စတုထ္ထအကြီးအကဲ နှင့် ရင်ဆိုင်ခြင်း

241 20 1
                                        

ယန်ဇီယွမ် ၏ ပြန်ပြောကြားချက်ကို နားထောင်ပြီးနောက်မှာတော့ ယန်ဖုန်းရွင့် က ချန်ယွင်ထံသို့ အကြည့်ပို့လိုက်သည်။
ချန်ယွင် - စတုထ္ထအကြီးအကဲ ဆိုတာ..လွန်ခဲ့တဲ့ ၁၅ နှစ်က ကောင်းကင်ဓားဂိုဏ်းက ထုတ်ခံလိုက်ရတာပါ..ကျွန်တော်တို့က သူ့ကို မသိမမြင်လိုက်ပေမယ့် သူ့ရဲ့သွေးသားရင်းချာ တူမ ဖြစ်တဲ့ လင်းအာကြောင့် ကျွန်တော်တို့နှစ်ယောက်ကို မတိုက်ခိုက်တာဖြစ်လိမ့်မယ်...

ထိုအချိန် တွင် ဒဏ်ရာအရှိန်ကြောင့် မှိန်းနေခဲ့သော ဟုန်လင်းထံမှ စကားသံထွက်ပေါ်လာခဲ့သည်။

ဟုန်လင်း - ဦးလေးငယ်က အဲ့အချိန်တုန်းက ဖေ့ဖေ့ဆီမှာ အဖမ်းခံခဲ့ရတယ်..ဒီ စိတ်ဝိညာဥ်ထွေပြားရေးအစီအရင်ကို ကျင့်ကြံခဲ့လို့..ဖေဖေက ဂိုဏ်းကထုတ်ခဲ့ပြီး.ဦးလေးငယ်လည်း သတင်းမကြားရအောင် စုံးစုံးမြုတ်နေခဲ့တာ..အဲ့ အချိန်တုန်းက အဲ့အကြောင်းတွေကို အပြင်လူတွေသိပ်မသိခဲ့ဘူး.ဂိုဏ်းရဲ့အဓိကလူတွေပဲ သိခဲ့တာ..

ယန်ဖုန်းရွင့် - အဲ့ဒါဆိုရင် ဒီစုကျိုးမြို့က ပြသနာတွေမှာ မင်းဦးလေးပါဝင်ပတ်သပ်နေတာကို ကြိုသိနေခဲ့တာလား...

ဟုန်လင်း- သေချာမသိခဲ့ပါဘူး..ဒီအတိုင်း သံသယပဲဝင်ခဲ့တာပါ..ပြီးတော့..ဦးလေးငယ်က မိစ္ဆာ လမ်းစဥ်ကိုလိုက်ခဲ့ပေမယ့်.. စုကျိုးမြို့ကိစ္စက ဦးလေးငယ် တစ်ယောက်တည်းအင်အားနဲ့မဖြစ်နိုင်ပါဘူး..ဆရာယန်.. ဒီနှစ်တွေအတွင်းမှာ ဖေဖေက ဦးလေးငယ် အကြောင်းလိုက်စုံစမ်းနေခဲ့တာ..ဒီစုကျိုးမြို့ပြသာနာမှာ သူပါဝင်နိုင်ကြောင်း သံသယရှိနေဆဲမှာပဲ..ဆရာယန်က အခေါ်လွှတ်ခဲ့တာ..ဒီကိစ္စက ဂိုဏ်းရဲ့ဂုဏ်သတင်းနဲ့လဲ ဆိုင်နေတော့ ဖေဖေက ဒီကိစ္စကို တိတ်တဆိတ်ပဲဖြေရှင်းနေချင်တယ်..ဒါကြောင့်..ဆရာယန်..စိတ်မရှိပါနဲ့.. ကျွန်မတို့အတူတူပူးပေါင်းပြီး ဒီကိစ္စကို ဖြေရှင်းကြမယ်..ပြီးတော့ ဖေဖေနဲ့ ကျွန်မတို့ကို ငဲ့ညှာသောအားဖြင့် ဒီကိစ္စကို အကျယ်အကျယ်မလုပ်ကြရအောင်..

ယန်ဇီယွမ် - မင်းတို့က ဒီကိစ္စကို တိုးတိုးတိတ်တိတ် ဖြေရှင်းချင်နေသေးတယ်ပေါ့..လူတွေဘယ်လောက်တောင် သေကုန်ကြလဲ မင်းမမြင်ဘူးလား..ပြီးတော့ ငါ့ညီမလည်း..

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now