" ကျန်းစီကျူး.. "
ကျိုးထုံက အံ့ဩတကြီး ရေရွတ်လိုက်ပြီး သူမရှိရာသို့ အပြေးလှမ်းသွား၏။
" နင်ဘယ်လိုလုပ်.. ဒီရောက်နေတာလဲ..နင်အခု ကျိုးရွာကို ပြန်ရောက်နေရမှာ မဟုတ်ဘူးလား..အဖေ့ကို နင်ဘယ်လို လှည့်စားခဲ့တာလဲ..ဒဏ်ရာကရော.ဘယ်လို.."" တိတ်စမ်း.."
ကျန်းစီကျူး အော်ငေါက်လိုက်ပြီး ကျိုးထုံ ပါးစပ်ကို လက်ဖြင့်ကာလိုက်၏။" နင်ပြောချင်ရာတွေ စွတ်ပြောမနေနဲ့ ငါအားလုံးရှင်းပြမယ်..ဟုတ်ပြီလား.."
" အော်."
ကျိုးထုံက ခေါင်းညိမ့်သဘောတူသည့်အမူအယာပြလိုက်သည်။
" ငါ့ ဒဏ်ရာပျောက်သွားပြီ.ဆရာ ကုပေးလိုက်တာ..တောင်ကြားဝင်ဖို့ကိုလည်း ဆရာနဲ့ ဦးလေးကျိုး သဘောတူညီချက်ရခဲ့ပြီးပြီ..ငါလာတာနောက်ကျလို့ နင်တို့ကို မမှီလိုက်တာ..ခုနက တိုက်ခိုက်နေသံတွေကြားလို့ နင်တို့လားဆိုပြီး လာရှာရင်း တွေ့တာ..သိပြီလား.."
" နင့်ဒဏ်ရာက တကယ်ပျောက်လို့လား..ရက်ပိုင်းအတွင်း ပျောက်တာမဖြစ်နိုင်..ငါ စစ်ကြည့်မယ်.."
" ကောင်းပြီ..ကောင်းပြီ စစ်..စစ်."
ကျိုးထုံက ကျန်းစီကျူး လက်မောင်းတွေကို ကိုင်ဆွဲ၍ ဒဏ်ရာရှိသေးလား စစ်ဆေးနေသည်။
" တကယ့်ကို..ပျောက်သွားတာပဲ..ထူးဆန်းလိုက်တာ.."
သူတို့နှစ်ယောက် ပြောဆိုနေတာကို ယန်မောင်နှမ က ငေးကြည့်နေရင်းသာ..
ကျန်းစီကျူး - အခု ရပြီမလား..ငါ့ကို သူတို့တွေနဲ့ မိတ်ဆက်ပေးဦးလေ..နင့်မိတ်ဆွေတွေ မဟုတ်လား..
ယန်ဇီကျူး - ငါတို့က သူ့မိတ်ဆွေမဟုတ်ပါဘူး..
ကျိုးထုံ - ဘာလို့ မိတ်ဆွေမဟုတ်ရမှာလဲ..ငါတို့တွေ အတူတူ တိုက်ပွဲ တွေ အတူဆင်နွှဲဖူးတယ်..အစားအသောက်တွေလည်း တူတူစားဖူးတယ်..ခရီးလည်း တူတူသွားဖူးတယ်လေး..ယန်သခင်မလေး..တကယ်ပဲ..အတိတ်မေ့သွားပြီလား..
ယန်ဇီကျူး - အတိတ်မေ့တာတော့မဟုတ်ဘူး..တမင်မေ့ပစ်တာ..နင်တို့နဲ့ ပတ်သတ်ခဲ့ဖူးတဲ့ အတိတ်ကို မုန်းလွန်းလို့..
YOU ARE READING
ကံကြမ္မာနှင့်ယှဥ်၍
Historical Fictionနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...