ရွှေနန်းတော်၏ လျို့ဝှက်ချက်

148 12 0
                                        


" မယ်တော်"

" လာပြီလား မြန်မြန်လာထိုင်.."

မိဖုရားခေါင်က အရိုအသေပေးမှုတွေကို အလျင်အမြန် ရုတ်သိမ်းစေပြီး သက်တောင့်သက်သာရှိစေလိုက်၏။

ကြီးမားသော စားပွဲဝိုင်းကြီးတွင် အရောင်အဆင်းစုံလင်လှသော မုန့်များနှင့် မွှေးပျံသော လက်ဖက်ရည် တို့ကို တည်ခင်းထားသည်။ မိဖုရားဟာ ကြီးမြတ်ပေမယ့် ဂုဏ်မဝင့်ပေ..
သူမက စားပွဲတစ်ပွဲတည်း ထိုင်စေခဲ့ပြီး ဒါက မိဖုရားခေါင်၏ မပြောင်းလဲသော အမူအကျင့်ပေ...

ချန်ယွင်က မိဖုရားခေါင် နံဘေးတစ်ဖက်တွင် ဝင်ထိုင်လိုက်ပြီး သူ့ဘေးကပ်လျက်ထိုင်ခုံကိုတော့ ကျန်းစီကျူး ကို ဦးစားပေး၏။

" အားကျူး လာထိုင်.."

မင်းသား ကိုယ်တိုင် သီးသန့်နေရာချပေးမှုက မယ်တော်မိဖုရားကို ဆွဲဆောင်သွားစေ၏။

ကျန်းစီကျူး ပြီးတော့ ကျိုးထုံ က ဝင်ထိုင်ရန်ကြိုးစား၏။ ဒါပေမယ့် ရန်ရိရှင်းက ခြေတစ်လှမ်း ဦးသွားသည်။ ကျန်းစီကျူး ဟာ တစ်ဖက်က ချန်ယွင် တစ်ဖက်တွင် ရန်ရိရှင်း ခြံရံထိုင်လျက်ရှိနေရသည်က တမျိုးတဖုံ နေရခက်စေသလိုပင်..

ကျိုးထုံက အောင့်သက်သက်ဖြင့် အစဥ်လိုက် ဝင်ထိုင်လိုက်ပြီး ယန်ဇီကျူး ယန်ဇီယွမ် ထို့နောက် မိဖုရားခေါင်၏ တစ်ဖက်ဘေးနေရာတွင်တော့ ယန်ဖုန်းရွှင့်..

ကျိမ်းသေပေါက် ဒီနန်းတော်ထဲကို ပိုင်ရိထျန်း က လိုက်မလာခဲ့ပါဘူး..သူက စည်းစနစ်နဲ့ နေရတာမျိုး ကို မကြိုက်ဘူး.ပြီးတော့ အချိန်မရွေး သူ နန်းတော်ကို ဝင်ထွက်နိုင်တာပဲလေ..

" ဒီ မိန်းကလေးက.."

သူ၏ မယ်တော်က သူမအပေါ် စိတ်ဝင်စားမှုတွေပြသနေတာကြောင့် ချန်ယွင် ဟာ အလျင်အမြန်ပင် မိတ်ဆက်ပေးလိုက်၏

" သူက သားတော်ရဲ့ သူငယ်ချင်း ပါ ကျိုးစီကျူး လို့ခေါ်ပါတယ်.."

ထိုနောက်တစ်ဆက်တည်း..

" ဒါက သူမရဲ့ ဆရာ ရန်ရိရှင်း.. ကျိုးထုံကိုမယ်တော် သိပါတယ်..ယန်ဇီကျူး.. ယန်ဇီယွမ် သူတို့က ဦးလေးရဲ့ တပည့်တွေ"

ကံကြမ္မာနှင့်ယှဥ်၍Место, где живут истории. Откройте их для себя