အိမ်ရှေ့စံအဖွဲ့ ပြိုလဲခြင်း

192 19 1
                                    

နှစ်ရက်မျှသော ကာလဟာ အလွန်ပင်အလုပ်ရှုပ်ခဲ့ပေပြီ..ယန်ဖုန်းရွှင့် ၏ ဦးဆောင်မှုအောက်မှာ အားလုံးဟာ တာဝန်ကိုယ်စီ ယူထားခဲ့ကြသည်။

၃ ရက်မြောက်နေ့မှာတော့ ယန်ဖုန်းရွှင့် နန်းတွင်းသို့ တရားဝင် ဝင်ရောက်မည်ဖြစ်ပြီး အရာအားလုံးဟာ ဒီနေ့အဆုံးအဖြတ်ဖြစ်မည်ပင်...

" မင်းကြီး ကြွလာပါပြီ.."

ညီလာခံခန်းမအတွင်း အမတ်များနှင့် အိမ်ရှေ့စံ၊ မင်းသားချန်ယွင် အားလုံး အရိုအသေပေးလိုက်ကြသည်။ ကျန်းမာရေးသိပ်ကောင်းပုံမရသော မင်းကြီးကိုတော့ မိဖုရားခေါင်က တစ်ဖက် ယန်ဖုန်းရွှင့် က တစ်ဖက် တွဲ ၍ ဝင်ရောက်လာကြသဖြင့် အားလုံးဟာ ဒီနေ့ အရေးကြီးပြီမှန်းသိလိုက်ကြသည်။

နေရာယူပြီးနောက်မှာပင်..အိမ်ရှေ့စံက မေးခွန်းစလိုက်သည်။

" ဆရာယန်ဖုန်းရွှင့် က သတ္ထုတွင်း ပြိုကျမှုမှာ ပါသွားတယ်လို့ထင်တာ အခုလို အသက်ရှင်လျှက် ပြန်တွေ့ရတာပဲ."

" အဟွတ်..ဟွတ်.."

မင်းကြီးဟာ စကားပြောရန်ဟန်ပြင်ပြီး ချောင်းအနည်းငယ်ဆိုးသွားခဲ့သည်။

" ယန်ဖုန်းရွှင့် က ကိုယ်တော်ရဲ့အမှုကိစ္စတွေကို ကူညီရင်း သေကံမရောက်ခဲ့ရတာ ကံကောင်းလို့ပဲပေါ့..ဒီကိစ္စအတွက် ကိုယ်တော် တကယ်အားနာနေခဲ့ရတာ..."
" အားနာစရာမလိုပါဘူး အရှင် ကျွန်တော်မျိုးက ဒီတိုင်းပြည်သား တစ်ယောက်အနေနဲ့ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ရတာ ဂုဏ်ယူရတာပါ..အခုလို အရှင့်ကို စိုးရိမ်စေခဲ့မိတာကိုသာ ကျွန်တော်မျိုး ရဲ့ အရည်အချင်းနည်းပါးခဲ့မှုကြောင့်ဖြစ်ပါတယ်.. .ဒီအတွက်လည်း အရှင့်ကို ကျွန်တော်မျိုး အသက်နဲ့ရင်းပြီးရခဲ့တဲ့ အချက်အလက်တွေကို ဆက်သပါ့မယ်.."

ယန်ဖုန်းရွှင့် က စာအုပ်ငယ်လေးတစ်ခုနှင့် တံဆိပ်ပြားတစ်ခုကို မင်းကြီးထံသို့ ဆက်သလိုက်သည်။

အိမ်ရှေ့စံဟာ ယန်ဖုန်းရွှင့် ဆက်သလိုက်သည့် တံဆိပ်ပြားကိုမြင်သည်နှင့် သူ့ငယ်သားထံ အကြည့်ရောက်သွားလေသည်။ ဒါဟာ သတ္ထုတွင်း က သူ့လူထံသို့ပေးထားသည့် သူ၏ တံဆိပ်ပြားပင်..ယန်ဖုန်းရွှင့် သတ္ထုတွင်း ကိုစုံစမ်းရန်သွားရောက်ချိန် သူ့ လူဖြစ်သော သတ္ထုတွင်း တာဝန်ခံကိုပါ တပါတည်း တွင်းဖြို၍ သတ်ခိုင်းစေခဲ့သည်။ တာဝန်ခံဆီပေးထားသည့် တံဆိပ်ပြား ကို သူ့ငယ်သားကို သေချာပြန်သိမ်းခဲ့ရန် ညွှန်ကြားခဲ့ပေမယ့် ပြန်မရရှိခဲ့ပေ...

ကံကြမ္မာနှင့်ယှဥ်၍Nơi câu chuyện tồn tại. Hãy khám phá bây giờ