ညအမှောင်ယံက စုကျိုးမြို့ တစ်မြို့လုံးကိုလွှမ်းချုံထားလျက်ရှိသည်။ မြို့၏အဓိက လမ်းမကြီးမှလွဲ၍ ကျန်နေရာများတွင်တော့ တိတ်ဆိတ်ငြိမ်သက်လျက် မီးအလင်းရောင်များက ဟိုတစ်ကွက် ဒီတစ်ကွက်...
ယန်ဖုန်းရွင့် က မြို့၏အရှေ့ဘက်ကို တာဝန်ယူလိုက်ကာ မြို့အရှေ့ဘက်ရှိ မြင့်မားသောအဆောက်အဥိီးတစ်ခုကို လိုက်ရှာလိုက်သည်။ ဒီလိုမျိုး လူပျောက်ရှာတဲ့အချိန်တွေဆို အမြင့်ကနေ ရှာတာက ပိုထိရောက်တယ်မလား...သူက မြို့အရှေ့ဘက်ရှိ ၃ ထပ်စားသောက်ဆိုင်ခေါင်မိုးပေါ်သို့ ညင်သာစွာခုန်တက်လိုက်သည်။ သူ့ပုံစံက ခန့်ညားလွန်းပြီး မလင်းမထင်းလရောင်ကြောင့် ကောင်းကင်ဘုံမှသက်ဆင်းလာသည့် နတ်သားတစ်ပါးကဲ့သို့ပင်။ ယန်ဖုန်းရွင့် က အခုချိန်မှာ နတ်အမြူတေ ကိုကောင်းစွာတည်ဆောက်ထားပြီဖြစ်ပြီး သူ့ရဲ့ ကျင့်ကြံဆင့်မှာ အကောင်းဆုံး ၁၀ ယောက်ထဲတွင်ပါဝင်နေပေသည်။ သူက လက်ရှိအချိန်မှာ ကောင်းကင်ဓားဂိုဏ်းချုပ် ဟုန်ရွီ လောက်အဆင့်မမြင့်သော်လည်း ထိတ်တန်းအဆင့်ကျင့်ကြံသူစာရင်းထဲတွင်တော့ပါနေပြီဖြစ်သည်။
သူက တစ်မြို့လုံးကို ကောင်းစွာမြင်ရသည့် ထိုအဆောက်အဦးခေါင်မိုးပေါ်တွင် တရားထိုင်သည့်ကိုယ်ဟန်အနေအထားပြုလုပ်လိုက်ပြီး သူ့၏ နတ်အမြူတေအဆင့် အရှိန်အဝါကို ထုတ်လွှင်လိုက်ရင်း သူ့တပည့်မကို ခြေရာခံလေသည်။
Notes. လက်ရှိအချိန်မှာ ချန်ယွင် က နတ်အမြူတေ အခြေတည်ဒုတိယအဆင့်ပါ.ကျန်းစီကျူး ကျိုးထုံ နဲ့ ဟုန်လင်းက နတ်အမြူတေ အခြေတည် ပထမအဆင့်မှာပါ..ယန်မောင်နှမကတော့ ရိုးရိုးအခြေတည်အဆင့်ကိုသာအောင်မြင်ထားပြီး နတ်အမြူတေအဆင့်ကို စကျင့်ကြံနေတုန်းပါ..
ကျင့်ကြံဆင့်တွေက.
ခန္ဓာကိုယ် ပြုပြင်တည်ဆောက်ခြင်း
ချီစွမ်းအင် စုဆောင်းခြင်း
ချီစွမ်းအင် သိုလှောင်ခြင်း
ချီစွမ်းအင် အခြေတည်ခြင်း
ဝိညဥ်အမြူတေ တည်ဆောက်ခြင်းမှာ ( ၁ ၂ ၃) ဆင့်ရှိပြီး နောက်မှာတော့
နတ်အမြူတေ တည်ဆောက်ခြင်း ၃ ဆင့်ရှိပါတယ်.
နတ်အမြူတေ ကိုကောင်းစွာတည်ဆောက်ပြီးရင်တော့ နတ်ဝိညဥ် အဆင့် ၃ ဆင့်ကို ဖြတ်ကျော်ရပြ်ိး အောင်မြင်ရင် ကောင်းကင်ဘုံကိုတက်လှမ်းခွင့် ရရှိမှာဖြစ်ပါတယ်.
ကောင်းကင်ဓားဂိုဏ်းချုပ် တောက်ဓမ္မဂိုဏ်းချုပ်နှင့် လက်ထောက်ဂိုဏ်းချုပ် တိမ်လွှာဂိုဏ်းချုပ် တို့က နတ်ဝိညဥ်အဆင့် ကိုရောက်ရှိနေကြပြီဖြစ်ပြီး အသက်ကိုပါ ဆွဲဆန့်နိုင်နေကြပြီဖြစ်သည်. ဇာတ်ကောင်တွေရဲ့ ဇာတ်လမ်းတစ်ချို့ကြောင့် သူတို့ရဲ့ အဆင့်ကိုတော့ သေချာစွာပြောခွင့်မရှိပါ 😁
![](https://img.wattpad.com/cover/208506452-288-k665559.jpg)
BINABASA MO ANG
ကံကြမ္မာနှင့်ယှဥ်၍
Historical Fictionနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...