မြေအောက်လှိုဏ်ဂူများ ၂

201 26 3
                                        

စိုစွတ်ပြီး အောက်သိုးသိုးအနံ့အသက်များကြားမှ သွေးညှီနံ့ ခပ်လွင့်လွင့်... အမှောင်ထုထဲ သိဒ္ဒိစွမ်းအင်မီးလုံးလေးက မှိန်ပျပျအလင်းဖြင့်သာ...

ကျန်းစီကျူး နှင့် ကောင်းကင်ဓားဂိုဏ်းသား ၄ ယောက် အဖွဲ့ဟာ အချိန်မလပ် သတိကြီးကြီးထား၍ ဂူအတွင်းသို့ တိုးဝင်လာခဲ့ပြီး တိတ်ဆိတ်ညိမ်သက်လွန်း၍ အသက်ရှုသံများကတောင် အင်မတန်ကျယ်လောင်နေသလိုပင်..အစောပိုင်း လမ်းခွဲ၍ ထွက်လာခါစက တစ်ဖက်ခြမ်းဂူတွေမှ အဖွဲ့များ၏ အသံများကို ကြားနေရသေးပေမယ့် တဖြည်းဖြည်း ဝေးကွာသွားသည်ထင်.စိုးစဥ်သော အသံမျှ ပေါ်ထွက်မလာတော့ပေ။
ကျန်းစီကျူး ဟာ ရှေ့ကဦးဆောင်၍ လျှောက်လှမ်းနေခဲ့သည်။

"အ.."

အသံကြောင့် သူမ အနောက်ကိုလှည့်ကြည့်တော့ ဂိုဏ်းသားတစ်ယောက် ခြေခေါက်လဲသွားသည်ထင်..ထူတဲ့လူကထူ..ကူညီတဲလူနှင့်လအနည်းငယ် ဗျာများသွားရသည်။ မြေကြီးက မညီညာဘူးဆိုတာသိပေမယ့် သာမာန်လူလည်းမဟုတ် ကျင့်ကြံသူ တစ်ယောက်က ခြေခေါက်လဲသည်ဆိုတော့ သူမ အနည်းငယ်တော့ စိတ်တိုသွားရ၏။ သူမက ဒေါသကိုဘမျိုသိပ်လိုက်ရင်း ရပ်ကြည့်နေရတော့သည်။

" ကျိုးမိန်းကလေး.. အားတော့နာပါရဲ့..သူ့ခြေထောက်က တော်တော်ထိသွားပုံပဲ..ကျွန်တော်တို့ဒီမှာ ခဏနားကြမှ ရလိမ့်မယ်. "

ကျန်းစီကျူး ခေါင်းသာညိမ့်လိုက်ပြီး နံရံကိုမှီ၍ ရပ်နေလိုက်တော့သည်။ ဂိုဏ်းသားတွေဟာ ခြေခေါက်လဲသွားသူကို ဆေးစည်းပေးနေကြပြီး ကျန်းစီကျူး ကတော့ မျက်လုံးကို မှိတ်လိုက်ပြီး သူမ၏ အနံ့ခံအာရုံနှင့် အကြားအာရုံကို အလုပ်ပေးလိုက်သည်။

တိတ်ဆိတ်ငြိမ်သက်နေသော လှိုဏ်ဂူ လမ်းတစ်လျှောက် ခပ်လွင့်လွင့် ရနေသော သွေးညှီနံ့နောက်သို့ စိတ်အာရုံဖြင့် လိုက်လံထောက်လှမ်းနေခဲ့သည်။ သွေးညှီနံ့ ၏ မူလအရင်းအမြစ်နေရာဟာ အခုလက်ရှိနေရာဖြင့် မဝေးလှသော အနေအထားမှာရှိနေပြီဖြစ်ပြီး ထိုနေရာဟာ အဘယ်သို့သော ဘေးဒုက္ခကို ပေးဦးမလဲဆိုတာ မသိနိုင်သေးပေ။

သူမ၏ အကြားအာရုံအတွင်းသို့လည်း တိုးတိတ်သော အသံမျှင်မျှင်က တိုးဝင်လာခဲ့ပြန်သည်။ သတိထား၍ အသံကိုနားထောင်ကြည့်တော့ တဖြည်းဖြည်းနီးကပ်လာမှုနှင့် အတူ ထိုအရာက ခြေသံများ..ဟုတ်သည်...ခြေသံများ..ခပ်ဖော့ဖော့ဖြတ်နင်းလာပေမယ့်..လှိုဏ်ဂူ အတွင်းမှာတော့ အသံကို သတိထားမိနိုင်လေသည်။

ကံကြမ္မာနှင့်ယှဥ်၍Donde viven las historias. Descúbrelo ahora