ်.သူက ဒီနေရာရဲ့အကြီးအကဲဖြစ်ပုံရတယ်.ဘယ်လိုပဲဖြစ်ဖြစ် သတိထားရမယ်.အခန့်မသင့်ရင် ငါတို့မောင်နှမ အသက်ပါသွားနိုင်တယ်...သူက စဉ်းစားတွေးခေါ်မှုအပြီး ညီမဖြစ်သူကိုပါဆွဲခေါ်ပြီး ဂါဝရပြုနှုတ်ဆက်လိုက်သည်။
" ကျွန်တော်တို့မောင်နှမ ဒီကလူကြီးမင်းကို ဂါဝရပြုပါတယ်..ဒီလိုမျိုးရုပ်ဆိုးတဲ့အခြေအနေတွေဖြစ်ပေါ်စေတဲ့အတွက်လည်း အားနာမိပါတယ် "
သူက ညီမဖြစ်သူကိုပါ တစ်ချက်တွန်းထိုပြီးနောက် လက်နှစ်ဖက်ယှက် ခေါင်းငုံ့ ခါးညွတ်၍ အရိုအသေပေးလိုက်သည်။
ကျိုးကျစ်လုံ က ထိုမောင်နှမကို တစ်ချက်မျှကြည့်လိုက်ပြီးနောက်
" ဒီက သခင်လေးတို့က သွားလိုရာသွားနိုင်ပါပြီ..ဒီတစ်ခေါက်တော့ သခင်လေးတို့က ဧည့်သည်တွေဖြစ်လို့ သည်းခံလိုက်ပါ့မယ်..ဒါပေမယ့် နောက်တစ်ခေါက်ကြရင်တော့ ဒီလိုအဖြစ်မျိုးမဖြစ်ပါစေနဲ့.."
ကျိုးကျစ်လုံ က စကားကို ခပ်ပြတ်ပြတ်ပြောဆိုပြီးနောက် မျက်နှာလွှဲလိုက်သည်။ တစ်ဖက်က သူနှစ်ယောက်ကတော့ မကျေနပ်ပေမယ့် နိုင်ပုံလည်းမရှိသောကြောင့် ထိုနေရာမှသာ အမြန်ဆုံးထွက်ခွာသွားလေသည်။
ကျိုးထုံကတော့ ယခုချိန်ထိ ဒူးထောက်အနေအထားတွင်ရှိဆဲဖြစ်ပြီး ဖခင်ထံမှ အပြစ်ကိုခံယူရန်ရှိနေသည်။
" ဒီလိုရုပ်ဆိုးအကျည်းတန်တဲ့ ပုံစံမျိုးပြရအောင် အိမ်ပြန်လာခဲ့တာလား..ဒီနေ့က အရေးကြီးတဲ့နေ့ဆိုတာ သိရဲ့သားနဲ့ ရန်ဖြစ်ရဲသေးတယ်..ဒီအတောအတွင်း အိမ်နဲ့ဝေးနေလို့ အိမ်စည်းကမ်းတွေမေ့သွားပြီ ထင်တယ်.."
" တောင်းပန်ပါတယ် အဖေ..ဒီကိစ္စ က မတော်တဆဖြစ်သွားတာပါ..သားအမှားပါ..သားအပြစ်ဒဏ်ခံယူပါ့မယ်.."
" ယောကျာ်း..ဒီနေရာက လမ်းမကြီးပေါ်လေ..သတိထားဦး.အပြစ်ပေးမယ်ဆိုလည်း အိမ်ရောက်မှပေးပါ..ဒီမှာလူတွေအများကြီးနဲ့.."
ကျိုးသခင်မ၏ သတိပေးသံကြောင့် ကျိုးကျစ်လုံ က သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက်
" အားလုံးပဲ ပျက်စီးဆုံးရှုံးမှုတွေအတွက် ကျွန်တော်ကျိုးကျစ်လုံက တာဝန်ယူပါတယ်.လျော်ကြေးငွေတွေကို ကျွန်တော့်အိမ်မှာလာရောက်ထုတ်ယူပေးပါ..ကျွန်တော့်သားရဲ့ ရိုင်းပျမှုအတွက်လည်း ကျွန်တော် တောင်းပန်ပါတယ်.."
ကျိုးကျစ်လုံ က ရပ်ကြည့်နေသောလူအကုန်ကြားအောင် တောင်းပန်မှုပြုလိုက်ပြီးနောက်
" အခုအိမ်ပြန်မယ်..လိုက်လာခဲ့." ကျိုးထုံကို အမိန့်ပေးပြီးနောက် လှည့်ထွက်သွားတော့သည်။ ကျိုးသခင်မကတော့ သားဖြစ်သူကို ဆွဲထူလိုက်ပြီး ခင်ပွန်းဖြစ်သူနောက်လိုက်သွားကြတော့သည်။
ESTÁS LEYENDO
ကံကြမ္မာနှင့်ယှဥ်၍
Ficción históricaနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...
