သူမအတွက် အခက်ခဲဆုံးအလုပ်က ဆူညံခြင်းမပြုရပင်ဖြစ်သည်။ သူမက အမြဲတစေငြိမ်နေတက်သူမဟုတ်သည့်အပြင် စကားလည်းပေါက်ပေါက်ဖောက်နေတက်သောကြောင့်ဖြစ်သည်။
ရန်ရိရှင်း က သောက်လက်စရေနွေးပန်းကန်လုံးကို စားပွဲပေါ်ချလိုက်ရင်း သူ့စကားကို ဆက်၏။
" မင်းရဲ့ လက်ရှိချီစွမ်းအင် အဆင့်တွေအားလုံးကို ဖျက်သိမ်းပြစ်ရမယ်..မင်းအခုချိန်ထိ သင်ကြားလာခဲ့တဲ့ ချီလေကျင့်နည်းတွေအားလုံးကို မေ့ထားပြီး ငါရဲ့ နည်းလမ်းအသစ်နဲ့ပြန်လေ့ကျင့်ရမယ်"
"ဟုတ်ကဲ့ ဆရာ"
သူမက တိတ်ဆိတ်စွာနာခံနေပြီး သူမ၏ဆရာဖြစ်သူကို ဖြေကြားလိုက်သည်။ ရန်ရိရှင်းက ထိုင်ခုံမှ ထရပ်လိုက်ပြီးနောက် သူမရှေ့သို့လျှောက်လာသည်။ သူက သူမ၏ ဦးခေါင်းကို ဆုပ်ကိုင်လိုက်သည်။
" နည်းနည်းနာလိမ့်မယ်..သည်းခံ"
သူ၏ စကားသံနောက်မှာတော့ ကျန်းစီကျူး၏ ဦးခေါင်းထဲသို့ပြင်းထန်လှသော အင်အားစုတစ်ရပ်က စီးဝင်လာသည်။ ထိုအင်အားစုက အေးစက်ပြီး သူမ၏ ဦးခေါင်းမှတဆင့် ခန္ဓာကိုယ် တစ်ခုလုံးကိုဖြန့်ကျက်စီးဝင်သွားသည်။ သူမ၏ ခန္ဓာကိုယ်က အေးစက်မှုကို စတင်ခံစားလာရပြီးနောက် သူမ၏ ချီစွမ်းအင်များက အစုအဖွဲ့အသေးလေးတွေအဖြစ် အေးခဲလာသည်။ ထိုအေးခဲနေသောချီစွမ်းအင်အစုအဖွဲ့လေးများသည် အအေးဓာတ်ပိုမိုများပြားလာပြီးနောက် စတင်ပေါက်ကွဲထွက်ကုန်၏။
သူမက မတ်တပ်ရပ်အနေအထားနှင့် ဆရာဖြစ်သူ၏ ချုပ်ထိန်းမှုအောက်တွင်ရှိသော်လည်း ခန္ဓာကိုယ်တစ်ခုလုံးက ယိမ်းယိုင်ကာ တုန်ရီလာတော့၏။ ခန္ဓာကိုယ်အတွင်းသွေးကြောများတွင် ပြင်းထန်သောအအေးဒဏ်ကို ခံစားနေရပြီး ထိုအအေးဒဏ်ကြောင့် ပေါက်ကွဲထွက်လာသည့် ချီစွမ်းအင်အစုများက ရာပေါင်းများစွာသော အပ်များဖြင့် နေရာအနှံထိုးစိုက်ခံရသလို စူးအောင့်ခြင်းဒဏ်ကိုပါ သည်းခံနေရသည်။ သူမက ခံစားရခက်သောဝေဒနာကို ကြိတ်မှိတ်သည်းခံရင်း ခန္ဓာကိုယ် တစ်ခုလုံးချွေးများ ရွှဲဆိုလာတော့သည်။
အအေးလှိုင်းက ခန္ဓာကိုယ် နေရာလပ်မကျံ စီးဆင်းသွားပြီးနောက် သူမ၏တစ်ကိုယ်လုံးကို အအေးဓာတ်ကလွှမ်းခြုံထားသည်။ သူမက ဝင်ရိုးစွန်းဒေသမှာ နွေရာသီဝတ်စုံနှင့်နေနေရသကဲ့သို့ ရိုးတွင်းခြင်ဆီအထိအေးသော အအေးဒဏ်ကြောင့် ချမ်းပြီးတုန်ယင်လာသည်မှာ မတ်မတ်မရပ်နိုင်တော့သည်အထိဖြစ်လာသည်။ စိတ်ထဲမှာတော့ ဆရာဖြစ်သူကိုညအပြစ်တင်ရင်း မြန်မြန်ပြီးပါစေဟုသာ ဆုတောင်းနိုင်တော့သည်။
ရန်ရိရှင်းက သူ၏ စွမ်းအင်တချို့သုံးပြီး ကျန်းစီကျူး ခန္ဓာကိုယ်ရှိ ချီစွမ်းအင်များကို ဖျတ်ဆီးနေရင်းမှာပင် ထိုကလေးမဆီမှ နာကျင်မှုကြောင့်ညည်းညူသံတစ်ချို့ထွက်ပေါ်လာသည်။ အံကိုတင်းတင်းကျိတ်ရင်း ခပ်တိုးတိုးညည်းညူသံကြောင့် သူ့မျက်နှာမှာပြုံယောင်သန်းသွားသည်။
လူအများစုက သူတို့ကိုယ်ထဲမှ ချီစွမ်းအင်တွေဖျတ်သိမ်းခံရလျှင် ရရှိသောနာကျင်မှုက သာမာန်နှင့်မတူပေ။ ယောကျာ်းရင့်မာတွေပင် နာကျဥ်မှုကြောင့် အသံထွက်အော်မိကြ၏။ ဤ ၁၂ နှစ်သာသာ ကလေးမက အံကိုတင်းတင်းကျိတ်၍ ခပ်တိုးတိုးသာညည်းညူနေသောကြောင့် သူ အံ့သြရသည်။ ကလေးမ၏ သတ္တိ နှင့် ခေါင်းမာမှုက အံ့မခန်းဟုသာ သတ်မှတ်နိုင်တော့သည်။
ရန်ရိရှင်း က ကျန်းစီကျူး ခန္ဓာကိုယ် အတွင်းရှိ ချီစွမ်းအင်များနှင့် လေ့ကျင့်မှုအဆင့်များကို ဖျတ်သိမ်းလိုက်ပြီးနောက် သူ၏ လက်ကို ရုပ်လိုက်စည်နှင့် သူမက မေ့လဲသွားတော့၏။ ကလေးမကို ပွေ့ထူလိုက်ရင်း နာကျင်မှုပျောက်ကင်းစေသည့် ဆေးတစ်လုံးနှင့် အားပြန်ပြည့်စေသည့် ဆေးတစ်လုံးတိုက်အပြီး သူမကို အနားယူအိပ်စက်စေလိုက်၏။
YOU ARE READING
ကံကြမ္မာနှင့်ယှဥ်၍
Historical Fictionနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...
