ချန်ယွင် ဟုန်လင်း နှင့် ယန်ဇီကျူး တို့က မြို့ပြင်ရှိ ဆင်းရဲသားတွေနေထိုင်ရာကို ဦးတည်သွားခဲ့သည်။
မြို့တစ်မြို့ဟာ ဘယ်လောက်ပဲစည်ကားပြီး ချမ်းသာမှုတွေပြည့်နေပါစေ နောက်ကွယ်မှာတော့ အရုပအဆိုးအကျဥ်းတန်တဲ့ဆင်းရဲမွဲတေမှုကတော့ ရှိနေဦးပေမည်။
မြို့ပြင်ကိုထွက်လာသည်နှင့်အမျှ အဆောင်အဦးနေရာထိုင်ခင်းတွေက ပြောင်းလဲလာကာ တဖြေးဖြေးမြို့၏ဆင်းရဲသောဘက်ခြမ်းက ပေါ်ပေါက်လာသည်။
သူတို့ ၃ ယောက်ဟာ ဆင်းရဲသားရွာလေးထဲသို့ ဝင်ရောက်သွားကြပြီး လေ့လာစူးစမ်းနေကြသည်။ အဝတ်အစားတောက်တောက်ပပနှင့် မျိုးရိုးမြင့် လူ ၃ ယောက်က သူတို့ရွာထဲကိုဝင်လာသည်နှင့် လမ်းပေါ်မှာပြေးကစားနေတဲ့ ကလေးတွေကို သူတို့၏မိဘတွေက အလျင်အမြန်အိမ်ထဲဝင်စေလေ၏။ ဒါကလည်း ဖြစ်တက်တဲ့သဘောတရားတွေပါပဲ..အခုလိုအချိန်မှာ မျိုးရိုးမြင့်တွေက ယဇ်ပူဇော်ဖို့အတွက် သူတို့ရဲ့ကလေးတွေကို မဖမ်းခေါ်သွားနိုင်ဘူးလို့ပြောလို့မရဘူးလေ...
ဟုန်လင်း- ယွင်ကိုကို ဒီနေရာကတကယ်ကို ညစ်ပတ်နံစော်နေတာပဲ..ဟွန့်..တကယ်စိတ်ပျိက်ဖို့ကောင်းတယ်..
ယန်ဇီကျူး - နင်က တကယ်ကိုအလိုလိုက်ခံထားရတဲ့ သခင်မလေးပဲ..ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး ဒီလိုအရာတွေကို သည်းခံရမှန်းမသိဘူးလား..
ချန်ယွင် - တော်ပြီ..နှစ်ယောက်သားထပ်ရန်ဖြစ်ကြဦးမယ်..ငါတို့ဒီကိုလာတဲ့ ရည်ရွယ်ချက်ကို မမေ့ပါနဲ့..
ချန်ယွင် ၏ အသံမာမာနှင့်ဟန့်တားမှုကြောင့်နှစ်ယောက်သား တိတ်ဆိတိသွားလေသည်။ ချန်ယွင် တကယ်စိတ်ကုန်နေခဲ့ပြီလေ..တစ်လမ်းလုံး ဒီမိန်းကလေးနှစ်ယောက်ဟာ စကားနိုင်လုရင်း ရန်ဖြစ်လာခဲ့ကြတာ သူ့အတွက်သည်းခံချင်စိတ်တော်တော်ကုန်ဆုံးနေပြီဖြစ်သည်။
သူတို့သွားရာတစ်လျှောက်က လူတွေဟာ အိမ်ထဲကိုအမြန်ပြေးဝင်ကြသည့်အပြင် တံခါးတွေပါ ပိတ်ကုန်ကြလေသည်။ သူတို့က တစ်ယောက်ယောက်ကို စကားပြောရန်ကြံစည်လိုက်တိုင်း ထိုလူတွေက အလျင်အမြန်ရှောင်ဖယ်ကာ ထွက်သွားကြသည်။ သူတို့ ၃ ယောက် ရွာလမ်းအဆုံးထိလျှောက်လာခဲ့ပေမယ့် စကားအစအနတောင်မေးမြန်းခွင့်မရကြပေ။ ရွာလမ်းအဆုံးကိုရောက်တဲ့အချိန်မှာတော့ ထူးဆန်းတဲ့လူတစ်ယောက်ကိုမြင်လိုက်ရသည်။ အသက်၅၀ ပတ်ဝန်းကျင်လောက်ရှိပုံရမည့် ထိုလူက သူ့အိမ်ရှေ့ကွပ်ပျစ်တွင် ဝါးခြင်းတောင်းတွေ ယက်နေခဲ့ပြီး သူက တစ်ဦးတည်းသော မပုန်းခိုသူဖြစ်လေသည်။
ВЫ ЧИТАЕТЕ
ကံကြမ္မာနှင့်ယှဥ်၍
Исторические романыနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...
