ရန်ရိရှင်းက သူမအပေါ်တွင် အုပ်မိုးရပ်နေပြီး ရေစက်များက ဆံနွယ်ပေါ်မှတဆင့် သူမအပေါ်သို့ တစ်စက်ချင်းစီးကျနေသည်။ သူမက အခုအခြေအနေမှ ထွက်ပြေးသွားဖို့သာ အာရုံရောက်မိ၏။ အခု သူမက ဆရာဖြစ်သူရေချိုးနေသည်ကို ချောင်းကြည့်နေသည့် ဆိုးရွားလှသည့်တပည့်အဖြစ်သို့ ရောက်ရှိနေပေပြီ။ ဘယ်လိုတောင်ဆိုးရွားတဲ့ အခြေအနေလဲ။
" ဒီမှာ ဘာလုပ်နေတာလဲ " ရန်ရိရှင်း ရဲ့အသံက ခပ်တိုးတိုးဆိုပေမယ့် သူမ၏နှလုံးသားထဲမှာတော့ မိုးကြိုးပြစ်ချလိုက်သလိုပင်။
" ဟို..ဟို..တပည့်..ဟိုလေ"
သူမက စကားများပင် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေပြီး ပြန်ဖြေနိုင်စွမ်းမဲ့နေခဲ့သည်။
သူမ ဘယ်လိုပြန်ဖြေရမည်နည်း၊ ဆရာဖြစ်သူကို လိုက်ရှာရင်းနှင့် ဆရာရေချိုးတာကို မတော်တဆချောင်းမိသွားသည်ဟု ပြောရမလား၊ ဘာမှမမြင်လိုက်ပါဘူးဟု လိမ်ရမလား..တွေးရင်းနှင့် အဝတ်ဗလာကျင်းဆရာ့ခန္ဓာကိုယ်က အတွေးထဲပေါ်လာပြန်သည်။ သူမက အရှေ့မှ ရန်ရိရှင်း နှင့် မျက်နှာချင်းမဆိုင်ဝင့်တော့၊ သူမ၏ မျက်နှာက ပူလောင်လာပြီး ရှက်ရွံခြင်းကြောင့် ပန်းသွေးနီရောင်ဖြစ်လာခဲ့သည်။
နောက်ဆုံးမှာတော့ သူမက ရုတ်ချင်းပင် မျက်နှာကို လက်နှစ်ဖက်နှင့်အုပ်မိုးကာ သူ့ရှေ့မှ ထွက်ပြေးလေတော့၏။
ရန်ရိရှင်း က သူ့မေးခွန်းကိုပြန်မဖြေပဲ ရုတ်ချင်းထွက်ပြေးသွားသော တပည့်မကြောင့် ကြောင်အ သွားတော့သည်။ သူက သူမနောက်ပြေးလိုက်ရန် စဥ်းစားလိုက်သော်လည်း အဆုံးမှာတော့ မလိုက်ဖြစ်ပဲ ကျန်နေခဲ့သည်။
သူက နံဘေးမှ ကျောက်တုံးပေါ် ထိုင်ချလိုက်ပြီး အဖြစ်အပျက်ကိုပြန်ပြောင်းတွေးမိ၏။ ဒီနေ့ သူ တောဝက်ပေါက်လေးတစ်ကောင် နွံနစ်တာကိုဆယ်ပေးရင်း အဝတ်အစားတွေညစ်ပတ်သွားခဲ်သည်။ သူ့ အစွမ်းနှင့် သန့်ရှင်းလိုက်ရင်ဖြစ်ပေမယ့် ရုတ်တရက်ကြီး ရေကူးချင်စိတ်ဖြစ်ပေါ်ပြီး စမ်းချောင်းအတွင်းစိတ်လွတ်ကိုယ်လွတ် စိမ်နေမိခဲ့သည်။ စည်းချဖို့လည်း မေ့သွားခဲ့ပြီးချိန်မှာတော့ အခုလို တပည့်မနှင့် တိုက်တိုက်ဆိုင်ဆိုင်...
" ဟူး..."
သူက သက်ပြင်းမောတစ်ချက် ချလိုက်ပြီး ဖရိုဖရဲဝတ်ဆင်ထားသည့် အင်္ကျီ ကိုပြန်လည်ကျနအောင် ပြုပြင်လိုက်သည်။ အင်္ကျီဝတ်ရင်းမှပင် တပည့်မက သူ့ဘယ်အခြေအနေထိမြင်သွားမလဲ တွေးပူရင်း တစ်ကိုယ်လုံးလည်း ရှိန်းတိန်းဖိန်းတိန်းတွေဖြစ် ပူလောင်ရှက်ရွံ့လာမိပြန်သည်။ သူက နောက်တစ်ကြိမ် ကျောက်တုံးပေါ်တွင် ထပ် ထိုင်ချလိုက်မိပြီး တပည့်မနှင့် မည်ကဲ့သို့ မျက်နှာချင်းဆိုင်ရမည်နည်းကို တွေးပူနေမိတော့သည်။
ВЫ ЧИТАЕТЕ
ကံကြမ္မာနှင့်ယှဥ်၍
Исторические романыနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...
